အကြောပြတ်ရာတွေ ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ။

blank

အကြောပြတ်ရာတွေဆိုတာ ကိုယ်ဝန်ဆောင်တွေမှ မဟုတ်ပါဘူး… အမျိုးသား၊ အမျိုးသမီးမရွေးဖြစ်တတ်ပါတယ်။ အရေပြားပေါ်မှာ ခြစ်ရာတွေလို အမာရွတ်တွေဖြစ်ပါတယ်။ အကြောပြတ်ရာတွေဆိုတာ အပေါ်ယံအရေပြား ဆွဲဆန့်ပြီး တင်းအားကျော်လွန်သွားတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အကြောပြတ်ရာတွေ ဖြစ်ရခြင်းအကြောင်းရင်းနဲ့ ပတ်သက်ပြီး လူတွေကြားမှာ အယူအဆလွဲနေတာလေးတွေ ရှိနေပါတယ်။ ဒီတော့ အကြောပြတ်ရာဖြစ်ရတဲ့ အကြောင်းရင်း (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်အလေးချိန်လျှင်မြန်စွာတိုးတက်လာခြင်းနဲ့ အဝလွန်ရောဂါဖြစ်ခြင်း

ကိုယ်အလေးချိန်အရမ်းတိုးပြီး ဝလာရင်လည်း အကြောပြတ်တတ်ပါတယ်။ အဆီစုလာတဲ့နေရာတိုင်းမှာ အကြောပြတ်ရာဖြစ်တတ်ပါတယ်။ အကြောပြတ်ရာ အကြီးအသေးနဲ့ ပမာဏက လူတစ်ယောက်ဘယ်လောက်ဝလာလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အချိန်တိုတိုလေးအတွင်းမှာ များများဝလာလေ၊ အကြောပြတ်ရာတွေ ပိုဆိုးလေပါပဲ။

၂။ ကြီးထွားဖွံ့ဖြိုးမှုနှုန်းမြန်ဆန်ခြင်း

တချို့ဆယ်ကျော်သက်လေးတွေ ခန္ဓာကိုယ်မှာ အကြောပြတ်ရာတွေ ပေါ်လာတတ်ပါတယ်။ ဝလာတာ၊ ကိုယ်အလေးချိန်တိုးလာတာတွေ မရှိပဲနဲ့ပေါ့။ ကလေးကနေ လူကြီးအဖြစ်ကို ပြောင်းတဲ့ အရွယ်ရောက်လာချိန်မှာ ဖွံ့ဖြိုးလာခြင်းကြောင့် အကြောပြတ်ရာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဝလွန်ခြင်းကြောင့် အကြောပြတ်သလိုပါပဲ။ ကြီးထွားလာတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ အကြောပြတ်ရာလေးတွေ ပေါ်လာတတ်ပါတယ်။

၃။ အလေးမခြင်း

အလေးမတဲ့အခါ ကြွက်သားတွေ ကြီးထွားလာပါတယ်။ ကြွက်သားတွေ ကြီးလာတာနဲ့အမျှ အရေပြားမှာ အကြောပြတ်ရာတွေဖြစ်လာပါတယ်။ ဗလတောင့်တောင့်နဲ့ အားကစားသမားတွေမှာဆိုရင်လည်း အကြောပြတ်ရာတွေ တွေ့နိုင်ပါတယ်။ ကြွက်သားဖွံ့ဖြိုးမှုကြောင့် အကြောပြတ်တဲ့သူတွေဆိုရင် အကြောပြတ်ရာတွေကို လက်မောင်းနဲ့ ပုခုံးတစ်ဝိုက်မှာ တွေ့ရတတ်ပါတယ်။

၎။ ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်ခြင်းက အကြောပြတ်ရာတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းကြီးပေါ့။ အမျိုးသမီးတွေရဲ့ ဝမ်းဗိုက်တွေက ကိုယ်ဝန်ဆောင်တဲ့အခါ မြန်မြန်ဖောင်းကားလာတာကြောင့် ဗိုက်အရေပြားတွေ အကြောပြတ်ပြီး အကြောပြတ်ရာတွေ ကျန်ခဲ့တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အကြိမ်ရေများလေလေ အကြောပြတ်ရာတွေ ပိုများလေလေ ဖြစ်တတ်ပါတယ်။

၅။ ဟော်မုန်းမညီမျှခြင်း

အပေါ်က အချက်တွေနဲ့ တစ်ချက်မှ မကိုက်ဘဲနဲ့ အကြောပြတ်ရာတွေဖြစ်နေတယ်ဆိုရင် ဒါဟာ ဟော်မုန်းမညီမျှလို့ပါ။ ဟော်မုန်းမညီမျှခြင်းကြောင့် collagen နဲ့ elastin fibers တွေကို အကျိုးသက်ရောက်ပြီး အရေပြားကို ဆွဲဆန့်စေပါတယ်။ အဲဒီကနေမှတဆင့် အကြောပြတ်ရာတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

ဘယ်လို အကြောင်းကြောင့်ပဲ အကြောပြတ်ပြတ်၊ အကြောပြတ်ရာတွေက ကြည့်ရဆိုးပါတယ်။ အကြောပြတ်ရာတွေပျောက်ဖို့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေရင် Palmer’s (U.S.A) ကထုတ်တဲ့ product လေးတွေကို သုံးဖို့ ညွှန်းဆိုချင်ပါတယ်။ Palmer’s Skin Therapy Oil အရေပြားကုထုံးဆီဟာဆိုရင် ဗီတာမင် E ပါဝင်ပြီး Cocoa Butter ဖော်မြူလာနဲ့ ဖော်စပ်ထားတာပါ။ အမာရွတ်တွေ၊ အကြောပြတ်ရာတွေ၊ အရေပြား ခြောက်သွေ့တာတွေ၊ အသားအရေ မညီမျှတာတွေ၊ အသားအရေအိုမင်းရင့်ရော်တာတွေ စတဲ့ အရေပြားပြဿနာ (၅) မျိုးကို သက်သာလျော့ပါးစေတာကြောင့် 5 in 1 စွယ်စုံသုံးဆီလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

စေးကပ်မှုမရှိဘဲ ခန္ဓာကိုယ်က ကြိုက်တဲ့နေရာကို လိမ်းနိုင်ပါတယ်။ စမ်းသပ်မှုတွေအရ ပုံမှန်သုံးစွဲပေးမယ်ဆိုရင် ၉၇% အထိ ထိရောက်စွာ သက်သာလာတာကို တွေ့ရပါတယ်။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လိမ်းပေးရင် သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။ အကြောပြတ်ရာတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းနေလား… ပါးလ်မားစ် (Palmer’s) က သင့်ကို ကူညီပေးမှာပါ။