အဘွားရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝနားလည်ခံစားမိလာတဲ့ တစ်နေ့

blank

နေပူလိုက်၊ မိုးရွာလိုက်ဖြစ်တတ်ပြီး တုပ်ကွေးဖြစ်တတ်တဲ့ မိုးရာသီရောက်ပြီဆိုရင် အဘွားကိုသိပ်သတိရမိတယ်။ အဘွားရဲ့ အိမ်တွင်းဆေးလေးခြင်းတောင်းလေးဟာ ငယ်ဘဝနဲ့ဆက်နွယ်နေတဲ့အရာလေးဖြစ်ခဲ့တယ်။ ဆင်တုံးမနွယ်လေးတွေ၊ နနွင်းတက်လေးတွေ၊ သူငယ်နာဆေးတွေလို ဆေးအစုံပါတဲ့ခြင်းတောင်းလေးဟာ အိမ်ရဲ့ သူနာပြုလေးပေါ့။ မိုးရာသီရောက်တိုင်း ဂျင်းတွေ၊ ငရုတ်ကောင်း၊ နနွင်းနွယ်လေးတွေနဲ့ အခြားသစ်ဥသစ်ဖုလေးတွေပါတဲ့ ရေနွေကြမ်းကို တစ်အိမ်လုံး မသောက်မနေရစနစ်နဲ့ အဘွားက တိုက်ခဲ့တယ်။ ဒါ့ကြောင့်လည်း တုပ်ကွေးရာသီမှာ အခြားလူတွေ တုပ်ကွေးမိကြချိန်မှာ ကျွန်မတို့တစ်အိမ်သားလုံး ကျန်းမာရေးကောင်းမွန်ခဲ့ကြတယ်။

ကျွန်မအသက်အရွယ်ငယ်လွန်းတဲ့အချိန်မှာ အဝင်ဆိုးတယ်လို့ ခံစားခဲ့ရတဲ့ အဘွားရဲ့ဆေးရေနွေးလေးဟာ အချိန်ကြာလာတဲ့အခါ ကျွန်မနှစ်သက်တဲ့အရာလေးဖြစ်လာခဲ့တယ်။ သစ်ဥသစ်ဖုအနံ့သင်းသင်းနဲ့ ရေနွေးလေးကို သောက်လိုက်တဲ့အခါ အဆုတ်တွေရှင်းပြီး သက်လုံကောင်းစေလာတယ်ဆိုတဲ့ ခံစားမှုနဲ့အတူ ရှိန်းမြမြအရသာလေးကို ကျွန်မနှစ်သက်လာခဲ့တယ်။

ကျွန်မအသက်ကြီးလာပြီး ဘဝအတွက်ရုန်းကန်ရင်း အိမ်နဲ့ဝေးလာတဲ့အခါမှာ အဘွားကလည်း ဇရာကိုမလွန်ဆန်နိုင်ဘဲ လောကကြီးကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့တယ်။ ဘဝရဲ့တာဝန်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့တဲ့ ကျွန်မမိုးရာသီကိုရောက်တိုင်း အဘွားနဲ့ အဘွားရဲ့ဆေးရေနွေးလေးကို သိပ်လွမ်းမိတယ်။ တစ်နေ့မေမေ့ကိုဖုန်းဆက်မိတဲ့အချိန် အဘွားရဲ့ဆေးရေနွေးလုပ်နည်းကို သတိတရနဲ့မေးဖြစ်တယ်။ မေမေကပြောပြတဲ့ သစ်မြစ်သစ်ဖုတွေကို ရှာဖို့စဉ်းစားရင်း “တော်ပါပြီ မေမေရယ်။ ထမင်းတောင်အချိန်လုစားနေရတာ၊ အဲ့ဒီသစ်မြစ်သစ်ဖုတွေကို ရှာဝယ်ဖို့နဲ့ တကူးတကပြုတ်ဖို့ ဘယ်အချိန်ရပါ့မလဲ” လို့ ပြောပြီး ဖုန်းချလိုက်မိတယ်။ မိုးရာသီရောက်တိုင်း ကျွန်မတို့တစ်အိမ်သားလုံးကို တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနေခဲ့တဲ့ ဆေးရေနွေးလေးဟာ အဘွားရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ရောယှက်ထားပါလားဆိုတာကိုလည်း နားလည်လာမိခဲ့တယ်။

နောက်နှစ်ရက်လောက် နေတော့ ကျွန်မဆီကို ပါဆယ်လေးတစ်ထုပ်ရောက်လာတယ်။ ပါဆယ်နဲ့အတူ မေမေ့လက်ရေးနဲ့ရေးထားတဲ့စာလေးတစ်စောင်…

“သမီးရေ… အဘွားရဲ့ဆေးရေနွေးလေးကို လွမ်းနေတဲ့သမီးအတွက် မေမေလက်ဆောင်လေးတစ်ခု ထည့်ပေးလိုက်တယ်။ အဘွားမရှိတော့တဲ့နောက်ပိုင်း အိမ်ရဲ့ဝေယျဝစ္စနဲ့ အိမ်သားတွေရဲ့ ကျန်းမာရေးကို မေမေပဲ ဂရုစိုက်ခဲ့ရတယ်။ ဒါပေမဲ့ အလုပ်တာဝန်တွေကများတော့ သမီးအဘွားလိုတော့ ဆေးရေနွေးပြုတ်မတိုက်နိုင်ဘူးပေါ့ သမီးရယ်။ ဒါ့ကြောင့် တစ်အိမ်သားလုံးရဲ့ ကျန်းမာရေးကောင်းဖို့၊ သက်လုံကောင်းပြီး ဖျားနာခြင်းကင်းဝေးစေဖို့အတွက် အဘွားရဲ့ဆေးရေနွေးလိုပဲ အစွမ်းထက်လှတဲ့ Eugica-ယူဂျီကာကိုမေမေတိုက်ခဲ့တယ်။ အဝေးရောက်နေတဲ့ သမီးကိုတော့ မေမေပြောဖို့မေ့နေခဲ့တဲ့အတွက် ခွင့်လွှတ်ပါသမီးရေ။

“Eugica- ယူဂျီကာ” ဟာ ကိုယ်ခံစွမ်းအားစနစ်ကို သဘာဝအတိုင်းမြှင့်တင်ပေးမယ့် ဆေးရေနွေး ဖြစ်ပြီး ဂျင်း၊ ပတဲကော၊ ငရုတ်ကောင်း၊ ပိတ်ချင်းသီး၊ နနွင်းနွယ်၊ နွယ်ချို၊ မုယားကြီးအပါအဝင် အစွမ်း ထက် ဆေးဖက်ဝင် သစ်မြစ်သစ်ဖုပေါင်း ၁၄ မျိုးနဲ့ ပေါင်းစပ်ဖော်စပ်ထားတဲ့အတွက် ဘေးဥပဒ်မရှိဘဲ အချိန်၊ နေရာမရွေး သောက်သုံးနိုင်ပါတယ်။ အမြဲသောက်သုံးပေးသွားမယ်ဆိုရင် ရာသီဥတုအကူးအပြောင်းမှာ ဖြစ် လေ့ရှိကြတဲ့ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းတွေကို ကာကွယ်ပြီးသားဖြစ်တာကြောင့် တစ်နှစ်ပတ်လုံး ကျန်း ကျန်းမာမာနဲ့ ရွှင်လန်းပြုံးပျော်နိုင်ပြီပေါ့။ အမြည်းအနေနဲ့ မေမေတစ်ဘူးဝယ်ပေးလိုက်တယ်။ နောက်တော့ သမီးကိုယ်တိုင်ဝယ်သောက်ပေါ့” တဲ့။

မေမေ့စာကိုဖတ်ပြီး ချက်ခြင်းပဲ Eugica တစ်ထုပ်ဖောက်ပြီး ဖျော်သောက်လိုက်တယ်။ ဆေးရေနွေးအနံ့လေးမှာ အဘွားကို သတိရခြင်းတွေနဲ့အတူ မေမေ့ရဲ့မေတ္တာအနံ့လေးတွေက ထုံသင်းလို့

စာချစ်သူများရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Eugica တို့မှ ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်။