စိတ်ဖိစီးမှုတွေကြား ရုန်းကန်နေရတဲ့ ယနေ့ခေတ်လူငယ်များရဲ့ဘဝ

blank

ယနေ့ခေတ်လူငယ်အများစုရဲ့စိတ်ထဲမှာ အကြောင်းအရင်းမရှိတဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေက နာတာရှည်ရောဂါလို နှိပ်စက်နေပါတယ်။ အမေရိကန်စိတ္တဗေဒအသင်းကြီးရဲ့ အဆိုအရ အသက် ၁၈နှစ်ကနေ ၃၅ နှစ်ကြားလူငယ်အများစုဟာ အခြားမျိုးဆက်တွေထက် စိတ်ဖိစီးမှုတွေ ပိုများနေကြောင်း သိရပါတယ်။ ကျောင်းသားတွေဆိုရင်လည်း ပညာရေးအတွက် ကြိုးစားရင်း စိတ်ဖိစီးနေရသလို အလုပ်ခွင်က လူငယ်တွေမှာလည်း ကုန်ဈေးနှုန်း၊ အလုပ်ကိစ္စတွေကြောင့် စိတ်ဖိအားတွေ များနေပါတယ်။

ဒီလိုစိတ်ဖိစီးမှုတွေ ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲဆိုရင် အများစုက စီးပွားရေးကို လက်ညှိုးထိုးကြပါတယ်။ မတည်ငြိမ်တဲ့စီးပွားရေးအခြေအနေတွေကြား အလျဉ်မီအောင် ဝင်ငွေရှာရတာ၊ အလုပ်တွေ တိုးတက်အောင် ကြိုးစားရတာဟာ လူငယ်တွေအတွက်တော့ တကယ့်စိတ်ဖိစီးမှုတွေပါ။ တကယ်တမ်းအရင်းစစ်ကြည့်တဲ့အခါမှာ ငွေကြေးနဲ့ အလုပ်ကြောင့်အပြင် ကျန်းမာရေးနဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးကလည်း စိတ်ဖိစီးစေတဲ့ အဓိကအကြောင်းရင်းကြီးတွေ ဖြစ်နေပြန်ပါတယ်။

လူငယ်တွေရဲ့ ငွေကြေးနဲ့ အလုပ်ခွင်အောင်မြင်မှုတွေမှာ ကြောက်ရွံ့စိတ်လေးတွေ ကပ်ပါနေတတ်ပါတယ်။ လူငယ်တွေဟာ ဝင်ငွေမလုံလောက်မှာ၊ အောင်မြင်မှုမရမှာကို ကြောက်ရွံ့စိတ်နဲ့ ကြိုးစားရုန်းကန်နေကြပါတယ်။ အောင်မြင်သွားတဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေ မလျော့ကျနိုင်တဲ့အပြင် ပိုလို့တောင်တိုးလာနိုင်ပါတယ်။ ရာထူးတိုးရင် အလုပ်ပိုလုပ်ရမယ်၊ အလုပ်ပိုလုပ်ရရင် ပိုစိတ်ဖိစီးမှုများမယ်။ အဲဒီလိုပဲ ဝင်ငွေများများရလေလေ ပိုကောင်းတဲ့ကျောင်းတွေ၊ ပိုကောင်းတဲ့ကားတွေ၊ ပိုကောင်းတဲ့မျှော်လင့်ချက်တွေကြောင့် ပိုပြီးစိတ်ဖိစီးရဦးမှာပါပဲ။ ကျားကြီးလို့ ခြေရာသေးမသွားပါဘူး၊ ကျားကြီးတာနဲ့အမျှ ခြေရာကြီးလာမှာမဟုတ်လား။

ကံမကောင်းစွာပဲ စိတ်ဖိစီးမှုတွေများနေသလောက်၊ စိတ်ဖိစီးမှုတွေကို ကောင်းစွာလျှော့ချနိုင်မယ့် အခွင့်အရေးမရှိကြပါဘူး။ စိတ်ဖိစီးမှုတွေ လျှော့ချဖို့ လေ့ကျင့်ခန်းလုပ်ချိန်မရှိဘူး၊ အားကစားလုပ်ချိန်မရှိဘူး၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နိုင်ဖို့ ချက်ပြုတ်ချိန်မရှိဘူး၊ စိတ်တည်ငြိမ်အောင် တရားထိုင်ချိန်မရှိဘူး၊ အလုပ်ကိစ္စတွေက နေ့စဉ်ဘဝကို လက်ဝါးကြီးအုပ်ထားသလို ဖြစ်နေပါတယ်။ ဒီလိုနဲ့ အလုပ်-စိတ်ဖိစီးမှု-ငွေကြေး ဆိုပြီး မဆုံးနိုင်တဲ့သံသရာမှာ တဝဲလည်လည်ဖြစ်နေကြတာပေါ့။

မိသားစုရေးရာနဲ့ကြည့်မယ်ဆိုရင်လည်း အခုခေတ်လူငယ်တွေဟာ အရင်မျိုးဆက်တွေထက် လက်ထပ်ခြင်းကို စိတ်ဝင်စားမှုလျော့နည်းလာကြပါတယ်။ မိန်းကလေးတွေဟာလည်း ကိုယ့်ဘဝကို ကိုယ်တိုင်ရပ်တည်လာကြပြီး မှီခိုလိုစိတ်တွေ မရှိကြတော့ဘူး။ လက်ထပ်လိုက်ခြင်းကြောင့် ဖြစ်လာမယ့် လူမှုရေးပြဿနာတွေ၊ စီးပွားရေးပြဿနာတွေကို ကြိုတင်ရှောင်ရှားတဲ့အနေနဲ့ လက်ထပ်ဖို့ စိတ်မကူးကြတော့ဘူး။ အချို့မိန်းကလေးတွေဆိုရင် အိမ်ထောင်သည်ဘဝ၊ မိခင်ဘဝရောက်ဖို့တောင် စိတ်မကူးကြတော့ပါဘူး။ ဒီလိုနဲ့ လူငယ်အများစုဟာ သီးသန့်နေတတ်တဲ့ တစ်ကိုယ်တည်းသမားတွေဖြစ်လာကြပြီး စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါမှာလည်း တိုင်ပင်ရင်ဖွင့်ဖော်ရှားပါးလာတတ်ပါတယ်။

ဒီတော့ လူငယ်တွေမှာ ဖြစ်ပေါ်နေတဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ။ ဒီနည်းလမ်းလေးတွေက လူငယ်တွေကို ကျန်းမာပြီး စိတ်ပေါ့ပါးပျော်ရွှင်စေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ အရာရာကို ဂရုစိုက်တတ်အောင်လေ့ကျင့်ပါ။ ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါ။

၂။ အိမ်ပြင်ထွက်ပြီး သဘာဝတရားကြီးနဲ့အတူ အချိန်ဖြုန်းပါ။

၃။ တကယ်အရေးကြီးပြီး ဦးစားပေးရမယ့်အလုပ်တွေအတွက်ပဲ အချိန်အား၊ လူအားစိုက်ထုတ်ပါ။

၎။ တကယ်ဝါသနာပါတဲ့အားကစားတစ်ခုခု လုပ်ဖြစ်အောင် နည်းလမ်းရှာပါ။

၅။ ပရဟိတလုပ်ပါ။

၆။ လူမှုကွန်ရက်တွေအသုံးပြုတာကို တတ်နိုင်သလောက် လျှော့ချပါ။

၇။ ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအသောက်တွေကိုပဲ စားပါ။

၈။ ပုံမှန်ဝင်ငွေနဲ့ လောက်အောင် ချင့်ချိန်သုံးစွဲပါ။

၉။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ အနုပညာတစ်ခုခုကို လိုက်စားပါ။

၁ဝ။ ရုပ်နာမ်နှစ်ပါးစလုံးကို ကျန်းမာအောင် ဂရုစိုက်ပါ။

၁၁။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လောက်မွေးပါ။

၁၂။ လောကမှာ ဘယ်အရာမှ မပြည့်စုံဘူးဆိုတာကို သတိရပါ။

၁၃။ ဘာသာတရားလိုက်စားပါ။

၁၄။ နေ့တိုင်းနေ့တိုင်း လူတစ်ယောက်ကို ဆက်သွယ်ပြီး စကားပြောပါ။ မိသားစုဝင်ဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ်ပေါ့။

၁၅။ ကိုယ်ခံအားကောင်းပြီး နေ့ရက်တိုင်းလန်းဆန်းတက်ကြွနေစေဖို့ ဗီတာမင် C ဖြည့်စွက်စာ၊ ဖြည့်စွက်အားဆေးတွေကို နေ့စဉ်ပုံမှန်မှီဝဲပေးပါ။ ဥပမာ – Enervon C လိုမျိုးပေါ့။

Enervon C မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C 500 Mg နှင့် ဗီတာမင် ဘီဒြပ်ပေါင်းစု တွေပါဝင်တာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပါတယ်။ ခက်ခဲပင်ပန်းတဲ့ နေ့ရက်တွေကို Enervon C နဲ့အတူ အကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။