အိမ်ထောင်ဖက်ကိုပါရမီဖြည့်ပေးဖို့ရာ အလုပ်ထွက်ဖို့ စဉ်းစားနေတဲ့ အိမ်ရှင်မများအတွက် မှာတမ်း

blank

ဂန္ထဝင်စာချစ်သူများရှင်…..

ယနေ့ခေတ်ကြီးမှာ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေကိုယ်စီနဲ့ လှုပ်ရှားရုန်းကန်လာကြပါတယ်။ ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာ ရည်မှန်းချက်တွေကတစ်ဖက် အိမ်ထောင်ရှင်မဆိုတဲ့ တာဝန်ကတစ်ဖက်နဲ့ အမျိုးသမီးတွေ ဗျာများရတဲ့ ကာလပါ။ အထူးသဖြင့်လုပ်ငန်းခွင်မှာ ထိုက်သင့်တဲ့အောင်မြင်မှုရရှိထားတဲ့ အမျိုးသမီးတွေပေါ့။ အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာ ခင်ပွန်းသည်ကို ပါရမီဖြည့်ပေးဖို့အတွက် အလုပ်ထွက်ဖို့ စဉ်းစားကြတယ်။

အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာ အလုပ်ထွက်လိုက်တာဟာ ဘယ်လိုအကျိုးဆက်တွေဖြစ်စေနိုင်လဲ။

မိမိအလုပ်ထွက်လိုက်ပြီးတဲ့နောက် ခင်ပွန်းသည်ကို တကယ်ရောအပြည့်အဝပါရမီဖြည့်ပေးနိုင်မှာလားဆိုတာကို ချင့်ချိန်နိုင်ဖို့ အောက်ပါမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကိုမေးကြည့်လိုက်ရအောင်….။

၁။ အမှီအခိုကင်းမှုနဲ့ လွတ်လပ်မှုတွေကို စတေးပစ်နိုင်လား။

၂။ ကိုယ့်ဝင်ငွေကိုယ်ရှာနိုင်တုန်းကလို စိတ်တိုင်းကျသုံးစွဲခွင့်မရတော့ဘဲ တစ်ခုခုဝယ်ချင်ပြီဆိုရင် ခင်ပွန်းသည်ဆီက လက်ဖြန့်တောင်းနေမယ့် စိတ်အခြေအနေကို ရင်ဆိုင်နိုင်ပြီလား

၃။  ခင်ပွန်းသည်ကို ပါရမီဖြည့်ပေးရင်း ကိုယ်တိုင်ရဲ့ ရပ်တည်ချက်ပျောက်ဆုံးသွားတဲ့အခါ ကိုယ့်ရဲ့ရပ်တည်မှုအဆင့်နိမ့်သွားတာကို ခံနိုင်ရည်ရှိပြီလား။

၎။ ဘဝတစ်လျှောက်လုံး အချိန်ပေးပြီး စိုက်ထုတ်ခဲ့ရတဲ့ ကြိုးစားမှုတွေ၊ ရယူခဲ့တဲ့အတွေ့အကြုံတွေကို ခင်ပွန်းသည်ရဲ့ ဘေးနားမှာပေးဆပ်မှုသက်သက်နဲ့ ရပ်တည်ပြီးမေ့ပစ်နိုင်ပြီလား။

၅။ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေနဲ့ ဆက်ဆံရေးတွေလျှော့နိုင်ပြီလား။

၆။ လက်မထပ်ခင် အလုပ်လုပ်နေတုန်းမှာ အလုပ်နဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကို အလုပ်ထွက်လိုက်တာနဲ့ တစ်ပြိုက်နက် စတေးပစ်ရတော့မှာပါ။ ဇနီးကောင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးအိပ်မက်တွေကို မြှပ်နှံနိုင်ပြီလား။

၇။ လက်မထပ်ခင်က တဆင့်ချင်းတိုးအောင် ကြိုးစားခဲ့တဲ့ ရာထူးဂုဏ်ရှိန်တွေကို စွန့်လွှတ်နိုင်ပြီလား။

၈။ အလုပ်ကိုယုံကြည်မှုအပြည့်နဲ့ လုပ်တတ်တဲ့မိန်းမတစ်ယောက်ဘဝကနေ သာမန်အိမ်ရှင်မတစ်ယောက်ဖြစ်သွားတဲ့အခါ ကြုံတွေ့ရမယ့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ပြီလား။

စာချစ်သူတို့ရေ…

ယောက်ျားလေးတစ်ယောက် လူပျိုဘဝကနေ အိမ်ထောင်ရှင်ဘဝကို ခြေစုံပစ်ဝင်လိုက်တဲ့အခါ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေက လက်ချိုးရေလို့ရပေမယ့် ကျွန်မတို့ အမျိုးသမီးတွေအတွက်ကတော့ ပြောပြလို့မရနိုင်တဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ကြရပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာ အလုပ်ထွက်ဖို့ မထွက်ဖို့ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်သာ ဖြစ်သင့်ပါတယ်။ ခင်ပွန်းသည်ကို ပါရမီဖြည့်ပေးဖို့၊ ကလေးအစောတလျဉ်ယူစေဖို့ ဆိုတဲ့ဖိအားတွေကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ပျော်ရွှင်လွတ်လပ်မှုတွေကို မစတေးသင့်ပါဘူး။ အဲဒီလိုဖိအားတွေကြောင့် မိမိရဲ့ အလုပ်အကိုင်နဲ့ ရည်မှန်းချက်တွေကို စွန့်လွတ်လိုက်တာက ရေတိုမှာအဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ ပေါက်ကွဲလာပြီး အိမ်ထောင်ရေးမှာ ကတောက်ကဆတွေ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်…

အိမ်ထောင်မပြုခင်ကတည်းက အိမ်ထောင်ရေးအစီအစဉ်တွေကို စနစ်တကျသတ်မှတ်ထားပါ။

အလုပ်ဆက်လုပ်မယ်ဆိုတာ ခင်ပွန်းလောင်းကို သေချာပြောပြထားပြီးနားလည်မှုယူထားပါ။

အိမ်ရှင်မတွေ ကိုယ်ပိုင်ရပ်တည်ချက်ရှိတာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိနေတယ်ဆိုတာကို ခင်ပွန်းသည်ကို ရှင်းပြထားပါ။

ကလေးယူမယ့်အရေအတွက်၊ အသက်အရွယ်အပိုင်းအခြားတွေကိုလည်း သေချာသတ်မှတ်ထားပါ။

ကလေးငယ်တွေရဲ့ အသက်အရွယ်ကွာဟမှု၊ ကလေးအရေအတွက်စတာတွေဟာ အိမ်ရှင်မတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာသက်ရောက်မှုရှိတာကြောင့် မှန်ကန်စိတ်ချရတဲ့ သားဆက်ခြားနည်းတွေကို အသုံးပြုပြီးသားဆက်ခြားဖို့လည်း လိုပါတယ်။ သောက်ဆေးလို၊ သုံးလခံထိုးဆေး၊ တစ်လခံထိုးဆေးလို နည်းလမ်းတွေကို အသုံးပြုလို့ရသလို IUD တွေကိုအသုံးပြုပြီးတော့လည်း မိသားစုအနာဂတ်ကို လိုသလို ထိန်းချုပ်စီစဉ်ထားလို့ရပါတယ်။ စိတ်ချရတဲ့ သားဆက်ခြားနည်းဆိုတာ အိမ်ရှင်မတွေရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် အရေးပါတဲ့ ကူညီမှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း Lydia က အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရပြီး ဘေးကင်းတဲ့ သားဆက်ခြားပစ္စည်းတွေကို တင်ဆက်ပေးနေတာပေါ့။ အမျိုးသမီးတွေရဲ့ အနာဂတ်ဟာ အမျိုးသမီးတွေကိုယ်တိုင်ရွေးချယ်ထားတဲ့အရာသာဖြစ်ရမယ်လို့ Lydia ကယုံကြည်ပါတယ်။

“အမျိုးသမီးများအတွက် အားထားရာ စိတ်ချစေတာ Lydia”