စာချစ်သူတို့ရေ…
ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ ဖျားနာနေတာကို မြင်ချင်တဲ့သူတော့ မရှိပါဘူး။ ဒါကြောင့် ဖြစ်ပွားမှုနှုန်းမြင့်မားလှတဲ့ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခြင်းကနေ ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့နည်းလမ်းလေးတွေကို ကိုယ်တိုင်အတွက်ကော သူများကိုမျှဝေပေးဖို့အတွက်ပါ သိထားသင့်ပါတယ်။
အဓိကအားဖြင့် ချောင်းဆိုးရင်း၊ ဒါမှမဟုတ် နှာချေရင်း တုပ်ကွေးဗိုင်းရပ်စ်အမှုန်အမွှားတွေ လွှင့်ပျံရာက ကူးစက်တာပါ။ ဖျားနာနေသူတစ်ယောက်ဆီက လွင့် ထွက်လာတဲ့ အစက်အမှုန်အမွှားငယ်လေးတွေဟာ လေ ကို ဖြတ်သန်းပြီး အနီးအပါးကသူတွေရဲ့နှာခေါင်းတွေ ပါးစပ်တွေထဲကို ရောက်ရှိသွားပါတယ်။
ပိုးမွှားတွေဟာ စာရေးစားပွဲလို မျက်နှာပြင်တွေပေါ်မှာ ရှိနေတဲ့ ချွဲစက်လေးတွေကို လက်နဲ့ ထိတွေ့မိရာ ကနေ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကတစ်ဆင့်လည်း ဝင်ရောက်လာနိုင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်တွေဟာ ကော်ဖီစားပွဲ၊ တံခါးလက်ကိုင်နဲ့ စာရေးစားပွဲလို မျက်နှာပြင်တွေမှာ ၂ နာရီ၊ ဒါမှမဟုတ် ၂ နာရီထက်ပိုကြာတဲ့ အ ထိ အသက်ရှင်နေနိုင်ပါတယ်။
ဒါကြောင့် တုပ်ကွေးမဖြစ်ပွားအောင် ကာကွယ်ဖို့ဆိုရင်…
၁။ နှာစေး၊ ချောင်းဆိုးနေသူနဲ့ ဝေးဝေးနေပါ။
၂။ ဖျားနေရင် အိမ်မှာပဲနေပါ။
၃။ နှာစေး၊ ချောင်းဆိုးနေတဲ့အခါ လက်ကိုင်ပဝါနဲ့ဖုံးအုပ်ထားပါ။
၎။ လက်ကို မကြာခဏဆေးပါ။
ဖျားနာလာရင်လည်း အချိန်မဆွဲဘဲ ဆေးသောက်တာ၊ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာမျိုးတွေ ပြုလုပ် ပေးသင့်ပါတယ်။
စာချစ်သူများကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေ ရရှိစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ အ အေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ ကိုက်ခဲမှုဝေဒနာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ Fluza တို့မှ ပူးပေါင်း တင်ဆက်ထားပါတယ်။