e-Wallets သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်လဲ

blank

           နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးဆိုတာ ရွာကြီးတစ်ရွာလို ဖြစ်လာပြီတဲ့။ နည်းပညာတိုးတက်မှုတွေကြောင့် လူသားတွေရဲ့ နေ့စဉ်ဘဝတွေကလည်း ပိုပြီး လွယ်ကူလာတယ်။ အဲဒီထဲမှာမှ အကောင်းဆုံးတီထွင်မှုတစ်ခုက Mobile wallet (ဒါမှမဟုတ်) e-Wallets တွေပါပဲ။

Mobile wallet (ဒါမှမဟုတ်) e-Wallets တွေဆိုတာ ဖုန်း application ကနေတဆင့် ငွေပေးငွေယူကိစ္စတွေ၊ ငွေပေးချေမှုကိစ္စတွေကို ဆောင်ရွက်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ဆိုင်တွေနဲ့ ချိတ်ဆက်ထားပြီး အဲဒီဆိုင်အတွက် ငွေပေးချေမှုတွေကို ဖုန်းထဲကနေ တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်တဲ့ application တစ်ခုပေါ့။

ဒီလို e-Wallets တွေကို သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာ အောက်မှာ ဆက်လက်ပြီးတော့ ဖတ်ကြည့်ရအောင်နော်။

၁။ အလွယ်တကူ အသုံးပြုနိုင်တယ်။

e-Wallets တွေကို စတင်အသုံးပြုဖို့ သိပ်ကိုလွယ်ပါတယ်။ အင်တာနက်ကနေ application ကို အလွယ်တကူ download ဆွဲပြီးရယူနိုင်ပါတယ်။ ပြီးတော့ ဖုန်းထဲကနေပဲ မှတ်ပုံတင်နံပါတ်တွေ၊ ကိုယ်ရေးအချက်အလက်တွေဖြည့်ပြီး စတင်အသုံးပြုနိုင်ပါတယ်။ သုံးရလွယ်သလို security ကလည်း မြင့်ပါတယ်။

၂။ အလွယ်တကူ ငွေဖြည့်သွင်းနိုင်တယ်။

e-Wallets တွေထဲကို ဘဏ်တွေကနေတဆင့်ငွေဖြည့်သွင်းနိုင်သလို e-Wallet ကုမ္ပဏီက သတ်မှတ်ဖွင့်လှစ်ထားတဲ့ ကိုယ်စားလှယ်တွေဆီမှာလည်း အလွယ်တကူ ငွေဖြည့်သွင်းနိုင်ပါတယ်။

၃။ အသုံးကျယ်ပြန့်တယ်။

မီတာခ၊ ရုပ်သံလိုင်းကြေး၊ ဖုန်းဘေလ် စတဲ့ ငွေပေးဆောင်မှုတွေကိုလည်း e-Wallets တွေကနေ အလွယ်တကူ ပေးဆောင်နိုင်တာကြောင့် အသုံးပြုသူတွေအနေနဲ့ အချိန်ကုန်လူပန်း သက်သာစေပါတယ်။ တချို့ e-Wallets တွေမှာဆိုရင် gift cards တွေ၊ နိုင်ငံခြားဖုန်းအတွက် ဖုန်းဘေလ်တွေကိုပါ ဝယ်ယူနိုင်နေပြီလို့ သိရပါတယ်။

၎။ တိကျသေချာတယ်။

ငွေအဝင်အထွက် စာရင်းတွေကို တိကျစွာ မှတ်တမ်းတင်ပေးထားတာကြောင့် တစ်လစာ ဝင်ငွေထွက်ငွေစာရင်းကို သီးသန့်လုပ်စရာ မလိုတော့ဘူး။ ပြီးတော့ ငွေတစ်ကျပ် တစ်ပြားကအစ တိကျစွာ ပေးချေနိုင်တော့ “အနုတ်မရှိလို့ ဘာအမ်းလိုက်တယ်၊ ညာအမ်းလိုက်တယ်” ဆိုတာ မရှိတော့ဘဲ ငွေကို ပိုမိုချွေတာနိုင်ပါတယ်။

၅။ သူ့အချိန်နဲ့သူ စီစဉ်နိုင်တယ်။

တချို့ e-Wallets တွေမှာ ဘယ်နေ့မှာ ဖုန်းဘေလ် ဘယ်လောက်ဖြည့်ရမယ်ဆိုတာကို ကြိုပြီး အချိန်သတ်မှတ်ထားလို့ရပါတယ်။ ဥပမာ ၁၇ ရက်နေ့ ဖုန်းဘေလ်ရမယ်ဆိုတာကို မှတ်ထားလိုက်ရင် ၁၇ ရက်နေ့မှာ သူ့ဘာသာသူ အလိုလို ဖုန်းဘေလ်ဖြည့်ပြီးသား ဖြစ်သွားပါတယ်။ ရက်နဲ့ ပမာဏနဲ့ သတ်မှတ်ချွေတာပြီး ဖုန်းဘေလ်သုံးချင်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

၆။ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ လျှော့ဈေးအစီအစဉ်တွေရှိတယ်။

e-Wallets တော်တော်များများက လူတွေအသုံးများလာအောင် ပရိုမိုးရှင်းတွေ၊ လျှော့ဈေးတွေ၊ ပြန်အမ်းငွေတွေ၊ လက်ဆောင်တွေပေးပြီး ဆွဲဆောင်ကြပါတယ်။ ဘာပဲပြောပြော e-Wallets တွေသုံးရင် သူများတွေထက်ပိုသာတဲ့ အခွင့်အရေးတွေ ရနိုင်မှာပါ။

၇။ ငွေလွှဲငွေပို့ခြင်းတွေကို လျှင်မြန်စွာဆောင်ရွက်နိုင်တယ်။

e-Wallets တွေရဲ့ အကောင်းဆုံးအားသာချက်ကတော့ ငွေလွှဲငွေပို့တာတွေကို ဘဏ်သွားစရာမလို၊ ထိုင်ရာကမထဘဲ အမြန်ဆုံးလုပ်ဆောင်နိုင်တာပါ။ များသောအားဖြင့် ငွေလွှဲခတွေလည်း သက်သာကြပါတယ်။ အချိန်မရွေး၊ နေရာမရွေး ငွေလွှဲငွေပို့နိုင်ခြင်းက သူတို့ရဲ့ အားသာချက်တစ်ခုပါ။

ဒီ e-Wallets တွေကို နိုင်ငံတကာမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါပြီ။ ကျွန်မတို့မြန်မာနိုင်ငံမှာလည်း e-Wallets တွေ ခေတ်စားလာပါပြီ။ ဥပမာ – OK $ လိုပေါ့။ OK $ မှာဆိုရင် ဖုန်းဘေလ်ဖြည့်တာတွေ၊ ငွေလွှဲငွေပို့တာတွေ၊ ငွေပေးချေတာတွေကို ဆောင်ရွက်နိုင်ပါတယ်။ မီတာခ၊ ရုပ်သံလိုင်းခတွေကိုလည်း ပေးဆောင်နိုင်ပါတယ်။ အများထက်သာတဲ့ promotion တွေ အမြဲပေးလေ့ရှိတာကြောင့် e-Wallets သုံးချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။