လှပတဲ့အသားအရေနဲ့ နေရောင်ခြည်ရဲ့အန္တရာယ်

blank

စာချစ်သူပျိုမေတို့ရေ…

အသားအရေရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့ မိန်းကလေးဆိုတာလည်း အများအားကျရတဲ့ အလှပိုင်ရှင်တွေ ထဲ ပါဝင်နေပါတယ်။ ဝင်းဝါစိုပြေနေတဲ့အသားအရေကို ပိုင်ဆိုင်ခွင့်ရဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအ သောက်တွေ၊ အသီးအနှံတွေစားသုံးပေးကြရသလို ရေဓာတ်လည်း လုံလုံလောက်လောက်ဖြည့်တင်းပေးရပါ တယ်။ ဒါ့အပြင် ပူပြင်းတဲ့နေရောင်ခြည်ဒဏ်နဲ့မထိတွေ့အောင်လည်း ကာကွယ်ပေးသင့်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အသားအရေပျက်စီးမှုရဲ့အဓိကတရားခံထဲမှာ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်က ထိပ်ဆုံးက ရှိနေလို့ပါ။

နေရောင်ခြည်ကြောင့်ဖြစ်ရတဲ့အသားအရေဆိုင်ရာပြဿနာတွေထဲမှာ…

  • နေလောင်ခြင်း
  • တင်းတိပ်ထွက်ခြင်း
  • အမည်းစက်၊ အနီစက်တွေထွက်ခြင်း
  • အရေးအကြောင်းတွေဖြစ်ပြီး မြန်မြန်အိုမင်းလွယ်ခြင်း
  • အသားအရေခြောက်သွေ့ပြီး အရေပြားဆဲလ်တွေပျက်စီးခြင်း
  • အရေပြားကင်ဆာဖြစ်စေခြင်း

စတဲ့အချက်တွေလည်း ပါဝင်နေပါတယ်။ အဲ့ဒီပြဿနာတွေဖြစ်လာရင် အသားအရေလှပမှုကို ထိခိုက်စေသလို ပျောက်ကင်းအောင် ကုသဖို့ကလည်း မလွယ်ကူလှပါဘူး။ ဒါကြောင့် “ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်”ဆိုတဲ့စကားအတိုင်း နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ မပျက်စီးခင် ကြိုတင်ကာကွယ်မှုပြုလုပ်တာက အကောင်းဆုံးပါပဲ။ အပြင်ထွက်တိုင်း sunscreen လိမ်းပေးတာ၊ ထီး၊ ဒါမှမဟုတ် ဦးထုပ်ဆောင်းတာ၊ အိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်တာ၊ အစိုဓာတ်ထိန်းခရင်မ်တွေ မှန်မှန် လိမ်းပေးတာအပြင် အသားအရေကို အာဟာရဓာတ်ဖြည့်ဆည်းပေးနိုင်တဲ့ ဗီတာမင် E မှီဝဲပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ Nature Vit E ဟာ တစ်နေ့တစ်လုံးပုံမှန်သောက်ပေးရုံနဲ့ အရေးအကြောင်းတွေ၊ အမည်းစက်တွေ၊ တင်းတိတ်၊ မှဲ့ခြောက်၊ အသားအရေခြောက်သွေ့ခြင်းနဲ့ အရေပြားဆဲလ်များပျက်စီးမှုတွေကို ကာကွယ်ပေးပြီး အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးတာကြောင့် ပျိုမေတို့အတွက် ရွေးချယ်သင့်တဲ့ ဆေးကောင်း တစ်လက်ပဲဖြစ်ပါတယ်။

စာချစ်သူပျိုမေများအလှအပနဲ့ကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေရရှိစေဖို့ ယခုဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Nature Vit E တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။