ချစ်သူများနေ့မှာ ချစ်ရသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်များ ဖန်တီးနိုင်စေဖို့

blank

“ကိုယ်ချစ်တဲ့သူ ဘေးနားမှာရှိခဲ့ပြီပဲ ယုံကြည်စိတ်ချတော့လောကကြီးထဲ” ဆိုတဲ့ ခင်ဘုဏ်းရဲ့ သီချင်းထဲကလိုပါပဲ ချစ်သူဆိုတာ မိမိရဲ့အသည်းတစ်ခြမ်းလို့ တင်စားခေါ်ဝေါ်ရတဲ့အထိ ဘဝအတွက် အရေးပါတဲ့သူဖြစ်ပါတယ်။ ချစ်သူတွေအားလုံးအတွက် အထိမ်းအမှတ်နေ့တွေက အရေးပါသလိုပဲ ချစ်သူများနေ့ကလည်း မမေ့နိုင်စရာ နေ့ရက်လေးဖြစ်ပါတယ်။ ချစ်သူများနေ့ဆိုတာ အချစ်စစ်တစ်ခုကိုရှာတွေ့ပြီဆိုတဲ့ သင်္ကေတ၊ အချစ်နဲ့အတူဘဝသစ်တစ်ခုကို လှမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သင်္ကေတလေးဖြစ်တဲ့အပြင် ချစ်ခင်ရသူတွေအားလုံးနဲ့ သက်ဆိုင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချစ်သူများနေ့မှာ ချစ်ရသူတွေအတွက် တန်ဖိုးမဖြတ်နိုင်စရာလက်ဆောင်လေးတွေကို ပေးတတ်ကြတယ်မဟုတ်လား။ တကယ်တော့ စိန်ထည်လက်ဆောင်ပေးတယ်ဆိုတာဟာ အထင်ကြီးမှုကိုရရှိဖို့သက်သက်နဲ့ ဈေးကြီးကြီး ပေးဝယ်တာမဟုတ်ဘူး။ စိန်ပွင့်လေးတွေရဲ့ • ရန်စွယ်မှန်သမျှကို ကာကွယ်ပေးမယ့်ကံကောင်းခြင်းနိမိတ် • ဖြူစင်စွာချစ်နေတဲ့မေတ္တာ • သစ္စာတရားကိုရည်ညွှန်းတဲ့တန်ဖိုးထားရတဲ့ချစ်ခြင်းကိုဖော်ပြနေတဲ့ သဘောတွေကို လက်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကြည်လင်ရှင်းသန့်တဲ့ စိန်ပွင့်လေးတစ်ခုဟာ (၁၅ဝဝ) အချစ်တစ်ခုတည်းတင်မကဘဲ (၅၂၈) မေတ္တာကိုလည်းဖော်ကျူးပေးနိုင်တဲ့ ပြယုဂ်တစ်ခုပါ။ ဒါကြောင့်လည်း ချစ်သူတစ်ဦးတည်းတင်မကဘဲ ချစ်ရသူတွေအားလုံးနဲ့သက်ဆိုင်တဲ့ ချစ်သူများနေ့မှာ မိမိမိခင်နဲ့ အစ်မတွေ ညီမတွေအတွက်လည်း စိန်စီတဲ့ကတိကဝတ်လေးတွေ ပေးအပ်ကြပါတယ်။ ဒါကြောင့် ဒီနှစ် ချစ်သူများနေ့မှာ မိမိချစ်ရသူတွေကို အံ့သြစရာလက်ဆောင်လေး ပေးချင်တယ်ဆိုရင်၊ ချစ်ခြင်းမေတ္တာရဲ့လင်းလက်တောက်ပမှုတွေကို ကိုယ်စားပြုပေးမယ့် စိန်ထည်လေးတွေဝယ်ချင်တယ်ဆိုရင်- မိမိသုံးမယ့် ငွေကြေးပမာဏကို အရင်ဆုံး ဆုံးဖြတ်ပါ။ -အရည်အသွေးအာမခံတဲ့ စိန်တိုက်ကောင်းကောင်းကို စုံစမ်းပါ။ -နှစ်သက်တဲ့လက်ရာကို စိတ်ရှည်ရှည်ရွေးချယ်ပါ။ -သင်လက်ဆောင်ပေးမယ့်သူရဲ့အကြိုက်ကို တီးခေါက်ကြည့်ပါ။ ကဲ…. ဒီလောက်ဆိုရင်တော့ သင့်ချစ်ရသူတွေကို အံ့သြဝမ်းသာမှုတွေ ခေါ်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်ပြီပေါ့။ ပရိသတ်ကြီးရေ… မိန်းကလေးတစ်ယောက် မိမိချစ်ရသူဆီက လိုချင်တဲ့လက်ဆောင်ဆိုတာ ပကာသနတွေမဟုတ်ဘဲ ဂရုစိုက်ခြင်းတွေပါနော်။ ချစ်သူရဲ့ အံ့သြစရာတန်ဖိုးကြီးလက်ဆောင်ဆိုတာ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားပါတယ်ဆိုတဲ့ ပြယုဒ်တစ်ခုပဲ မဟုတ်လားပရိသတ်ကြီးရေ…။ ဒါကြောင့်…. ဒီချစ်သူများနေ့မှာ မိမိချစ်သူကောင်မလေးကို အံ့သြဝမ်းသာစေမယ့် စိန်လက်ဝတ်ရတနာလေးတွေဝယ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုရင်၊ မိခင်နဲ့အစ်မတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဂရုစိုက်မှုလေးတွေကို ဖော်ပြဖို့စိန်ထည်လေးတွေ ရွေးချယ်ချင်တယ်ဆိုရင် ရွှေမန္တလေးကတော်ဝင်စိန်တိုက်ကို ကြွလှမ်းခဲ့ပါနော်။ ချစ်ရသူတွေအတွက် အမှတ်အရဆုံးအခိုက်အတန့်ဖြစ်စေမယ့် စိန်ထည်လေးတွေကို အလှပဆုံးနဲ့ စိတ်တိုင်းအကျဆုံးဖြစ်စေဖို့ တော်ဝင်စိန်တိုက်မှ ကူညီဆောင်ရွက်ပေးပါရစေရှင်။ ဖော်ရွေပျူငှာတဲ့အပြုံးနဲ့ ကောင်းမွန်ပြည့်ဝတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အရည်အသွေးပြည့်ဝမှုတွေကို ပေးစွမ်းနေတဲ့ တော်ဝင်စိန်တိုက်မှာ ဝယ်ယူရင်း ချစ်သူများနေ့မှာ အချစ်နဲ့ပတ်သက်သူတိုင်းပျော်ရွှင်စရာအမှတ်တရများကို တည်ဆောက်နိုင်ကြပါစေရှင်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနှင့် တော်ဝင်စိန်တိုက်မှ ပူးပေါင်းတင်ဆက်ခြင်းဖြစ်သည်။