အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ရဲ့ အလှအပ

blank

ကျွန်တော်မိန်းမ အရင်ကလို မလှတော့တာကို အိမ်ထောင်သက် တစ်နှစ်ကျော်ကျော်မှာကတည်းက စပြီး သတိထားမိခဲ့တယ်။ သူမရဲ့ ကိုယ်သင်းနံ့တွေဟာ အပျိုဘဝတုန်းကလို မသင်းတော့ဘူး။ သူမရဲ့ ဆံသားလေးတွေဟာ ဟိုတုန်းကလို မပျော့ပြောင်းတော့ဘူး။ သူမရဲ့ မျက်ကွင်းတွေညို၊ အသားတွေက အရင်ကလို မစိုတော့ဘူး။ လူတစ်ယောက်တည်းဖြစ်ပါလျက် သူမရဲ့ စကားတွေဟာ အရင်ကလို တီတီတာတာလည်း မဟုတ်တော့တာ ကျွန်တော့်အတွက် သိပ်ကိုစိတ်ညစ်ဖို့ကောင်းလာတယ်ဗျာ။

ဒီလိုနဲ့ ကျွန်တော် နယ်ကို (၃) လလောက် ခရီးထွက်ဖို့ဖြစ်လာတယ်ဗျာ။ ကျွန်တော်ခရီးထွက်ရတော့မယ်ဆိုတော့ အမှန်အတိုင်းပြောရရင် နည်းနည်းပျော်သွားတယ်။ ကျွန်တော်က အလှမက်တော့ အလှတွေလျော့လာတဲ့ ဇနီးနားကနေ ခဏထွက်ခွာလာရတော့ ပေါ့ပါးသွားမိတာပေါ့။ နယ်မှာရှိနေတဲ့ (၃) လဆိုတာ ကျွန်တော့်အတွက် စိတ်ပေါ့ပါးသလားမမေးနဲ့။ အလုပ်ကစီစဉ်ပေးတဲ့ ဟိုတယ်မှာဇိမ်နဲ့နေရတဲ့အပြင် ဗျစ်တောက်ဗျစ်တောက်လုပ်မယ့် မိန်းမမရှိဘူးဆိုတော့ တစ်ခန်းတည်းနေတဲ့ သူငယ်ချင်းတွေနဲ့ လူပျိုလုပ်နေတော့တာပေါ့။ ဒီလိုနဲ့ (၃) လဆိုတဲ့ အချိန်ကကုန်သွားပြီး ကျွန်တော်အိမ်ကို ပြန်လာတော့တာပေါ့။

ကျွန်တော့်အိမ်ပြန်ရောက်လာတဲ့အခါမှာ ကျွန်တော့်အိမ်ရှေ့က ဒန်းမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တယ်။ အိမ်မှာ ဧည့်သည်များရောက်နေတယ်ထင်နေတာ ။ လက်စသတ်တော့ ကျွန်တော့်မိန်းမဖြစ်နေတယ်ဗျ။ ကျွန်တော် (၃) လလောက်ခရီးထွက်သွားလိုက်တာ သူမဟာအသွေးအမွေးတစ်မျိုးနဲ့ လှနေတာကိုးဗျ။ ကျွန်တော်က ဖြစ်ကြောင်းကုန်စင်ကို မေးတော့။

မောင်ကလည်း မောင်မရှိတော့ အစောကြီးထပြီး ထမင်းချက်စရာမလိုဘူးလေ။ ညနေရုံးက ပြန်လာရင်လည်း အေးဆေးနားရုံပဲ။ အိမ်အလုပ်တွေလည်း အများကြီးလုပ်စရာမလိုတော့ အေးအေးဆေးဆေးနားနားနေတော့ မျက်နှာကလည်းကြည်လာတာပေါ့ မောင်ရဲ့။ စနေ-တနင်္ဂနွေ အားရက်တွေမှာ မောင့်အဝတ်တွေလျှော်စရာမရှိတော့ ပျင်းပျင်းရှိတာနဲ့ အိမ်ထောင်မကျခင်က သွားနေကျ ဆံပင်ညှပ်ဆိုင်မှာ ပေါင်းတင်တယ်လေ။ အစ်မကမေးနေသေးတယ်။ ညည်းအိမ်ထောင်ကျပြီးမှ ပျောက်ချက်သားကောင်းနေတယ်တဲ့။

ကျွန်တော်လေ သူ့ရဲ့ စကားတွေကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ်ကို အပြစ်တင်မိသွားတယ်ဗျာ။ တကယ်တော့ သူမအလှလျော့သွားခဲ့တာဟာ ကျွန်တော့်အိမ်ဂေဟာကို အလှတွေဆင်နေခဲ့ရလို့ဆိုတာကိုတော့ ကျွန်တော်တွေးပေးဖို့ မေ့နေခဲ့တယ်။ သူမအလှလျော့လာတယ်ဆိုတာ သတိထားမိပေမယ့် ဘာကြောင့်လဲဆိုတာကို ကျွန်တော်မသုံးသပ်ခဲ့မိဘူး။ သူမရဲ့ဗျစ်တောက်ဗျစ်တောက်တွေကို နားမထောင်ချင်လို့ လမ်းထိပ်က လက်ဖက်ရည်ထိုင်မှာထိုင်နေခဲ့တယ်။ သူမကတော့ တစ်ယောက်တည်းစိတ်တွေဖိစီးနေခဲ့တယ်လေ။

အဲ့ဒီနေရာမှာပဲ ကျွန်တော်တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်တော့်မိန်းမရဲ့ အလှအပတွေ မလျော့အောင် စိတ်ချမ်းသာအောင် ကျွန်တော်ဂရုစိုက်ပေးမယ်လို့။ မိဘအိမ်မှာ မင်းသမီးလေးတစ်ပါးလိုနေခဲ့တဲ့ သူမကို ဘုရင်မတစ်ယောက်လို ထားပြီး အမြဲပျော်အောင်ထားမယ်လို့။ သူမရဲ့ စိတ်ပိုင်းရုပ်ပိုင်းလှပကျန်းမာဖို့ ကျွန်တော်ဂရုစိုက်တော့မယ်လို့။

ကိုယ့်အတွေးနဲ့ကိုယ်ငိုင်နေတဲ့ ကျွန်တော့်ကိုသူမက “ မောင်ကိုပြောဖို့ တစ်ခုကျန်သေးတယ်။ မောင်သွားပြီး ရက်ပိုင်းပဲရှိသေးတယ်။ သဲသူငယ်ချင်းတစ်ယောက်က သဲမျက်ကွင်းတွေညိုလာတာ၊ အသားအရေတွေမွဲခြောက်လာတာ၊ ဆံပင်တွေ ကျိုးကြေလာတာတွေကို သတိထားမိပြီး Nature Vit_E တစ်နေ့တစ်လုံးသောက်ဖို့ပြောတယ်မောင်ရယ်။ သဲဖြစ်နေတဲ့ ပြဿနာတွေဟာ Vitamin E လျော့နည်းနေလို့ဖြစ်နေတာလို့ သူကပြောတယ်။

Vitamin E ဟာ အသားအရေ ပြဿနာတွေဖြစ်တဲ့ အရေးအကြောင်းတွေ၊ အမည်းစက်တွေ၊ တင်းတိပ်၊ မှဲ့ခြောက်၊ အသားအရေ ခြောက်သွေ့ခြင်းနဲ့ အရေပြားဆဲလ်ပျက်စီးမှုတွေကင်းဝေးစေပြီး ကျန်းမာလှပစေပါတာကြောင့် Vitamin E ဟာအမျိုးသမီးတွေရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပေါ့။ အဲ့ဒီနေ့ကစပြီး Nature Vit_E တစ်နေ့တစ်လုံးသောက်လာလိုက်တာ ခုချိန်ထိဆိုပါတော့”

သူမရဲ့ စကားတွေကို နားထောင်အပြီး ကျွန်တော်နားလည်လိုက်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ အလှအပဆိုတာ ကျွန်တော်တို့ ယောက်ျားတွေက ဂရုစိုက်ပေးဖို့နဲ့ Nature Vit-E ရှိနေဖို့ပဲ လိုတာပါလို့။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Nature Vit_E တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။