သင့်ကလေးကို ကျောင်းမထားခင်မှာ လေ့ကျင့်သင်ကြားပေးသင့်သည့် အရာများ

blank
ဂန္ထဝင်ဝင်စာချစ်သူမေမေတို့ရေ….

မျက်စိရှေ့မှာတင် တစ်စတစ်စနဲ့ ကြီးပြင်းလာတဲ့ သားငယ်၊ သမီးငယ်လေးတွေကို ကြည့်ပြီး အံ့သြနေတယ်ဟုတ်…

လေးဖက်ထောက်အရွယ်၊ လမ်းလျှောက်တတ်စအရွယ်တွေကို ကျော်လွန်ပြီး ကြီးပြင်းလာတဲ့ သားငယ်သမီးငယ်လေးတွေကို ပညာတွေသင်ဖို့ ကျောင်းကိုပို့ရတော့မယ်။ လောကကြီးကနေ သင်ခန်းစာတွေ သင်ယူဖို့ သင်နဲ့ ဝေးဝေးကို တဖြည်းဖြည်း လွှတ်ပေးရတော့မယ်။ အဲဒီအချိန်မှာ သင်နဲ့အဝေးကိုရောက်သွားမယ့် သားငယ်၊ သမီးငယ်လေးတွေကို ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့၊ တစ်ကိုယ်ရည် တကာယအလုပ်တွေကို လုပ်ကိုင်နိုင်စေဖို့ သင်ပေးရတော့မယ်။ ဒါကြောင့် ကျောင်းစတက်တော့မယ့် သင့်ရင်သွေးငယ်ကို ဘာတွေသင်ပေးထားရမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ကျောင်းတက်မယ့်ကာလတွေမှာ ကိုယ့်အားကိုယ်ကိုးပြီး အဝတ်အစားလဲတတ်စေဖို့ အတွက် အဝတ်အစားဝတ်တဲ့ နည်းလမ်းတွေကို သင်ကြားပြသထားပါ။

၂။ အိမ်သာတက်ပြီးတဲ့အခါ ကိုယ်တိုင်သန့်ရှင်းရေးလုပ်တတ်ဖို့၊ အိမ်သာရေဆွဲချတဲ့နည်းလမ်းတွေ၊ ရေလောင်းပုံတွေအားလုံးကို သင်ပေးထားပြီး ကိုယ်တိုင်အိမ်သာတက်တတ်အောင် သင်ထားပေးပါ။

၃။ ဘောင်းဘီဇစ်တွေ၊ အင်္ကျီကြယ်သီးတွေကို ကိုယ်တိုင်တပ်တတ်ဖို့ လည်းသင်ထားပေးပါ။ တချို့ကလေးငယ်တွေဟာ ဇစ်တွေနဲ့ အသားမကျဖြစ်တတ်ပြီး ဇစ်ညှပ်တာမျိုးတွေဖြစ်တတ်တာကြောင့် သားရေဘောင်းဘီတွေပဲ ဝတ်ပေးပါ။

၎။ အိမ်သာတက်ပြီးတိုင်း၊ ထမင်းစားကာနီးတိုင်း လက်ဆေးတတ်ဖို့ အလေ့အကျင့်လုပ်ထားပေးပါ။

၅။ နှာချေ၊ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်ရှူးနဲ့အုပ်ထားဖို့၊ မိမိရဲ့ နှပ်ရည်တွေကို ကိုယ်တိုင်သုတ်တတ်ဖို့ သင်ထားပေးပါ။

၆။ ထမင်းချိုင့်တွေ၊ရေဘူးတွေကို ဘယ်သူ့အကူအညီမှ မယူဘဲ ကိုယ်တိုင်ဖွင့်တတ်ပိတ်တတ်အောင်လည်း သင်ထားပေးပါ။

၇။ ကိုယ်တိုင်ထမင်းစားတတ်အောင်၊ ထမင်းစားပြီး သိမ်းတတ်ဆည်းတတ်အောင် သင်ကြားပြသထားပေးပါ။

ဂန္ထဝင်စာချစ်သူမေမေတို့ရေ….

သင့်ကလေးကျောင်းသွားတက်တဲ့အခါ အိမ်ကနေတွေးပြီး စိတ်ပူမနေရစေဖို့အတွက် အထက်ပါအချက်လေးတွေကို ကြိုကြိုတင်တင်သင်ပေးထားလိုက်ပါနော်။ သွက်လက်ထက်မြက်တဲ့ သားငယ်သမီးငယ်လေးတွေဖြစ်စေဖို့ အကြံပြုချက်လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။

blank