ကျန်းမာရေး အတွက် အရေးကြီးတဲ့ ဓာတ်စာ (သို့မဟုတ်) ဗီတာမင် အီး

blank

ဗီတာမင်အီးဟာ လူ့ကျန်းမာရေးအတွက် အရေးပါတဲ့ အင်တီအောက်ဆီးဒင့် ဓာတ်တစ်မျိုးဆိုတာကို ကျွန်မတို့အားလုံးသိကြပါတယ်။ ဗီတာမင်အီးဟာ ဆဲလ်တွေကို ကျန်းမာစေခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေခြင်း၊ အဆစ်အမြစ်နာကျင် ယောင်ယမ်းမှုကို သက်သာစေခြင်းစတဲ့ ကျန်းမာရေးကောင်းကျိုးတွေအပြင် အောက်ပါကောင်းကျိုးပေါင်းများစွာရှိနေပါတယ်။

၁။ ဗီတာမင်အီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်တွေဟာ ဆဲလ်ပျက်စီးမှုတွေကို ကာကွယ်ပေးတဲ့အပြင်  စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်။

၂။ ဆဲလ်အသစ်ဖြစ်တည်မှုကို အားပေးပြီး ယောင်ယမ်းမှုတွေကို ကာကွယ်ပေးတဲ့အတွက် ဗီတာမင်-အီး ပြည့်ဝခြင်းအားဖြင့် နှလုံးရောဂါ၊ လေးဖက်နာနဲ့ ဂေါက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။

၃။ အရေးပြားတစ်ရှူးတွေကို ကောင်းစွာကျုံ့နိုင်ဆန့်နိုင်စေပြီး အရေပြား၊မျက်လုံး၊ အသည်း၊ ရင်သားနဲ့ အဖိုမျိုးပွားအင်္ဂါက ဆဲလ်အမြှေးပါးတွေပျက်ဆီးခြင်းကနေ ကာကွယ်ပေးပါတယ်။

၎။ အမျိုးသမီးတွေ ရာသီစက်ဝန်းကာလမှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေနဲ့ ခေါင်းကိုက်ခြင်း၊ အသားအရေစပ်ဖျင်းဖျင်းဖြစ်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ယားယံခြင်းတွေကို သက်သောစေတယ်။

၅။ ဆီးချို၊ အသည်းရောဂါနဲ့ အဝလွန်ရောဂါတွေ မဖြစ်အောင် ကာကွယ်တားဆီးပေးတယ်။

ကျန်းမာရေးအတွက် အရေးပါလှတဲ့ ဗီတာမင်အီးကို ဖြည့်တင်းဖို့အတွက် ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ပေးရမယ့်အပြင် ဗီတာမင်အီး ဖြည့်စွက်အားဆေးတွေကို သောက်သုံးဖို့လည်း လိုပါတယ်။ FDA အသိအမှတ်ပြုလက်မှတ်ရထားတဲ့ Nature Vit E  ဟာ အထက်ပါကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေတဲ့အပြင် အရေပြားပေါ်ဖြစ်တတ်တဲ့ အရေးအကြောင်းများ၊ အမည်းစက်များ၊ တင်းတိပ်၊ မှဲ့ခြောက်များ၊ အသားအရေခြောက်သွေ့ခြင်းနဲ့ အရေပြားဆဲလ်ပျက်စီးမှုတွေကို ကာကွယ်ပေးပြီး အသားအရေကို စိုပြေလှပနုပျိုစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ အမြင်အာရုံကိုလည်းကောင်းမွန်စေတဲ့အတွက် ကျန်းမာရေးကိုလည်း ကာကွယ်စောင့်ရှောက် ပြီးသားဖြစ်စေပါတယ်။ ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့အတွက် ယုံကြည်စွာသောက်သုံးနိုင်ပါတယ်နော်။

စာချစ်သူများအလှအပနဲ့ကျန်းမာရေးအတွက် ယခုဆောင်းပါးလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Nature Vit E တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။