အသားအရေကို နေဒဏ်မခံရအောင် အစွမ်းကုန်ကာကွယ်ပေးမယ့် ဗီတာမင် E ရဲ့ အစွမ်းသတ္တိ။

blank

ဂန္ထဝင်ပျိုမေတို့ရေ…

ပူပြင်းလှတဲ့နေရောင်ခြည်ဒဏ်က အသားအရေကို ပြင်းထန်တဲ့ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာကို ပျိုမေတို့အားလုံးသိပြီးသားဖြစ်မှာပါ။ နွေရာသီနေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်းကလည်း အမြင့်ဆုံးရောက်နေတော့ နေရောင်ခြည်ကို ကောင်းကောင်းကာကွယ်မထားနိုင်ရင် အသားအရေမှာ အမည်းစက်တွေ၊ နေလောင်ကွက်တွေ ထွက်လာနိုင်ပါတယ်။ ဒီထက်ဆိုးရင်တော့ အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ ဒါကြောင့် နေရောင်ထဲ ထွက်တော့မယ်ဆိုရင် အနည်းဆုံး SPF 30 ပါတဲ့ နေရောင်ကာခရင်မ် (sunscreen) ကို မမေ့မလျော့ လိမ်းပေးဖို့လိုအပ်ပါတယ်။

နေရောင်ကြောင့်အသားအရေပျက်စီးမှုတွေကို အပေါ်ယံလိမ်းဆေးတွေနဲ့ ကာကွယ်နိုင်ရုံသာမက ခန္ဓာကိုယ်တွင်းကို အာဟာရဖြည့်တင်းပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ နေလောက်ဒဏ်ကို အကောင်းဆုံးကာကွယ်ပေးမယ့် အာဟာရဓာတ်ကတော့ ဗီတာမင် E ပဲဖြစ်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ အမြဲထိတွေ့နေရမယ့် ပျိုမေတို့အတွက် ဗီတာမင် E ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။

ဒါပေမဲ့ အလုပ်တာဝန်တွေ၊ ပညာလေ့လာဆည်းပူးမှုတွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ပျိုမေတွေအနနဲ့ကတော့ ဗီတာမင် E ကြွယ်ဝတဲ့အစားအစာတွေကို တကူးတက ရွေးချယ်ပြင်ဆင်စားသောက်ဖို့ ဂရုတစိုက်နဲ့ အချိန်မပေးနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုပျိုမေတွေအနေနဲ့လည်း နေရောင်ဒဏ်ပြဿနာအတွက် ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာ မလိုပါဘူးနော်။ ဗီတာမင် E ကြွယ်ဝတဲ့အစားအစာတွေကို စားမပေးနိုင်လည်း ဗီတာမင် E ဓာတ်ကို အပြည့်အဝဖြည့်တင်းပေးတဲ့ ENAT 400 ကို သောက်သုံးလို့ရပါတယ်။

ENAT 400 မှာ သဘာဝ Vitamin E 400 IU ပါဝင်တာကြောင့် တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရုံနဲ့ အသားအရေကို အချိန်ပြည့်ကာကွယ်စောင့်ရှောက်ပြီး လှပခြင်းတွေကို ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်အမြဲထွက်နေရတဲ့ ပျိုမေတွေအနေနဲ့ အသားအရေထိန်းသိမ်းဖို့ဆိုရင် ENAT 400 ကို သောက်သုံးကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

ENAT 400 ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကြည်လင်နူးညံ့တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

ဂန္ထဝင်ပျိုမေတို့ရဲ့ အသားအရေလှပမှုကို ရှေးရှုလျှက် ဂန္ထဝင်မဂ္ဂဇင်းနှင့် ENAT 400 တို့မှ ပူးပေါင်းတင်ဆက်သည်။