သွေးအားနည်းရောဂါရှိသူတိုင်းသိထားသင့်တဲ့ အချက်လေးများ

blank

စာချစ်သူတို့ရေ…

သွေးအားနည်းရောဂါဆိုတာလူအတော်များများရဲ့ဝန်းကျင်မှာမကြာခဏတွေ့ရပြီးကိုယ်တိုင် လည်းခံစားရနိုင်တဲ့ဝေဒနာတစ်ခုပါ။ သွေးအားနည်းရောဂါရဲ့ ယေဘုယျလက္ခဏာရပ်တွေကတော့ အားနည်းပြီးမောပန်းနွမ်းနယ်နေခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ အမောပန်းမခံနိုင်ခြင်း၊ လက်သည်းတွေကျိုးပဲ့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေဖျာလက်ဖျားတွေအေးခြင်းတို့ပဲဖြစ်ပါတယ်။ သွေးအားနည်းရောဂါရှိနေပြီဆိုရင် သိထားသင့်တဲ့အချက်လေးတွေ ရှိနေပါတယ်။

  • သံဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုနေ့စဉ်စားသောက်ပါ။
  • ဗီတာမင်- C ဓာတ်ကို ဖြည့်တင်းပေးပါ။
  • ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပါ။
  • ဆရာဝန်နဲ့တိုင်ပင်ပြီးသံဓာတ်အားဖြည့်ဆေးပုံမှန်မှီဝဲပါ။
  • ဗိုက်ထဲအစာမရှိတဲ့အချိန် သံဓာတ်အားဖြည့်ဆေးသောက်တာကိုရှောင်ပါ။

ကျန်းမာခြင်းဆိုတာလာဘ်ကြီးတစ်ပါးမို့ ရောဂါတစ်ခုဖြစ်လာပြီဆိုတဲ့အခါ သင့်တော်တဲ့ ကုသနည်းကိုအချိန်မီရှာတာအကောင်းဆုံးပါပဲ။ Feropacဟာသွေးအားနည်းရောဂါရှိသူများအနေနဲ့ နေ့စဉ်လိုအပ်တဲ့ သံဓာတ်ကိုဖြည့်တင်းပေးနိုင်တဲ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ တစ်နေ့တစ်လုံးသောက်ရုံနဲ့ သံဓာတ်ကိုအပြည့်ဝဆုံးဖြည့်ပေးမှာမို့ မိသားစုတိုင်းဆောင်ထားသင့်ပါတယ်။

စာချစ်သူများကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေ ရရှိစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင် မဂ္ဂဇင်းနဲ့ Feropacတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။