ညဘက်ရောက်ရင် ဘာကြောင့် ချောင်းပိုဆိုးတာလဲ။

blank

စာချစ်သူတို့ရေ…

တဟွတ်ဟွတ်နဲ့ ဆိုးနေတဲ့ချောင်းကို ညအိပ်တဲ့အခါ တစ်နေရာရာသွားထားလို့ရရင် ကောင်း မှာပဲလို့ စဉ်းစားကြည့်ဖူးလား။ တစ်ခါတလေများဆို ညဥ့်နက်လေ ချောင်းဆိုးလေလို့ ဆိုရလောက် အောင်ဆိုးနေလို့ ကိုယ်တိုင်လည်း အိပ်ရေးပျက်၊ ကိုယ့်မိသားစုလည်း ကိုယ့်ကြောင့် အိပ်ရေးပျက်မှာ အားနာရနဲ့ ကြုံဖူးကြမှာပါ။

တကယ်တော့ ညဘက်ရောက်မှ ချောင်းပိုဆိုးရတာဟာ လူက လဲလျောင်းအိပ်စက်လိုက်တဲ့ အခါ ချွဲသလိပ်တွေက အလိုအလျောက် အိုင်ထွန်းသွားတာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ ခေါင်း အုံးကို ခပ်မြင့်မြင့်အုံးပြီး အိပ်မယ်ဆိုရင်တော့ ချွဲသလိပ်တွေက လည်ချောင်းအနောက်ဘက်မှာတင် စုနေပြီး ချောင်းဆိုးသက်သာစေနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အခန်းထဲမှာ ရှိနေတဲ့ခြောက်သွေ့တဲ့လေက ယားယံနေပြီးသား နှာ ခေါင်းနဲ့ လည်ချောင်းကို ပိုဆိုးလာစေတာကြောင့်ဖြစ်ပါတယ်။ စိုထိုင်းမှုထိန်းစက်ကို အခန်းထဲထားရင် အသက်ရှူရလွယ်ပြီး ချောင်းဆိုးသက်သာစေပေမဲ့ ရေရှည်အသုံးပြုရင်တော့ ကျန်းမာရေးကို ထိခိုက် နိုင်ကြောင်း  ပညာရှင်တွေက သတိပေးထားပါတယ်။

ချောင်းဆိုးခြင်းဟာ ခံစားရခက်ပေမဲ့ တကယ်တော့ သင့်ကို နေပြန်ကောင်းလာအောင် ကူညီ ပေးတဲ့အရာဖြစ်ပါတယ်။ ချောင်းဆိုးလိုက်ခြင်းဖြင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းသန့်စင်သွား သလို ချွဲတွေကို ဖျက်စီးပစ်တာကြောင့် နေပြန်ကောင်းလာစေပါတယ်။ ညဘက်ချောင်းပိုဆိုးတာ သက် သာချင်ရင်တော့…

၁။ မအိပ်ခင်မှာ အသီးဖျော်ရည်များများသောက်ပါ။ အရည်တွေက လည်ချောင်းတလျှောက်က ချွဲတွေ ကို ပါးလွှာသွားစေပြီး သက်သက်သာသာနဲ့ ချောင်းဆိုးစေမှာပါ။

၂။ အိပ်ရာဝင်ခါနီးရင် ချောင်းဆိုးပျောက်ဆေးသောက်အိပ်ပါ။

ချောင်းအဆက်မပြတ်ဆိုးနေတာ ၇ ရက်ကနေ ၁ဝ ရက်ကျော်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြ သသင့်ပါတယ်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကမ္ဘာကျော် ချောင်းဆိုးပျောက်ဆေး WOODS’ တို့ မှ ပူးပေါင်းတင်ဆက်ထားပါတယ်။