အအေးမိတုပ်ကွေးရောဂါဖြစ်ပွားရတဲ့အကြောင်းရင်းများ

blank

စာချစ်သူတို့ရေ…

မိုးတွင်းကာလရောက်ပြီဆိုတော့ ရာသီဥတုအကူးအပြောင်းရဲ့ ကျန်းမာရေးပြဿနာလေးတွေ ကိုလည်း အထူးဂရုစိုက်နေကြရပြီပေါ့နော်။ အထူးသဖြင့် အခုလိုအကူးအပြောင်းကာလမှာ ဖြစ်လေ့ရှိ တဲ့ အအေးမိဖျားနာတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြရသလား။ ဒါကြောင့် စာချစ်သူတို့ အတွက် တုပ်ကွေးဖြစ်ပွားရခြင်းအကြောင်းရင်းတွေနဲ့ တုပ်ကွေးအကြောင်း သိကောင်းစရာလေးတချို့ ကို ဂန္ထဝင်က မျှဝေပေးပါရစေနော်။

တကယ်တော့ Flu လို့ခေါ်တဲ့ တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ကြောင့်ဖြစ်ပွားရတာပါ။ အဲ့ဒီကူးစက်ရောဂါက လူရဲ့အသက်ရှူလမ်းကြောင်းစနစ်ဖြစ်တဲ့ နှာခေါင်း၊ လည်ပင်းနဲ့ အဆုတ်တွေကို ဝင်ရောက်တိုက်ခိုက်ပြီး တုပ်ကွေးရောဂါဖြစ်ပွားပါတယ်။ လက္ခဏာရပ် တွေအနေနဲ့တော့…

  • ကိုယ်ပူပြီးဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • နှာရည်ယိုခြင်း
  • နှာချေခြင်း
  • လည်ချောင်းနာခြင်း
  • ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း

စတဲ့လက္ခဏာရပ်တွေအပြင် ရိုးရိုးဖျားသလိုမျိုးလည်း အဖျားပျောက်မမြန်ပါဘူး။ နေရထိုင်ရခက် သလို အလုပ်ပျက်အကိုင်ပျက်နဲ့ အဖျားတာရှည်တာကြောင့် တုပ်ကွေးဖြစ်မှာကို လူတိုင်းကြောက်ကြ တာလည်း မမှားပါဘူးနော်။

ဒါကြောင့် စာချစ်သူများအနေနဲ့လည်း အခုလိုမိုးတွင်းကာလမှာ တုပ်ကွေးနဲ့ မိတ်ဆွေမဖွဲ့ရ လေအောင် အအေးမမိဖို့ အထူးဂရုစိုက်သင့်ပါတယ်။ နှာရည်ယို၊ ချောင်းဆိုးစတဲ့ တုပ်ကွေးရောဂါ လက္ခဏာရပ်တွေ စလာပြီဆိုရင်လည်း အအေးမိတုပ်ကွေးဖျားနာပျောက်တဲ့ဆေးကို သောက်ပါ။ Fluza ဟာ အအေးမိတုပ်ကွေးဖျားနာခြင်းတွေကို ဝေးဝေးပြေးစေတဲ့ အစွမ်းထက်ဆေးတစ်လက်ဖြစ် တာမို့ မိသားစုတိုင်းဆောင်ထားသင့်တာအမှန်ပါပဲ။

စာချစ်သူများကျန်းမာရေးအသိဗဟုသုတရစေဖို့ ယခုဆောင်းပါးလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Fluza တို့မှ ပူးပေါင်းရေးသားတင်ဆက်ထားပါတယ်။