ကမ္ဘာတစ်လွှားက ထူးခြားအံ့သြဖွယ်ရာ အလေ့အထများ (၁)

blank

         လူတွေဟာ သူတို့ချစ်ရသူတွေ သေဆုံးတဲ့အခါ နည်းလမ်းအမျိုးမျိုးနဲ့ ပူဆွေးကြပါတယ်။ ဒါနီလူမျိုးစုတွေရဲ့ ပူဆွေးမှုကတော့ ထူးခြားလွန်းတယ်။ သူတို့က သူတို့ချစ်ရတဲ့မိသားစုဝင်တစ်ယောက်ယောက် သေဆုံးရင် လက်ချောင်းတွေကိုဖြတ်ပြီး ဝမ်းနည်းမှုကို ဖော်ပြကြတယ်။

ဒီဓလေ့ကို အစိုးရက ပိတ်ပင်ထားပေမဲ့ ဒါနီအဘွားအိုတွေမှာတော့ ဒီဓလေ့က တွေ့နေရတုန်းပါပဲ။

အသုဘအခမ်းအနားမှာ မိန်းမတွေဟာ ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ လက်ချောင်းတစ်ချောင်းကို လက်ဆစ်လေးတွေကနေ ဖြတ်လိုက်ပါတယ်။ တစ်ယောက်သေရင် လက်တစ်ဆစ်ပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လက်ဆစ်ကို မဖြတ်ခင်မှာ လက်ချောင်းအောက်ခြေနားလေးကိုကြိုးလေးနဲ့ တင်းတင်းလေးချည်ထားပြီး မိနစ် ၃ဝ လောက်ထားပါတယ်။ ဒီလိုကြိုးချည်ထားတော့ လက်ချောင်းကထုံပြီး နာကျင်တာလည်းမသိရ၊ သွေးတွေလည်း ဒလဟောမကျတော့ဘူးပေါ့။

လက်ချောင်းတွေကို ဖြတ်ပြီးပြီးချင်းမှာ ဖြတ်ထားတဲ့ဒဏ်ရာကို သံပူ၊ ဆေးပူနဲ့တို့ပြီး သွေးတိတ်အောင် အနာကျက်အောင် လုပ်လိုက်ပါတယ်။ ဖြတ်လိုက်တဲ့ လက်ဆစ်လေးကိုတော့ အခြောက်ခံပြီးသိမ်းချင်သိမ်း၊ ဒါမှမဟုတ်ရင် မီးရှို့ပစ်ကြပါတယ်။

သင့်ထင်မြင်ချက်လေးတွေမျှဝေခဲ့နိုင်ပါတယ်။