ဒီဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် သတို့သမီးတွေအတွက် လက်ဝတ်ရတနာရေးရာ အကြံပြုချက်လေးများ

blank

စာချစ်သူတို့ရေ….

မိမိမင်္ဂလာဆောင်မယ့် နေ့လေးမှာ အလှဆုံးဖြစ်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ ချစ်သူနဲ့ရွှေလက်တွဲတော့မယ့် နေ့ရက်လေးရဲ့ ပထမခြေလှမ်းအတွက် လပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေတတ်တာလည်း ကျွန်မတို့မိန်းကလေးတွေပါပဲ။ မင်္ဂလာဝတ်စုံကအစ ဖိနပ်အထိ အသေးစိတ်ပြင်ဆင်ရင်း အလှဆုံးနေ့ရက်လေးအတွက် ပြင်ဆင်နေတဲ့ ပျိုမေတို့အနေနဲ့ ဘယ်လိုလက်ဝတ်ရတနာလေးတွေ ဝတ်ဆင်ရမလဲဆိုတာ ခေါင်းစားနေတယ်ဟုတ်။ လက်ဝတ်ရတနာဆိုတာကလည်း သတို့သမီးတစ်ယောက်ရဲ့ အလှအပကို ဖြည့်စွက်ပေးနိုင်တဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဒီဝါကျွတ်မှာလက်ထပ်တော့မယ့် သတို့သမီးလေးတွေအတွက် လက်ဝတ်ရတနာရေးရာ အကြံပြုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မိမိဝတ်ဆင်မယ့် အဝတ်အစားနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ပါ။ မိမိဝတ်ဆင်မယ့်အဝတ်အစားနဲ့ လိုက်ဖက်တဲ့ လက်ဝတ်လက်စားကို ရှာမရဘူးဆိုရင်တော့ ဘယ်လိုအဝတ်အစားအရောင် ဘယ်လိုဒီဇိုင်းတွေနဲ့မဆိုလိုက်ဖက်တဲ့ စိန်ထည်လေးတွေကို ဝတ်ဆင်ပါ။

၂။ ရှုပ်ရှတ်ခတ်နေတဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေ၊ လက်ဝတ်လက်စား အပြုံလိုက်တွေ ဝတ်ဆင်တာမျိုးကို ရှောင်ရှားပါ။ ရိုးရှင်းပြီး ဒီဇိုင်းသွက်တဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ပါ။

၃။ သင့်ဘဝအတွက် အရေးအကြီးဆုံးနဲ့ အလှပဆုံးအချိန်လေးဖြစ်တဲ့ လက်ထပ်ပွဲနေ့လေးမှာ အချိန်သိဖို့ သိပ်ပြီးအရေးမကြီးတာကြောင့် နာရီဝတ်ဆင်တာမျိုးကို ရှောင်ပါ။ အဲဒီအစား လက်ကောက်လှလှလေးတစ်ရံကို ဝတ်ထားပါ။

၎။ ပုခုံးတစ်ဖက်တည်းပါတဲ့ ရင်ပြတ်ဂါဝန်ဝတ်ဖို့ စီစဉ်ထားတယ်ဆိုရင် ဆွဲကြိုးဝတ်ဆင်တာမျိုးတွေ ရှောင်ကြဉ်ပါ။ အဲဒီအစား ဝင်းလက်တောက်ပနေတဲ့ စိန်နားကပ်လှလှလေးတစ်ရံကို ပန်ဆင်ပါ။

၅။ ဆံထိုး၊ သရဖူစတဲ့ ဆံပင်အလှဆင် ရတနာပစ္စည်းတွေကို အသုံးပြုထားတယ်ဆိုရင် နားကပ်အကြီးကြီးတွေ ဝတ်ဆင်ခြင်းရှောင်ကြဉ်ပါ။ သေးငယ်ပြီး လှပတဲ့ နားကပ်ဒီဇိုင်းလေးကို ရွေးချယ်ဝတ်ဆင်ပါ။

၆။ လက်ချောင်းတွေအားလုံးကို လက်စွပ်တွေ ဝတ်ဆင်ထားခြင်ဟာ သင့်လက်ကို ဆွဲဆောင်မှုလျော့ပါးစေပါတယ်။ လက်ကိုင်ပန်း၊လက်အိတ်စတဲ့အရာတွေနဲ့တင် သင့်အလှက ပြည့်စုံပြီးသားဖြစ်တာကြောင့် လက်စွပ်တွေ အပြုံလိုက်ဝတ်ဆင်ခြင်းရှောင်ကြဉ်ပါ။ လက်ထပ်လက်စွပ်တစ်ခုတည်းကိုပဲ ရိုးရှင်းစွာ ဝတ်ဆင်ပါ။

၇။ လက်ဝတ်လက်စားအများကြီးစုပြုံဝတ်ဆင်တာမျိုးထက် လှပပြီးဒီဇိုင်းသွက်လက်တဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်တာက သတို့သမီးတစ်ယောက်ကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။

၈။ လက်ဝတ်လက်စားတွေပဲဖြစ်ဖြစ်၊ အဝတ်အစားဒီဇိုင်းတွေ ဝတ်ဆင်တာမျိုးပဲဖြစ်ဖြစ် သင့်ရဲ့ ပင်ကိုယ်အလှကို ဖုံးကွယ်ပစ်မယ့်အရာတွေ မဖြစ်အောင် သတိထားရွေးချယ်ပါ။ မိမိရဲ့ရှိရင်းစွဲအလှကို ဖြည့်စွက်ပေးနိုင်ပြီး သင့်ကိုသက်တောင့်သက်တာဖြစ်စေမယ့် အရာတွေကို ရွေးချယ်ထားပါ။

၉။ သင့်ရဲ့အရေးပါဆုံးနေ့လေးအတွက် အရည်အသွေးနဲ့ ဒီဇိုင်းလက်ရာကောင်းမွန်တဲ့ လက်ဝတ်ရတနာတွေကို အချိန်ပေးပြီးသေချာရွေးချယ်ပါ။

ဒီသီတင်းကျွတ်မှာ ချစ်သူနဲ့ရွှေလက်တွဲတော့မယ့် သတို့သမီးလောင်းလျာတို့အနေနဲ့ တစ်သက်သာလုံးအတွက် အမှတ်အရဆုံးဖြစ်စေမယ့် အလှအပတွေအတွက် စိန်ထည်လေးတွေကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ဝယ်သူတွေရဲ့ စိတ်တိုင်းကျမှုကိုရှေးရှုရင်း အကောင်းဆုံးသော ဝန်ဆောင်မှုတွေပေးနေတဲ့ တော်ဝင်စိန်တိုက်ရှိတယ်လို့ညွှန်းဆိုပါရစေ။ အရည်အသွေးကောင်းမွန်တဲ့ လက်ဝတ်ရတနာမျိုးစုံကို ဒီဇိုင်းစုံလင်စွာရရှိနိုင်တဲ့ တော်ဝင်စိန်တိုက်မှာ စိန်ဝယ်ရင်း လင်းလက်တဲ့ အချစ်ခရီးကို စတင်နိုင်စေဖို့ အကောင်းတကာ့အကောင်းဆုံး လက်ဝတ်ရတနာဒီဇိုင်းတွေကို တင်ဆက်ပေးနေပါတယ်။ စာချစ်သူတို့ရဲ့ လက်ဝတ်ရတနာဆိုင်ရာ ဗဟုသုတရေးရာအဖြာဖြာအတွက် တော်ဝင်စိန်တိုက်နှင့် ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။