Iron Women လို့ ခေါ်တွင်လောက်တဲ့ အာဂအမျိုးသမီးတွေရဲ့ အမူအကျင့်များ

blank

Iron Women လို့ ခေါ်တွင်လောက်တဲ့ အာဂအမျိုးသမီးတွေဟာ….။

  • မိမိလိုချင်တဲ့အရာကို ရဲဝံ့စွာ ပုံဖော်နိုင်စွမ်းရှိကြတယ်။
  • မိမိရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝယုံကြည်ကြတယ်။
  • မိန်းကလေးဖြစ်ရတာကို ဂုဏ်ယူလေ့ရှိတယ်။
  • မတူညီတဲ့ အတွေးအခေါ်အယူအဆတွေကို လက်ခံနိုင်စွမ်းရှိတယ်။
  • ကိုယ်ရေးကိုယ်တာနဲ့ အလုပ်နှစ်ခုလုံးကို အဆင်ပြေပြေ ဆောင်ရွက်နိုင်စွမ်းရှိတယ်။
  • ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး အတွေးအခေါ်တွေ လွတ်လပ်ကြတယ်။
  • ရာထူးတွေကို အာဏာအတွက်အသုံးမချဘဲ ဝတ္တရားအဖြစ်ခံယူပြီး တာဝန်ကျေအောင် ထမ်းဆောင်တတ်ကြတယ်။

·       ဘဝရဲ့ အခက်အခဲတွေတိုင်းကို အခွင့်အလမ်းအဖြစ် သဘောထားတတ်ကြတယ်။

·       အခက်အခဲတွေကို ညည်းတွားနေဖို့ထက် ဖြေရှင်းပစ်ဖို့ပဲ အာရုံထားကြတယ်။

·       ဆင်ခြေပေးတတ်တဲ့ အကျင့်ကို စွန့်လွှတ်ထားတတ်ပြီး မိမိရဲ့ အိပ်မက်တွေကို ကိုယ်တိုင်အကောင်အထည်ဖော်ကြတယ်။

စာချစ်သူတို့ရေ…

အာဂအမျိုးတစ်ယောက်ဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသလို ဘဝကိုလက်တွေ့ကျကျပဲ ကျော်ဖြတ်တတ်ကြပါတယ်။ အကောင်းမြင်စိတ်တွေနဲ့ ဘဝကိုကျော်ဖြတ်တတ်ပြီး သမားရိုးကျအတွေးတွေနဲ့ ဖောက်ထွက်ကာ အတုယူစရာကောင်းတဲ့ ဘဝကိုတည်ဆောက်ထားတတ်ကြပါတယ်။ အဲ့ဒီလိုအမျိုးသမီးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို တည်ဆောက်ထားချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုချစ်ပါ၊ အရှိအတိုင်းလက်ခံပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။

စာချစ်သူတို့အတွက် စိတ်ဓာတ်ခွန်အားလေးကို Ferropac နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။