သိသိကြီးနဲ့ မလုပ်ဖြစ်ခဲ့တဲ့ အလှပအတွက် အလေ့အကျင့်ကောင်းများ

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

ကျွန်မတို့ရဲ့ အသားအရေအလှအပကို နေ့ဘက်တွေမှာပဲထိန်းသိမ်းရုံနဲ့ မလုံလောက်ဘူးဆိုတာ ကျွန်မတို့အားလုံးသိကြပါတယ်။ အသားအရေရဲ့ လှပနုပျိုမှုကို အစဉ်အမြဲပိုင်ဆိုင်ချင်ကြပေမယ့် ညဘက်မှာ ကမူးရှူးထိုးနဲ့ အိပ်ရာဝင်တတ်တာကလည်း ကျွန်မတို့ပါပဲ။ ဒါ့ကြောင့် လှပတဲ့အသားအရေပိုင်ဆိုင်ချင်သူတိုင်း ညအိပ်ခါနီး ပုံမှန်ပြုလုပ်ပေးသင့်တဲ့ အလှအပရေးရာနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင်။

၁။ မိတ်ကပ်တွေကို လုံးဝပြောင်အောင် ဖျက်ပါ။

ညအိပ်ရာမဝင်ခင် မိတ်ကပ်တွေ၊ မျက်တောင်ကော့ဆေးတွေကို ပြောင်စင်အောင်သန့်စင်လိုက်ခြင်းက အသားအရေကို လှပစိုပြေစေပါတယ်။ ချွေးပေါက်တွေကိုလည်း သန့်စင်စေတဲ့အပြင် ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ ခေါင်းအုံးမြင့်မြင့် သုံးပြီး အိပ်ပါ။

၂လက်မကနေ ၄လက်မကြားအမြင့်ရှိတဲ့ခေါင်းအုံးနဲ့ အိပ်စက်ခြင်းက ခန္ဓာကိုယ်တွင်းက သွေးကြောတွေရဲ့ စီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ မျက်ဝန်းအောက်က အရည်အိတ်ဖောင်းခြင်းနဲ့ မျက်ခွံမို့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ရေဓာတ်ဖြည့်ပေးတဲ့ hand cream လိမ်းပြီး အိပ်ပါ။

တစ်နေ့လုံး နေပူဒဏ်နဲ့ ဖုန်မှုန့်တွေကြောင့် ခြောက်ကပ်နေတဲ့ သင့်လက်တွေကို ညအိပ်ရာဝင်ခါနီးတိုင်း ဆေးကြောသန့်စင်ပြီး ရေဓာတ်ဖြည့်ပေးတဲ့ hand cream လိမ်းပေးပါ။ ဒီလို လိမ်းပေးခြင်းအားဖြင့် လက်အသားအရေကို ဖြူဝင်းစိုပြေစေပြီး လက်သည်းကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။

၎။ နူးညံ့တဲ့ခေါင်းအုံးစွပ်သုံးပါ။

ပိုး (သို့မဟုတ်) ဖဲနဲ့ ချုပ်လုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေကို အသုံးပြုခြင်းက သင့်ဆံပင်ကို အံ့သြစရာကောင်းလောက်အောင် လှပပျော့ပျောင်းစေပါတယ်။ ချည်သားခေါင်းအုံးစွပ်တွေကတော့ ဆံသားရဲ့ အပေါ်ယံအလွှာကို ပျက်စီးစေနိုင်ပါတယ်။ ပိုးသားခေါင်းအုံးစွပ် မသုံးချင်ဘူးဆိုရင်တောင် ချည်ပျော့သား (သို့မဟုတ်) လီနင်သားခေါင်းအုံးစွပ်တွေကို ၃ရက်တစ်ခါ လဲလှယ်အသုံးပြုသင့်ပါတယ်။

၅။ ဆံပင်ကိုစည်းနှောင်ပြီးမှ အိပ်ပါ။

ဆံပင်မှာကပ်ငြိနေတဲ့ အဆီတွေ၊ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေက ညအိပ်စက်တဲ့အခါ သင့်မျက်နှာပေါ်နဲ့ ခေါင်းအုံးတစ်လျှောက် ပျံ့နှံ့သွားနိုင်ပြီး အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီးတိုင်း သင့်ဆံပင်ကို သေချာစည်းနှောင်ပြီးမှ အိပ်စက်ပါ။

၆။ အိပ်ချိန် ၈နာရီခန့် အိပ်စက်အနားယူပါ။

အိပ်ရေးပျက်ခြင်းကြောင့် သွေးလည်ပတ်မှုအားနည်းသွားပြီး မျက်ဝန်းတစ်ဝိုက်ကသွေးကြောတွေကို ထိခိုက်စေတာကြောင့် မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ညတိုင်း ၈နာရီခန့် နှစ်ခြိုက်စွာအိပ်စက်အနားယူပါ။

၇။ အသားအရေအတွက် အရေးပါတဲ့ ဗီတာမင်-အီးကို နေ့စဉ်ဖြည့်တင်းပါ။

ဗီတာမင်-အီး ဟာ အရေးအကြောင်းတွေ၊ အမည်းစက်တွေ၊ တင်းတိပ်၊ မှဲ့ခြောက်၊ အသားအရေ ခြောက်သွေ့ခြင်းနဲ့ အရေပြားဆဲလ်ပျက်စီးမှုတွေကင်းဝေးစေပြီး ကျန်းမာလှပစေပါတယ်။  ဒါ့ကြောင့် Vitamin_E ကြွယ်ဝတဲ့အစားအစာတွေကို ဂရုတစိုက်နဲ့ စားသုံးပေးတဲ့အပြင်  ဗီတာမင် E ပါဝင်တဲ့ဖြည့်စွက်အားဆေးတွေကို နေ့စဉ်မှီဝဲပေးပါ။

အထက်ပါ အချက်လေးတွေက လက်တွေ့ကျင့်သုံးဖို့ လွယ်ကူပေမယ့် ကျွန်မတို့ကတော့ နေ့စဉ်မကျင့်သုံးဖြစ်ကြပါဘူး။ အလေ့အကျင့်ကောင်းတွေ စတင်ဖို့ဆိုတာ ဘာမှမခက်ပါဘူး။ ဥပမာ-Nature Vit E ဆိုရင် ဝယ်ရလွယ်ကူပြီး၊ ဈေးနှုန်းသင့်တင့်တယ်ဆိုတော့ အလှအပအတွက် ကျွန်မတို့ နည်းနည်းတော့ ကြိုးပမ်းအားထုတ်သင့်တယ်မဟုတ်လား။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် Nature Vit E နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။