ဆင်းရဲတွင်းထဲက မလွတ်ကင်းအောင် ဆွဲထားတဲ့ အကျင့်ဆိုးလေးတွေ…

blank

စာချစ်သူတို့ရေ…။

လူတိုင်းက ချမ်းသာချင်ပေမယ့် လူတိုင်းမချမ်းသာနိုင်ပါဘူး။ ပုံမှန်ဝင်ငွေရပါလျက်၊ ချမ်းသာဖို့ လမ်းစတွေ ရှိပါလျက် မချမ်းသာနိုင်ဘူးဆိုတာ သင်လက်ခံကျင့်သုံးနေတဲ့ အလေ့အကျင့်တွေ မှားယွင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင်ရဲ့နေ့စဉ်ဘဝထဲမှာ သင့်ကိုဆင်းရဲတွင်းထဲ ဘယ်လိုအကျင့်ဆိုးလေးတွေက ဆွဲခေါ်နေလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်။

၁။ ဝင်ငွေတစ်ခုတည်းမှာပဲ ကျေနပ်နေပြီး အခြားရင်းနှီးမြုပ်နှံမှုတွေ မပြုလုပ်ခြင်း…

သင်က ရတဲ့လစကို သုံးလိုက်၊ ကုန်လိုက်ဖြစ်နေတယ်။ အခြေအနေပေးရင် နည်းနည်းစုတယ်။ အဲ့ဒါဆိုရင်တော့ သင်က ဒုံရင်းဒုံရင်း ဘဝနဲ့ပဲ လုံးချာလိုက်နေမှာပါ။ ချမ်းသာချင်တယ်ဆိုရင် ဒုတိယဝင်ငွေရနိုင်တဲ့ လုပ်ငန်းတစ်ခုကို စတင်ထားပါ။

၂။ အောင်မြင်စေမယ့် နည်းလမ်းတွေကို လက်တွေ့မကျင့်သုံးခြင်း….

တက်ကျမ်းတွေ၊ ချမ်းသာစေမယ့်နည်းတွေ၊ အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ဖြစ်တယ်။ ဒါပေမဲ့ ဟိုဟာလုပ်ရကောင်းနိုးဒီဟာကောင်ရကောင်းနိုးနဲ့ တွေဝေနေတယ်ဆိုရင် ချမ်းသာခြင်းနဲ့ လွဲနေဦးမှာပါပဲ။

၃။ ဝင်ငွေတိုးလာတဲ့အခါ ငွေပိုတွေသုံးခြင်း….

လူအများစုဟာ ဝင်ငွေတွေ တဖြည်းဖြည်းတိုးလာတဲ့အခါ အပိုတွေ ပိုပိုသုံးလာတတ်ပါတယ်။ တကယ်တော့ ဝင်ငွေတိုးလာတဲ့အခါ အရင်ကတိုင်းပဲ သုံးပြီး အပိုဝင်ငွေကို စုနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။

၎။ အပြင်စာတွေ စားသုံးခြင်း…

အပြင်စာစားတာများတဲ့အခါ အပိုငွေတွေ ကုန်တတ်တဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့်အပြင်မှာ စားတဲ့အကြိမ်ရေကို လျော့နည်းအောင်လုပ်ပြီး ငွေပိုစုနိုင်အောင်ကြိုးစားပါ။

၅။ ခေတ်မီနည်းပညာတွေကို အသုံးမပြုခြင်း…

သင်က ငွေလွဲဖို့အတွက် ဘဏ်ကိုတကူးတကသွားတယ်။ အဲ့ဒီမှာ taxi ခတွေကုန်တဲ့အပြင် အချိန်လည်း ကုန်စေတယ်။ ဖုန်းဘီလ်အတွက် ပြန်အမ်းငွေ ရတဲ့ အက်ပလီကေးရှင်း တွေရှိတာသိရက်နဲ့ ခဲခြစ်ကတ်တွေနဲ့ ငွေဖြည့်တာကတော့ အပိုဝင်ငွေရမယ့် နည်းတစ်ခုကို ဆုံးရှုံးစေတယ်။ ပေးချေမှုတွေ လွယ်ကူစေတဲ့ e-wallet တွေကို အသုံးပြုခြင်းဟာ သင့်ရဲ့ ငွေပေး၊ငွေယူစနစ်တွေကို လွယ်ကူစေပြီး လုပ်ဆောင်ချက်တွေအားလုံး မှတ်တမ်းရှိနေတာကြောင့် ငွေကြေးအသုံးပြုမှုတွေလည်း ကျစ်လျစ်စေပါတယ်။

ဥပမာ- ငွေအသုံးပြုမှုတွေလွယ်ကူ၊ ငွေသွင်း၊ငွေထုတ်အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ မြန်မာပြည်အနှံ့အပြားကို ထိုင်ရာမထငွေလွှဲနိုင်စေတဲ့၊ ဖုန်းဘီလ်အလွယ်တကူဖြည့်နိုင်တဲ့အပြင် ပြန်အမ်းငွေတွေပါ ရရှိစေတဲ့ OK$ လို ပေါ့။

စာချစ်သူတို့ရဲ့ ငွေကြေးဆိုင်ရာ ဗဟုသုတလေးအတွက် ဂန္ထဝင်မဂ္ဂဇင်းနှင့် OK$ တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။