တစ်လတစ်လ ဖုန်းဘေလ်ဖိုးတွေနဲ့ အကုန်အကျများနေပြီလား

blank

သင်ဖုန်းလေးကိုကြည့်လိုက်ပါ။ သင်ကသူ့ကို လက်ကမချနိုင်အောင် ဖြစ်နေသလောက် သူကတော့ တစ်လတစ်လ သင့်ပိုက်ဆံအိတ်ကို လုံးပါးပါးအောင် လုပ်နေတယ်မဟုတ်လား။ မုန့်ဝယ်စားဖို့သာ နှမြောတာ၊ ဖုန်းဘေလ်ဖြည့်ဖို့ကျ မနှမြောဘူးလေ။ ခက်တော့ခက်တယ်နော်… facebook တွေ၊ Instagram တွေဝင်ကြည့်မိရင် ဖုန်းဘေလ်တွေ၊ internet package ဆိုတာ ခဏလေးနဲ့ ကုန်သွားတာမဟုတ်လား။ ဒီတော့ လစဉ်လတိုင်း ကုန်နေတဲ့ ဖုန်းဘေလ်ဖိုးတွေကို လျှော့ချဖို့ အောက်မှာ နည်းလမ်းကောင်းလေးတွေ ဖော်ပြထားပါတယ်နော်။

၁။ သင့်တော်တဲ့ data plan တွေသုံးပါ။

ဒီတိုင်းအင်တာနက်သုံးတာထက် internet package တွေ၊ data plan တွေဝယ်ပြီးသုံးတာက ဖုန်းဘေလ် ပိုပြီး သက်သာစေပါတယ်။ ပြီးတော့ phone operator တစ်ခုနဲ့တစ်ခုကလည်း package နှုန်းထားတွေ မတူညီတာကြောင့် အသက်သာဆုံးဖုန်းလိုင်းကို ရွေးချယ်ပါ။

၂။ မလိုအပ်ဘဲ အင်တာနက်ဖွင့်မထားပါနဲ့။

Application တွေကနေ notification တွေတက်တိုင်း သုံးတဲ့ data ပမာဏတိုးသွားပါတယ်။ ဒါကြောင့် အင်တာနက်သုံးစရာမလိုဘူးဆိုရင် mobile data ပိတ်ထားပါ။

၃။ Data usage ကို ကန့်သတ်ပါ။

Background data ပိတ်ထားပါ။ Facebook ခဏလေးသုံးတာ package ကုန်သွားတယ်ဆိုတာ ဖုန်းထဲမှာရှိနေတဲ့ မလိုအပ်တဲ့ internet game တွေ၊ တခြား social media တွေက သူ့အလိုလို data တွေကို သုံးနေလို့ပါ။ ပြီးတော့ မလိုအပ်တဲ့ application တွေအတွက် notification ကို ပိတ်ထားပါ။

၎။ Promotion တွေကို ရှာပါ။

ဖုန်းခေါ်ခ တစ်မိနစ်ဘယ်လောက်၊ message တစ်စောင် ဘယ်လောက်ဆိုပြီး promotion ပေးတဲ့ အစီအစဉ်တွေကို အမိအရယူပါ။

၅။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အစီအစဉ်တွေရှာပါ။

တချို့ဆိုရင် ဖုန်းဘေလ်ဘယ်လောက်ထည့်ရင် ဘယ်လောက်အပိုဆုပေးတယ်ဆိုတာတွေ ရှိပါတယ်။ ဒီလိုဆိုတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး ဖုန်းဘေလ်ချွေတာရာ ရောက်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… အခုဆိုရင် ဖုန်းအော်ပရေတာတွေကနေ ဖုန်းဘေလ်တွေ၊ package တွေကို အပြိုင်အဆိုင်လျှော့ဈေးတွေပေးနေပါတယ်။ အခုနောက်ဆုံးထွက်တဲ့ Mytel ဆိုရင်လည်း ဖုန်းပြောခတွေ၊ အင်တာနက်နှုန်းထားတွေကို တော်တော်လေးသက်သာအောင် လျှော့ချပေးထားတာကို တွေ့ရပါတယ်။ ဒီလိုဈေးသက်သာတာလေးတွေကို သုံးတော့ အသုံးစရိတ်တွေ ပိုပြီးကာမိတာပေါ့။

ပြီးတော့ ဒီလို ဖုန်းသုံးရင်း ကံထူးနိုင်မယ့် အစီအစဉ်လေးတွေလည်း ရှိနေပါတယ်။ MyTel ရဲ့ Shake Application လေးကနေ ရနိုင်မယ့် Shake The Amazing ဆိုတဲ့ promotion အစီအစဉ်လေးပါ။ ဒီအစီအစဉ်လေးကို https://mytel.com.mm ဆိုတဲ့ website ကနေပဲဖြစ်ဖြစ်၊ Mytel application ကနေပဲ ဖြစ်ဖြစ်၊ *966# ကို ဖုန်းခေါ်ပြီးတော့ပဲဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ လှုပ်လိုက်ရုံနဲ့ iPhone X၊ ပညာသင်ထောက်ပံ့ကြေးနဲ့ Gb ပေါင်းထောင်ချီတဲ့ ဆုလက်ဆောင်တွေကို ကံစမ်းရယူနိုင်မှာပါ။ ကဲ… ဒီလို Mytel ကို သုံးတော့ ဖုန်းဘေလ်ကုန်ကျစရိတ်လည်းသက်သာ၊ ဆုလက်ဆောင်တွေကိုလည်းရယူနိုင်ပြီလေ။ ပြီးတော့ Mytel application ကို download ဆွဲထားရင် တခြားဝန်ဆောင်မှုတွေကိုပါ ရယူနိုင်မှာပါ။

ဖုန်းဘေလ်အသုံးကြမ်းတဲ့သူတွေအတွက် ဒီစာစောင်လေး SHARE ပြီး သတိပေးလိုက်ဦးနော်။

စာဖတ်ပရိသတ်ကြီး ဖုန်းဘေလ်တွေ ပိုမိုချွေတာနိုင်စေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့  Mytel မှ ပူးပေါင်းတင်ဆက်သည်။

MyTel application လေးကို ဒီ link လေးထဲဝင်ပြီး download ရယူနိုင်ပါတယ်။>>>http://bit.do/enbTj