စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာပျော်ရွှင်စေဖို့ သက်လုံကောင်းအောင် နေထိုင်စို့။

သက်လုံဆိုတာက လူတစ်ယောက်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ရည်မှန်းချက်ပန်းတိုင်ကို အရှိန်ပြင်းပြင်းနဲ့ လျှောက်လှမ်းနေတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွနေရုံနဲ့ မလုံလောက်သေးပါဘူး။ ခန္ဓာကိုယ်သန်စွမ်းကျန်းမာနေဖို့လည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့အတွက် သက်လုံကောင်းစေမယ့် နည်းလမ်းလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

  • သန့်ရှင်းလတ်ဆတ်ပြီး ညီညွှတ်မျှတတဲ့ အစားအစာတွေကို စားသောက်ပါ။ အစားစားတဲ့အခါ နည်းနည်းနဲ့ မကြာမကြာစားပေးပါ။
  • ရေများများသောက်ပါ။
  • အရည်ရွှမ်းတဲ့အသီးတွေ၊ အိုမီဂါ-3 ကြွယ်ဝတဲ့ အစေ့အဆန်တွေ စားသုံးပေးပါ။
  • စိတ်ပျော်ရွှင်တဲ့အပြင် ကိုယ်ပါ ကျန်းမာစေဖို့အတွက် မိမိနှစ်သက်တဲ့ အားကစားတစ်ခုခုကို ဝါသနာတူသူငယ်ချင်းတွေနဲ့ အတူလုပ်ပါ။
  • တက်တက်ကြွကြွနေပါ။
  • အိပ်ရေးဝဝ အိပ်စက်ပါ။
  • မိမိရဲ့ ပန်းတိုင်တွေကို မြင်ယောင်ကြည့်ပါ။
  • အခက်အခဲ ပြဿနာတွေကို တဆင့်ချင်းဖြေရှင်းပါ။
  • စိတ်ရှုပ်ထွေးမှုတွေကို မောင်းထုတ်ထားပါ။
  • လုပ်ငန်းတာဝန်တွေကို ပြက္ခဒိန်မှာ မှတ်သားထားပြီး အချိန်ဇယားနဲ့ လုပ်ပါ။
  • ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အစုံအလင်ကို ဖြည့်တင်းပေးနိုင်တဲ့ အားဆေးတွေကို တစ်နေ့တစ်လုံး ပုံမှန်မှီဝဲပါ။

စာချစ်သူတို့ရေ…။

သက်လုံကောင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖြတ်လတ်တက်ကြွစွာလုပ်ဆောင်နိုင်မှသာ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ မဟုတ်လား။ ဒါ့ကြောင့် သက်လုံကောင်းဖို့အတွက် အထက်ပါ အချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး ကျန်းမာခြင်းအတွက်လိုအပ်တဲ့ သက်လုံတွေကို ဖြည့်တင်းနိုင်ကြပါစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon တို့မှ ပူးပေါင်းစီစဉ်တင်ပေးလိုက်ပါတယ်ရှင်။