ချောင်းဆိုးနေရင် ဒါလေးတွေကို ရှောင်ကြဉ်လိုက်ပါ။

blank

စာချစ်သူတို့ရေ…

မိုးလေးစိုစိုစွတ်စွတ်နဲ့မို့ သွားရင်းလာရင်း အအေးမိပြီး ချောင်းဆိုးနေပြီလား။ တကယ်ပါပဲ… ထိုင်လည်းမဟုတ်၊ ထလည်းမသက်သာ၊ အိပ်နေရင်းနဲ့လည်း တဟွတ်ဟွတ်နဲ့ဆိုတော့ အဆင်မပြေ တာတော့ အမှန်ပါပဲ။  ဒီကြားထဲ ချောင်းတစ်ခါဆိုးပြီးရင် တော်တော်နဲ့မပျောက်နိုင်တာကလည်း ချောင်းဆိုးဖူးသူတိုင်း သိကြတဲ့ စိတ်ပျက်စရာတစ်ခုပါ။

တကယ်တော့ ချောင်းဆိုးပြီဆိုတဲ့အခါ ချောင်းဆိုးသက်သာအောင် ရှောင်ကြဉ်ရမယ့် နည်း လမ်းလေးတွေရှိနေပါတယ်။ သေချာလိုက်နာရင် ချောင်းဆိုးသက်မရှည်ကြာဘဲ သက်သာလာစေနိုင် တဲ့ နည်းလမ်းလေးတွေဆိုလည်း မမှားပါဘူး။ လိုက်နာဖို့လည်း မခက်ခဲတဲ့ အဲ့ဒီနည်းလမ်းလေးတွေက တော့…

၁။ အအေးစာတွေစားတာရှောင်ကြဉ်ပါ။

၂။ ညဘက်အလွန်အမင်းစားတာ ရှောင်ကြဉ်ပါ။

၃။ ဆီကြော်စာတွေစားတာ ရှောင်ကြဉ်ပါ။

၎။ ဆေးလိပ်သောက်တာ ရှောင်ကြဉ်ပါ။

၅။ ကဖင်းန်ဓာတ်များတဲ့ ဖျော်ရည်တွေသောက်တာ ရှောင်ကြဉ်ပါ။

၆။ အလွန်အမင်းခွန်အားသုံးရတဲ့အလုပ်တွေ ရှောင်ကြဉ်ပါ။

ချောင်းဆိုးတာဟာ အစားအသောက်မဆင်ခြင်ရင် ပျောက်ဖို့ခက်တာကြောင့် အထက်ပါ အ ချက်လေးတွေဟာ အထူးလိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် ချောင်းဆိုး ပျောက်ဆေးလည်း သောက်ပါ။ WOODS’ ဟာ ကမ္ဘာကျော်ချောင်းဆိုးပျောက်ဆေးရည်ဖြစ်ပြီး  အနီ ရောင်နဲ့ အပြာရောင်ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။ အနီရောင်က လည်ချောင်းယားပြီးဆိုးတဲ့ ချောင်း ခြောက်ဆိုးတာတွေကို သက်သာစေပြီး အပြာရောင်ကတော့ ချွဲသလိပ်ကပ်ပြီးဆိုးတဲ့ ချောင်းဆိုးခြင်း ကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဆေးသောက်ရမှာမနှစ်သက်သူများအတွက် အရသာ ၄ မျိုးနဲ့ထုတ်လုပ်ထားတဲ့ ငုံဆေးပြားတွေလည်း ရရှိနိုင်ပြီမို့ အတိုင်းထက်အလွန်ပါပဲနော်။

စာချစ်သူများ ကျန်းမာရေးအသိဗဟုသုတတွေ တိုးပွားစေဖို့ ယခုဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းနဲ့ WOODS’ မှ ပူးပေါင်းတင်ဆက်ထားပါတယ်။