စိန်ပွင့်လေးတွေလို အဖိုးထိုက်တန်တဲ့ အမျိုးသမီးတစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေရှိတာလဲ….။

blank

စိန်ပွင့်လေးတွေဆိုတာ မှော်ဆရာနှင်တံနဲ့ အဝှေ့မှာ တောက်ပတဲ့အလင်းရောင်ကို ရလာတဲ့ မှော်ရတနာလေးတွေမဟုတ်ပါဘူး။ ဖိအားနဲ့ အချိန်ရဲ့ ရင်းနှီးမှုကြောင့် သဘာဝက မွေးဖွားပေးလိုက်တဲ့ အဖိုးအထိုက်ဆုံး ကျောက်မျက်လေးတွေပါ။ အဲ့ဒီလိုပါပဲ မိန်းကလေးတွေဆိုတာကလည်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ လောကဓံရဲ့ အထုအထောင်းတွေကို ခံနိုင်ပြီး စိန်ပွင့်လေးတွေလို အဖိုးထိုက်တန်တဲ့သူလေးတွေဖြစ်လာကြပါတယ်။

ဒါ့ကြောင့် စိန်ပွင့်လေးတွေလို အဖိုးထိုက်တန်တဲ့ အမျိုးသမီးလေးတွေမှာ ဘယ်လိုအရည်အသွေးတွေရှိနေတာလဲဆိုတာကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

စိန်ပွင့်လေးတွေလို အဖိုးထိုက်တန်တဲ့ အဖိုးထိုက်တန်တဲ့ အမျိုးသမီးတွေဟာ …..

၁။ မိမိရဲ့ အရည်အသွေးတွေကို သိမြင်တတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်တတ်တယ်။ မိန်းကလေးတစ်ယောက်ဖြစ်ရတာကိုလည်း ဂုဏ်ယူတတ်ပြီး သူမကိုယ်သူမ အရှိအတိုင်းလက်ခံတတ်ပါတယ်။

၂။ လူမှုဆက်ဆံရေးတွေမှာ ရိုးသားဖြောင့်မတ်သလို  မိမိရဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားတတ်ပါတယ်။ မိမိလက်မခံနိုင်တဲ့အရာတွေကိုလည်း အစကတည်းက အရိုးရှင်းဆုံးပြောပြထားတတ်ကြပါတယ်။

၃။ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တယ်။ ဝမ်းနည်းအားငယ်တာတွေဖြစ်တဲ့အခါမှာလည်း အရှိအတိုင်းလက်ခံပြီး လမ်းကြောင်းမှားပေါ်မရောက်အောင် ထိန်းကျောင်းနိုင်ကြတယ်။

၎။ အသိပညာဗဟုသုတကြွယ်ဝပြီး အတွေးအခေါ်တွေ လွတ်လပ်ကြတယ်။

၅။ အဆိုးတွေကြုံတွေ့လာချိန်မှာ စိတ်ရှည်သည်းခံပြီး သွေးအေးစွာဖြေရှင်းနိုင်ကြတယ်။

၆။ မူရာမာယာတွေကင်းကြပြီး အကောင်းအဆိုးကို ကောင်းကောင်းခွဲခြမ်းစိတ်ဖြာနိုင်ကြတယ်။

၇။ တိကျပြတ်သားတဲ့ ရည်မှန်းချက်တွေရှိကြတယ်။ မိမိရဲ့ အိပ်မက်တွေကို အမှန်တကယ်ဖြစ်အောင်လုက်ဖို့ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေ မွေးမြူရမယ်ဆိုတာကို သိကြတယ်။

၈။ မနာလိုဝန်တိုမှု ကင်းစင်ကြပြီး ဟန်ဆောင်လိမ်ညာမှုတွေကိုလည်း ရှောင်ကြဉ်ကြတယ်။

၉။ ဘေးနားကလူတွေကို ကူညီတတ်ပြီး မိမိရဲ့ တာဝန်တွေတိုင်းကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြတယ်။

၁ဝ။ လက်တွဲဖော်ကောင်းတစ်ယောက်ရဲ့ စစ်မှန်တဲ့အရည်အသွေးတွေကို တန်ဖိုးထားတတ်ပြီး လက်တွဲဖော်ကို လေးစားမြတ်နိုးစွာ ဆက်ဆံတတ်ကြတယ်။

သင့်ဆီမှာ အထက်ပါအရည်အသွေးတွေရှိနေတယ်ဆိုရင်တော့ သင်က စိန်ပွင့်လေးတွေလို အဖိုးထိုက်တန်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ သေချာပြီပေါ့။

စာချစ်သူတို့ရဲ့ စိတ်ဓာတ်ခွန်အားအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းတင်ဆက်ပေးလိုက်တဲ့ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။