တကယ်လှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်….။

blank

စာချစ်သူရေ…။

လူတချို့က မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်ဟာ ခေါင်းလျှော်ပြီးစ အချိန်လို့ပြောကြတယ်…

တချို့ကတော့ မိန်းကလေးတစ်ယောက်ဟာ မျက်နှာသစ်ပြီးစ အချိန်မှာ အလှဆုံးတဲ့။

ခေါင်းလျှော်ပြီးစ အချိန်မှာ မိန်းကလေးတစ်ယောက်အလှဆုံးဖြစ်နိုင်သလို၊

မျက်နှာသစ်ပြီးချိန်မှာ မိန်းကလေးတစ်ယောက်အတောက်ပဆုံးအချိန်ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အညစ်အကြေးတွေကို ဖယ်ရှားပြီး ပကတိအလှနဲ့ လှနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်သူမှမမှီနိုင်လို့ပါပဲ။ အဲဒီလိုပဲ မိန်းကလေးတစ်ယောက်ဟာ အတိတ်က အနာတရတွေကို ဖယ်ရှားသန့်စင်ပြစ်လိုက်တဲ့အချိန်၊ ကျရှုံးမှုတွေ၊ နာကျည်းမှုတွေကို မေ့ပြီး ပကတိအပြုံးနဲ့ ပြုံးလာနိုင်တဲ့အချိန်ဟာ အလှပဆုံးအချိန်တွေပါပဲ။

မိန်းမတစ်ယောက်ဘဝမှာ ဂုဏ်ယူဖို့အကောင်းဆုံးအချိန်က

ကိုယ့်လိုအပ်ချက်တွေကို ကိုယ်ကိုယ်တိုင်ရဲ့ အားနဲ့ အကောင်းဆုံး ဖြည့်ဆည်းနိုင်တဲ့အချိန်

မိန်းမတစ်ယောက်ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်က နာကျင်ခြင်းတွေကိုမေ့ပြီး အလှပဆုံးပြုံးပြနိုင်တဲ့အချိန်။

မိန်းမတစ်ယောက်ဘဝမှာ အပြီးပြည့်စုံအချိန်က ကိုယ့်ပတ်ဝန်းကျင်ကို နိုင်သလောက်အားနဲ့ ဖြည့်စွက်ပေးနိုင်တဲ့အချိန်။

မိန်းကလေးတစ်ယောက်ဘဝမှာ အလှပဆုံးအချိန်က သန့်ရှင်းစင်ကြယ်တဲ့ ဝင်ငွေနဲ့ ကိုယ်ဘဝကိုယ် တည်ဆောက်နိုင်တဲ့ အချိန်။

မိန်းကလေးတစ်ယောက်ဘဝမှာ ကြောင့်ကျမှုအကင်းဆုံးအချိန်က ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်နိုင်ပြီး သန်စွမ်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အချိန်။

မိန်းကလေးဆိုတာ အားနွဲ့တယ်ဆိုပေမယ့်

အသည်းကွဲခြင်းကိုကျော်လွန်ပြီး

ပြန်တည်ဆောက်ပြီးတဲ့အခါ

အရင်ကနဲ့မတူတဲ့အားတွေရှိလာတတ်တယ်။

ကျရှုံးမှုတွေကြုံရတဲ့ မိန်းမသားတစ်ယောက်ဟာ အားမာန်တစ်မျိုးနဲ့ ရဲရင့်လာတတ်ကြတယ်။

လူတွေကတော့ မိန်းမသားတစ်ယောက်ရဲ့ အလှနဲ့ ပတ်သက်ပြီး အမျိုးမျိုးဖွင့်ဆိုကြလိမ့်မယ်။

မိန်းမတစ်ယောက်အလှဆုံးအချိန်ဆိုတာလေ

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့

ကိုယ့်ကိုယ်ကို စချစ်တဲ့အချိန်မှာ ဖြစ်ပေါ်တယ်လေ . . .

ဒါ့ကြောင့် တကယ်လှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်…

အရည်အချင်းတွေကို တန်ဖိုးထားပါ။

ချစ်ခြင်းမေတ္တာတွေကို မြတ်နိုးပါ။

ရုပ်ပိုင်းဆိုင်ရာအလှအပကို ဂရုစိုက်သလို စိတ်ထားအလှကို တန်ဆာဆင်ပါ။

ကျန်းမာရေးကို ဂရုစိုက်ပါ။

စာချစ်သူတို့ရဲ့ စိတ်ဓာတ်ခွန်အားအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Nature Vit-E တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။