အချုပ်အနှောင်ကနေ လွတ်အောင်ဘယ်လိုပြေးရမလဲ ကူစဉ်းစားပေးကြပါဦး။

blank

ဂျက်ဆိုတဲ့ကောင်လေးဟာ ညစ်ပတ်နေတဲ့ကြမ်းပြင်နဲ့ နံရံတွေ မြင့်မားတဲ့ပြတင်းပေါက်တစ်ပေါက်ကလွဲရင် ဘာမှမရှိတဲ့ အလုံပိတ်အခန်းတစ်ခန်းမှာ အကျဉ်းချခံထားရခဲ့တယ်။ အခန်းတစ်ခန်းလုံးမှာ ဂေါ်ပြားတစ်ခုကလွဲရင် ဘာမှလည်းမရှိဘူးတဲ့။ အဲဒီအခန်းဟာပူလောင်ပြီး ထိုင်းမှိုင်းနေတော့တာပေါ့။ သူ့မှာဘာမှစားစရာသောက်စရာမရှိတော့ နှစ်ရက်လောက်နေရင်အစာငတ်ပြီး သေနိုင်တယ်တဲ့။ ဒါကြောင့်သူဟာ အဲဒီကနေ ထွက်ပြေးနိုင်မယ့် နည်းလမ်းကို စဉ်းစားတွေးတောနေတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဂျက်ဟာ အပြင်ဘက်ကို လှိုင်ခေါင်းတူးပြီး သွားလို့မရပါဘူး။ ဘာလို့လဲဆိုတော့ လှိုင်ခေါင်းတူးပြီး သွားရင် နှစ်ရက်လောက်ကြာမှာဖြစ်ပြီး ဂျက်က အဲဒီလောက်ထိ အားလည်းမရှိပါဘူး။

ဂျက်အပြင်ဘက်ကို ထွက်နိုင်မယ့်နည်းလမ်းကို စဉ်းစားပေးပါဦးနော်။