လူတိုင်းသိထားသင့်တဲ့ တုပ်ကွေးအကြောင်း

blank
တုပ်ကွေးဆိုတာ ဘာလဲ။

တုပ်ကွေးဆိုတာ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်တို့လို အသက်ရှူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေက ဘာလဲ။

တုပ်ကွေးရောဂါရဲ့ အသိသာအထင်ရှားဆုံး လက္ခဏာတွေကတော့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်နာစေးခြင်း၊ ချမ်းတုန်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

တုပ်ကွေးရောဂါက အန္တရာယ်ရှိလား။

နှလုံးရောဂါနဲ့ ဆီးချိုရောရှိတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးတွေအနေနဲ့ တုပ်ကွေးကူးစက်ခံရတယ်ဆိုရင် အန္တရာယ်ရှိတဲ့ အခြေအနေတွေ ကြုံတွေ့လာနိုင်ပါတယ်။

တုပ်ကွေးက ဘယ်လိုကူးစက်နိုင်တာလဲ။

တုပ်ကွေးဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့အတွက် နှာချေ၊ချောင်းဆိုးတဲ့အခါမှာ ထွက်ပေါ်လာတဲ့ တံတွေးနဲ့ နှာရည်တွေကနေတဆင့် တစ်ဦးနဲ့ တစ်ဦးစီကို ကူးစက်နိုင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်ဟာ ဖုန်းတွေ၊ တံခါးလက်ကိုင်တွေနဲ့ အရုပ်တွေမှာ အချိန်အနည်းငယ်သာ အသက်ရှင်နိုင်ပါတယ်။ အဲ့ဒီအရာတွေထိပြီး ပါးစပ်၊နှာခေါင်းနဲ့ မျက်လုံးတွေကို ကိုင်မိရင်တော့ ဗိုင်းရပ်စ်ပိုး ကုသခံရနိုင်ပါတယ်။ ဒါ့ကြောင့်လက်မကြာခဏဆေးဖို့ လိုပါတယ်။

တုပ်ကွေးကို  ဘယ်လိုကုသရမလဲ။

တုပ်ကွေးဖြစ်နေတာနဲ့ တစ်ပြိုင်နက် ထိရောက်မှုရှိတဲ့ ဆေးဝါးတွေကို သောက်သုံးပါ။ လိုအပ်တဲ့ ကုသမှုတွေခံယူပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူပါ။ ရေများများသောက်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးပါ။ ဖျားနာနေစဉ် အိမ်မှာနားနားနေပါ။ လက်မကြာခဏဆေးပါ။

ဘယ်သူတွေက တုပ်ကွေးကာကွယ်ဆေးထိုးသင့်တာလဲ။
  • အသက်ငယ်လွန်းတဲ့ ကလေးငယ်တွေ
  • အသက် (၅ဝ) အထက် လူကြီးတွေ
  • ကိုယ်ဝန်ဆောင်မိခင်နဲ့ မီးဖွားပြီးစ အမျိုးသမီးတွေ
  • ပန်းနာရင်ကြပ်၊ ဆီးချို၊နှလုံးရောဂါ၊ ကျောက်ကပ်နဲ့ ကိုယ်ခံအားနည်းတဲ့သူတွေ
  • လူနာတွေကို ပြုစုကုသပေးရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ

စာချစ်သူတို့ရေ…။

အခုလို တုပ်ကွေးရာသီမှာ တုပ်ကွေးရောဂါမဖြစ်အောင်ကာကွယ်ဖို့နဲ့ မိမိဖျားနာနေတဲ့အခါမှာ သူတစ်ပါးတွေဆီကို မကူးစက်အောင် နေထိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတွေကို မကိုင်တွယ်မီမှာ လက်ဆေးပါ။ တံခါးလက်ကိုင်တန်း၊ အရုပ်တွေနဲ့ တယ်လီဖုန်းတွေကို ပိုးသတ်ဆေးပါတဲ့ သန့်စင်ဆေးရည်တွေနဲ့ သန်ရှင်းရေးလုပ်ပါ။ ခေါင်းကိုက်ဖျားနာလာပြီဆိုရင် အရည်အသွေးစိတ်ချရပြီး ထိရောက်မှုရှိတဲ့ ဆေးတွေကို သောက်သုံးပါ။

စာချစ်သူတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Fluza တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။