ချစ်သူကောင်မလေးအတွက် စစ်မှန်တဲ့ Iron Man လို ချစ်သူဆိုတာ….

blank

စာချစ်သူတို့ရေ….။

သံဓာတ်ဆိုတာက သွေးနီဥတွေကို ခန္ဓာကိုယ်တစ်ကိုယ်လုံးဆီကို သွေးတွေကောင်းစွာသယ်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆဲလ်အသစ်ဖြစ်ဖို့ ကူညီပေးနိုင်ပြီး စွမ်းအင်တွေကို ဖြစ်ပေါ်စေတယ်။ အမျိုးသမီးတွေဟာ ရာသီသွေးကြောင့် ကုန်ဆုံးသွားတဲ့ သွေးတွေကို ပြန်လည်ဖြည့်တင်းဖို့၊ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကို ကြီးထွားဖွံ့ဖြိုးဖို့အတွက် အမျိုးသားတွေထက် သံဓာတ်တွေပိုလိုအပ်ပါတယ်။

သံဓာတ်ဟာ အမျိုးသမီးတွေကို ကျန်းမာသန်စွမ်းဖို့၊ သွက်လက်ပေါ့ပါးစွာ သွားလာလှုပ်ရှားနိုင်ဖို့ ရောဂါအပေါင်းကနေ ကာကွယ်နိုင်ဖို့ သံဓာတ်ဆိုတာ မဖြစ်မဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပါပဲ။ အဲ့ဒီလိုပါပဲ ချစ်သူကောင်မလေးကို ရန်စွယ်အပေါင်းကနေ ကာကွယ်ပေး နိုင်တဲ့ ချစ်သူကောင်းတစ်ယောက်ဟာ Iron ဓာတ်လိုပဲ ချစ်သူကို ကာကွယ်စောင့်ရှောက်နိုင်ကြတယ်။

Iron man လို့ခေါ်ထိုက်တဲ့ ချစ်သူကောင်းတစ်ယောက်ဟာ…

  • ခန္ဓာကိုယ်သန်စွမ်းကျန်းမာကြတယ်။
  • အမျှော်အမြင်ကြီးကြတယ်။
  • ချစ်သူကို ကာကွယ်စောင့်ရှောက်တတ်ကြတယ်။
  • ချစ်သူရဲ့ ခံစားချက်တွေကို အလေးထားကြတယ်။
  • ရိုးသားပွင့်လင်းကြတယ်။
  • ချစ်သူအပေါ် သစ္စာထားကြတယ်။
  • ချစ်သူကို အပြည့်အဝနားလည်ကြတယ်။
  • ချစ်သူနဲ့လျှောက်လှမ်းမယ့် အနာဂတ်အရေးကို ကြိုတင်ရည်မှန်းထားကြတယ်။
  • ချစ်သူဖက်က ခြွင်းချက်မရှိရပ်တည်ပေးတတ်ကြတယ်။

ပျိုမေတို့ရေ….။

သင့်ချစ်သူဟာ သင့်ကိုအမြဲပျော်ရွှင်စိတ်ချမ်းသာစေတယ်၊ သင့်ရှေ့ကနေ အမြဲတမ်းမားမားမတ်မတ်ရပ်တည်ပေးတတ်တယ်ဆိုရင် သင့်အတွက်သူဟာ Iron man လို့ ခေါ်တွင်ထိုက်တဲ့ သူတစ်ယောက်ပေါ့။ သူ့ကို mention ခေါ်ပြီး သိပ်ချစ်ကြောင်း ပြောဖို့ မမေ့ပါနဲနော်။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ သံဓာတ်အားဖြည့်ဆေး ferropac တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။