ပျော်ရွှင်မြူးတူးနေတဲ့ ကလေးငယ်တွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ။

ဂန္ထဝင်စာချစ်သူတို့ရေ…

ကလေးငယ်တွေဆိုတာ တန်ဖိုးရှိတဲ့ကျောက်ရိုင်းတုံးလေးတွေနဲ့ တူပါတယ်။ နည်းစနစ်မှန်ကန် စွာသွေးနိုင်မှ လှပပြီး သူ့တန်ဖိုးကို အများလက်ခံမှာဖြစ်ပါတယ်။ ကလေး တွေဆိုတာလည်း မိဘက ကောင်းစွာပဲ့ပြင်ထိန်းကျောင်းစောင့်ရှောက်နိုင်မှ တန်ဖိုးရှိတဲ့ ရတနာလေး တွေ ဖြစ်လာမှာပါ။ ထူးချွန် ထက်က်ြပြီး ပျော်ရွှင်မြူးတူးနေတဲ့သားသမီးရတနာလေးတွေကို ပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်း လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။

၁။ ကလေးငယ်ရဲ့စိတ်နေသဘောထားနဲ့ ဖြစ်ချင်တဲ့ဝါသနာတွေကို သိအောင်ကြိုးစားပြီး အကောင်အ ထည်ပေါ်အောင် ကူညီပေးပါ။

၂။ ပြီးပြည့်စုံတဲ့ကလေးတစ်ယောက်ဖြစ်လာဖို့ အရမ်းကြီးမျှော်လင့်ထားပါနဲ့။ ကိုယ်ဖြစ်စေချင်သလို ဖြစ် မလာလို့ ပြောဆိုမိတဲ့အခါ ကလေးစိတ်ထဲကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးသွားနိုင်တာမို့ အဲ့ဒီအ ပြုအမူကို ရှောင်ကြဉ်ပါ။

၃။ ပြင်ပပြဿနာကြောင့် ကလေးအလိုမကျဖြစ်နေတဲ့အခါ မဆူပါနဲ့။ မိဘကို ဖွင့်ပြောတိုင်ပင်လာ အောင် လမ်းဖွင့်ပေးပါ။

၎။ မိခင်နဲ့ကလေးကြားမှာ အရင်းနှီးဆုံးဆက်ဆံရေးတည်ဆောက်ထားပါ။ ဘာမဆိုမိခင်ကို တိုင်ပင် တတ်တဲ့အကျင့် မွေးမြူထားပေးပါ။ ယုံကြည်မှုတွေတည်ဆောက်ပါ။

၅။ ကလေးငယ်တွေရဲ့ပျော်ရွှင်မှုအတွက် မိဘတွေပျော်ရွှင်မှုက အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ မိဘ တွေရဲ့ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ အိမ်ထောင်ရေးပြဿနာတွေကို ကလေးရှေ့မဖော် ပြမိအောင် ဆင်ခြင်ပါ။

၆။ ကလေးရဲ့ အတွေးတွေ၊ စိတ်ကူးတွေကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးပါ။

၇။ ကိုယ်ချင်းစာတရားနဲ့ အကြင်နာတရားထားတတ်အောင် မိဘတွေကိုယ်တိုင် ရှေ့ဆောင်လမ်းပြပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ အဆိုးမြင်စိတ်နည်းပြီး အကောင်းမြင်စိတ်နဲ့ကြည့်တတ်အောင် သင်ပေးပါ။

၉။ ကလေးနဲ့အတူ ဆော့ကစားပါ။ ရယ်မောပျော်ရွှင်ပါ။

၁ဝ။ ကလေးတစ်ယောက် ကျန်းမာကြံ့ခိုင်စွာကြီးပြင်းစေမယ့် အာဟာရဓာတ်တွေ အလုံအလောက် ဖြည့်တင်းပေးပါ။

Ceelin ဟာ ကလေးငယ်တွေ ကောင်းစွာရှင်သန်ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင် C ဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ်တိုက်ကျွေးခြင်းဖြင့် အာဟာရဓာတ်ပြည့်ဝစေသလို ကိုယ်ခံအား လည်း ကောင်းမွန်စေတာကြောင့် ဖျားနာမှုတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

သားသမီးပြုစုပျိုးထောင်ခြင်းဆိုင်ရာသိမှတ်ဖွယ်ဗဟုသုတလေးတွေ ရစေဖို့ ယခုစာစောင် လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။