ခေါင်းဘာကြောင့် ကိုက်ရတယ်။

blank

စာချစ်သူတို့ရေ…..။

ခေါင်းကိုက်ခြင်းဆိုတာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် ခေါင်းကိုက်တဲ့အခါ အကောင်အထည်ပြစရာမရှိပေမယ့် ခံစားရခက်တဲ့ဝေဒနာတစ်ခုပါ။ တစ်ခါတလေမှာဆိုရင် ခေါင်းကိုတူနဲ့ထုသလို ခံစားရတတ်ပြီး ဘာသံမှမကြားချင်လောက်အောင် အထိ စိတ်ညစ်ညူးတတ်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်တတ်တဲ့အကြောင်းအရင်းလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ စိတ်ဖိစီးမှုများတဲ့အခါ…

၂။ အီလက်ထရောနစ် ပစ္စည်းတွေအသုံးပြုတာများတဲ့အခါ…

၃။ ဆူညံသံတွေ ဆက်တိုက်ကြားနေရတဲ့အခါ…

၎။ အအိပ်အစားမမှန်တဲ့အခါ…

၅။ ရောဂါတစ်ခုခုအတွက် သောက်သုံးနေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ခံစားရတဲ့အခါ…

၆။ ကိုယ်လက်လှုပ်ရှားမှုတွေ အပြင်းအထန်ပြုလုပ်တဲ့အခါ….

၇။ ခန္ဓာကိုယ်လှုပ်ရှားမှု လုံးဝမရှိတဲ့အခါ….

၈။ ခန္ဓာကိုယ်အနေအထားမမှန်ဘဲ ထိုင်တာများတဲ့အခါ…

၉။ ဟော်မုန်းအပြောင်းအလဲတွေ ကြုံတွေ့နေရတဲ့အခါ….

၁ဝ။ ကဖိန်းဓာတ်ပါတဲ့အစားအသောက်တွေ၊ အဆီအဆိမ့်များတဲ့ အစားအစာတွေကို အစားများတဲ့အခါ တွေမှာ ခေါင်းကိုက်တတ်ပါတယ်။

ခေါင်းကိုက်တဲ့အခါ နားနားနေနေ နေပါ။ အာရုံစူးစိုက်ရတဲ့အလုပ်တွေ၊ အီလက်ထရောနစ်ပစ္စည်းကြည့်တာတွေကို ခေတ္တရပ်ဆိုင်းထားပါ။ ထိရောက်မှုရှိပြီး အရည်အသွေးပြည့်ဝတဲ့ ဆေးတွေကို သောက်သုံးပါ။ ခေါင်းကိုက်ခြင်းက မခံမရပ်နိုင်ဖြစ်လာတဲ့အခါ၊ မကြာခဏဆိုသလို ရက်ဆက်အောင်ကိုက်နေတဲ့အခါ၊ ဦးခေါင်းကိုတစ်ခုခုနဲ့ တိုက်မိတာကြောင့် ခေါင်းကိုက်နေတဲ့အခါမှာတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး အမြန်ဆုံးကုသမှု ခံယူဖို့ လိုပါတယ်နော်။

စာချစ်သူတို့အတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dofenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။