လက်ထပ်တော့မယ့် ချစ်သူစုံတွဲတွေတိုင်း ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

blank

လက်ထပ်ခြင်းဆိုတာ လူသားနှစ်ယောက်သမားရိုးကျပေါင်းစည်းလိုက်ခြင်းထက် အဓိပ္ပာယ် တွေ အများကြီးပိုနေပါတယ်။ လက်ထပ်ပြီးမှ ဘဝစကြရတာမို့ ရိုးမြေကျအဆင်ပြေပြေပေါင်းဖက်နိုင်ဖို့ ဆိုရင် အောက်ပါအချက်လေးတွေကို သိထားဖို့လိုပါတယ်။

၁။ နှစ်ဦးနှစ်ဖက်မျှော်လင့်ထားတဲ့အရာလေးတွေအကြောင်း ကြိုတင်အသိပေးထားကြပါ။

သာယာတဲ့အိမ်ထောင်ရေးတစ်ခုရဲ့ အဓိကသော့ချက်က တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်းနဲ့ ရင်းရင်းနှီးနှီးရှိတာပါ။ ဖြစ်ချင်တာလေးတွေ၊ မျှော်လင့်ထားတာလေးတွေကို နှစ်ဦးနှစ်ဖက် ကြိုတင်သိ ထားခြင်းအားဖြင့် ရေရှည်မှာ နားလည်မှုတွေလည်းပိုတည်ဆောက်နိုင်စေပါတယ်။

၂။ ကျင်းပချင်တဲ့လက်ထပ်ပွဲပုံစံကို သေချာညှိနှိုင်းထားပါ။

လက်ထပ်ခြင်းဆိုတာ ကာယကံရှင်ချစ်သူနှစ်ဦးအပြင် နှစ်ဖက်မိသားစုပါ ပေါင်းစပ်ကြရတာမို့ ကြိုတင်ညှိနှိုင်းမထားရင် သဘောမတူညီစရာလေးတွေ ပေါ်နိုင်ပါတယ်။ အစကောင်းမှ အနှောင်းသေ ချာဆိုသလို အစကတည်းက နှစ်ဖက်သဘောတူကြိုတင်ပြင်ဆင်ထားရင် အပျော်ရွှင်ဆုံး မင်္ဂလာရက် လေးကို ပိုင်ဆိုင်ရမှာမလွဲပါဘူး။

၃။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး လမ်းညွှန်အကြံပြုထားတဲ့စာအုပ်လေးတွေကို ဖတ်ထားပါ။

အိမ်ထောင်ရေးသာယာစေဖို့ ကျွမ်းကျင်ပညာရှင်တွေက ရေးသားထားကြတဲ့ စာအုပ်လေးတွေ ကလည်း အိမ်ထောင်ရေးမှာ အမှားနည်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လက်မထပ်ခင်မှာ အိမ်ထောင်တစ်ခုကို ဘက်စုံကောင်းမွန်သာယာစေမယ့်အကြံပြုချက်စာအုပ်လေးတွေကို ရှာဖတ်ပါ။

၎။ ငွေကြေးနဲ့ပတ်သက်ပြီး ကြိုတင်ညှိနှိုင်းထားပါ။

လက်ထပ်ပြီးစုံတွဲတွေကွဲကွာသွားကြတဲ့ အကြောင်းရင်းအများစုထဲမှာ ငွေကြေးကိစ္စအချင်းများ ရတာလည်း ပါပါတယ်။ တစ်ယောက်ရဲ့ငွေကြေးအခြေအနေ တစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောပြ ထားပါ။ မိသားစုအတွက် စုချင်၊ သုံးချင်တဲ့ပုံစံကို ပြောပြထားပါ။ ဒါမှသာ ခုရှုပ်မှနောင်ရှင်း ဆိုသလို ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်ရေးမှာ အဆင်ပြေမှာပါ။

၅။ ရည်မှန်းချက်ပန်းတိုင်တွေ အတူတကွချမှတ်ပါ။

ဘယ်မှာအခြေချမယ်။ သားသမီးဘယ်နှယောက်ယူမယ်။ ဘယ်လိုပြုစုပျိုးထောင်မယ်စတဲ့ နှစ်ဦးအတူရည်မှန်းချက်တွေကို ကြိုတင်ချမှတ်ထားပါ။ အိမ်ထောင်တစ်ခုတည်ထောင်ပြီးနောက်မှာ သားသမီးဆိုတာလည်း မရှိမဖြစ် မိသားစုချည်တိုင်လေးတွေဖြစ်လာမှာမို့ ဒီအချက်က အရေးကြီးပါ တယ်။

ဒါ့အပြင် ယနေ့ခေတ်မှာ သားဆက်ခြားဖို့အတွက် သောက်ဆေး၊ ထိုးဆေးအပြင် IUD လို့ခေါ်တဲ့ သားဆက်ခြားကိရိယာလေးတွေကို ခန္ဓာကိုယ်တွင်း ထည့်သွင်းတာမျိုးလို နည်းလမ်း လေးတွေလည်း ရှိနေပြီမို့ နှစ်သက်ရာရွေးချယ်လို့ရနေပါပြီ။ ဒီအချက်လေးကို နှစ်ဦးသဘောတူ ချမှတ်ထားခြင်းအားဖြင့် သားသမီးကို လိုအပ်တဲ့အချိန်မှာ ရယူနိုင်ဖို့လည်း ပိုမိုအဆင်ပြေစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စာဖတ်ပရိသတ်များ သားဆက်ခြားခြင်းဆိုင်ရာ ဗဟုသုတလေးတွေရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Lydia တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။