ရုံးသမားများ မဖြစ်မနေဖတ်ဖို့

blank

စာချစ်သူတို့ရေ… ။

တစ်နေကုန်ထိုင်ပြီး တကုပ်ကုပ်အလုပ်လုပ်ရတဲ့ ရုံးသမားတွေကို မပင်မပန်းနဲ့ ဝင်ငွေရသူအဖြစ် အများက သတ်မှတ်ထားတတ်ကြတယ်။ တကယ်တော့ အထိုင်များတဲ့ ရုံးသမားတွေဟာ အကြီးစားကျန်းမာရေးပြဿနာတွေ မကြုံရရင်တောင် အညောင်းမိတာ၊ အဝလွန်တာ၊ ဇက်ကြောတက်တာနဲ့ အာရုံကြောပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် မိမိရဲ့ အလုပ်ကို တက်တက်ကြွကြွနဲ့ ကျန်းကျန်းမာမာ လုပ်ကိုင်နိုင်ဖို့အတွက် ရုံးသမားတွေဖတ်ဖို့ အကြံပြုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ အာဟာရပြည့်ဝတဲ့ အစားအစားတွေ စားသောက်ပါ။

၂။ မိမိရဲ့ အလုပ်စားပွဲကို သပ်ရပ်သန့်ရှင်းစွာ ထားပါ။

၃။ မကြာမကြာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။

၎။ ကွန်ပျူတာ၊ လက်တော့ပ်တွေ မနားမနေကြည့်ခြင်းကို ရှောင်ပါ။ အဝေးကအရာဝတ္ထုတွေကို မကြာမကြာ ကြည့်ပေးပါ။

၅။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် နေပါ။

၆။ တစ်နေ့တာရဲ့ အစမှာ ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေပြုလုပ်ပါ။

၇။ အလုပ်တစ်ခုပြီးမြောက်တိုင်း ခဏတာအနားယူမှုနဲ့ ကိုယ့်ကိုယ်ကို ဆုချပါ။

၈။ နေ့လည်ခင်းမှာ တရေးအိပ်ပါ။

၉။ အလုပ်များများပြီးဖို့ထက်၊ အောင်အောင်မြင်မြင် ပြီးမြောက်ဖို့ အသားပေးပါ။

၁ဝ။ အိမ်ရောက်တာနဲ့ အားရပါးရနားပစ်ပါ။

စာချစ်သူတို့ရေ ….။

လုပ်ငန်းခွင်အတွင်းမှာ ပျော်ရွှင်ကျန်းမာစွာ အလုပ်လုပ်နိုင်ဖို့အတွက် အထက်ပါအချက်လေးတွေကို လိုက်နာဖို့လိုသလို ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး ဖျတ်လတ်တက်ကြွစေဖို့အတွက်နဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာမှုကင်းဝေးစေတဲ့ ဗီတာမင်-စီကိုလည်း ဖြည့်တင်ပေးပါနော်။

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတအတွက် Vicee နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ် တင်ဆက်ပေးလိုက်ပါတယ်ရှင်။