ဝင်ငွေနည်းပေမယ့် ငွေကြေးကိစ္စကြောင့် ဇနီးမောင်နှံအကြား စကားများရန်ဖြစ်ရတာမျိုးမဖြစ်ရလေအောင်

blank

ငွေရှာခက်သလို သုံးရကြပ်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ ဇနီးမောင်နှံတွေကြားမှာ အများဆုံးဖြစ်တတ်တာက ငွေကြေးပြဿနာပါ။ အထူးသဖြင့် ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်နေရတဲ့ မိသားစုတွေမှာပေါ့။ ဒါ့ကြောင့် ဝင်ငွေနည်းပေမယ့် ငွေကြေးကိစ္စကြောင့် ဇနီးမောင်နှံနှစ်ဦးစကားများရန်ဖြစ်ရတာမျိုးမဖြစ်ရလေအောင် ငွေကြေးစီမံပုံလေးကို တင်ဆက်ပေးလိုက်ပါတယ်။

နံပါတ် တစ် “သူ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ ခွဲခြားတဲ့လုပ်ရပ်မျိုးကို ရှောင်ကြဉ်မယ်”

နံပါတ် နှစ် “ငွေကြေးရှာဖွေဖို့၊ အိမ်မှုကိစ္စစီမံဖို့ ကိုယ်စီကိုယ်စီ မျှတစွာ တာဝန်ယူမယ်”

နံပါတ် သုံး “ကိုယ်ရေးကိုယ်တာ အသုံးစရိတ်တွေကို တတ်နိုင်သလောက် လျှော့ချမယ်”

နံပါတ်လေး “ငွေကြေးသုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းစွာ ပြောဆိုမယ်”

အိမ်ထောင်ပြုပြီးသွားတဲ့အခါမှာ ခင်ပွန်းဖြစ်သူက အိမ်အတွက် စီးပွားရှာရသလို ဇနီးဖြစ်သူကလည်း အိမ်မှုကိစ္စတွေ၊ သားသမီးတွေရဲ့ ဝေယျာဝစ္စတွေကို ဇယ်ဆက်သလို လုပ်နေတာပဲ မဟုတ်လား။  အိမ်ထောင်တစ်ခုကို အဆင်ပြေပြေနဲ့ ပျော်ရွှင်စွာ ထိန်းသိမ်းနိုင်ဖို့ဆိုရင်တော့ ဝင်ငွေတွေကို ဘယ်လို စီမံမလဲဆိုတာကို ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သင့်ပါတယ်။

ငွေကြေးကိစ္စတွေဆိုတာ ပြဿနာတက်တဲ့အချိန်မှ ပြာပြာသလဲ ဖြေရှင်းတာမျိုးမလုပ်သင့်ပါဘူး။

  • ငွေရေးကြေးရေးအသုံးစရိတ်လေးတွေနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ပွင့်လင်းရိုးသားစွာ တိုင်ပင်ပြောဆိုပါ။
  • ငွေတွေကို တစ်ဦးတည်း အရမ်းမဲ့ အသုံးပြုတာမျိုး ရှောင်ကြဉ်ပါ။
  • ငွေအသုံးပြုမှု စာရင်းဇယား ထားပြီး နှစ်ဦးအကြားမှာ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပါ။

အခုဆိုရင် ဖုန်းထဲကနေငွေပေးချေမှုတွေလုပ်ဆောင်နိုင်တဲ့ e-wallet တွေ ခေတ်စားနေပါတယ်။ e-wallet တွေရဲ့အားသာချက်က ငွေပေးချေမှုတွေကို တိကျစွာလုပ်ဆောင်နိုင်ပြီး ငွေဝင်ငွေထွက်မှန်သမျှကို မှန်ကန်စွာ စာရင်းမှတ်ပေးပါတယ်။ ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်လုံး e-wallet တွေသုံးပြီး ငွေပေးချေမှုတွေလုပ်တယ်ဆိုရင် ပိုပြီးတိကျမယ်၊ ပိုပြီးပွင့်လင်းမြင်သာမှုရှိတာကြောင့် ငွေကြေးကိုကောင်းကောင်းစီမံနိုင်မှာပါ။ ဥပမာ- OK $ ဆိုရင် စတိုးဆိုင်တွေ၊ ဖုန်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ…စတဲ့ငွေပေးချေမှုတွေ တော်တော်များများကို လုပ်ဆောင်နိုင်ပါတယ်။ စာရင်းတွေကို သေသေချာချာမှတ်သားထားပြီး အပိုငွေမကုန်တာကြောင့် ဇနီးမောင်နှံအကြား  စာရင်ဇယားတွေ သေချာပြီပေါ့။

OK$ နဲ့ Oversea Top Up တွေလည်း လုပ်လို့ရတယ်….

ကားလက်မှတ်တွေလည်း မှာလို့ရတယ်….

မီးဖိုး၊ ရေဖိုးတွေလည်း ပေးချေလို့ရတယ်…

စလောင်းတွေလည်း ငွေဖြည့်လို့ရတယ်… ဆိုတော့ ခဲခြစ်စရာမလိုဘဲ ဖုန်းငွေဖြည့်နိုင်၊ ဟိုပြေးဒီပြေးစရာမလိုဘဲ ငွေပေးချေနိုင်ဆိုတော့ ဘာလိုသေးလဲပေါ့။

ဇနီးမောင်နှံတိုင်း OK မှာ စိုပြေပြီး ဘဏ္ဍာရေးအခြေအနေကြောင့် အငြင်းမပွားရအောင် ဒီစာစောင်လေးကို SHARE ထားလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း နဲ့ OK $ တို့မှ ရေးသားတင်ဆက်သည်။