လက်ထပ်ပြီးသားအမျိုးသမီးတစ်ယောက်အနေနဲ့ ဘာကြောင့် စေ့စပ်လက်စွပ်ဝတ်သင့်တာလဲ…

blank

“ကိုယ့်ဓလေ့မှ မဟုတ်တာ” လို့ ဘယ်သူတွေပြောပြော စေ့စပ်ထားရင်ပဲဖြစ်ဖြစ်၊ အိမ်ထောင်ကျ ပြီးတာပဲဖြစ်ဖြစ် ပြယုဂ်တစ်ခုအဖြစ် လက်စွပ်ဝတ်ဆင်ထားသင့်ပါတယ်။ ယနေ့ခေတ်မှာ အမျိုးသမီးတစ်ယောက်ကို ပိုင်ရှင်ရှိပြီးသားလား၊ ပိုင်ရှင်မရှိသေးတဲ့ တစ်ကိုယ်တည်းသမားလားဆိုတာကို လက်စွပ်ဝတ်ထားမထားနဲ့ ကြည့်ပြီးခွဲခြားကြပါတယ်။

စေ့စပ်လက်စွပ်ဝတ်ဆင်တာဟာ အနောက်တိုင်းဓလေ့ဆိုပေမဲ့ အခုအချိန်မှာတော့ ကမ္ဘာအနှံ့အပြားမှာ ခေတ်စားလာပါပြီ။ သင့်လက်မှာ ဝတ်ဆင်ထားတဲ့ စေ့စပ်လက်စွပ်လေးဟာ “ရှေ့ဆက်မတိုးနဲ့၊ ကျွန်မမှာ ပိုင်ရှင်ရှိပြီးသား” လို့ သင့်ကိုယ်စားပြောပေးနေတဲ့ အရာလေးဖြစ်ပါတယ်။

ဒါ့အပြင် သင်နဲ့ သင့်အိမ်ထောင်ဖက် (သို့) သတို့သားလောင်းရဲ့ ချစ်ခြင်းသံယောဇဉ်တွေကို ပေါင်းစည်းပေးနေတဲ့ အထိမ်းအမှတ်ပစ္စည်းလေးလည်း ဖြစ်နေပါတယ်။ ဒါကြောင့် သင်ဟာ ဘယ်နိုင်ငံမှာပဲနေနေ၊ လက်ထပ်ပြီးသား၊ စေ့စပ်ပြီးသားဆိုရင် လက်ထပ်လက်စွပ်(သို့) စေ့စပ်လက်စွပ်လေးကို အမြတ်တနိုးဝတ်ဆင်ထားသင့်ပါတယ်။ စေ့စပ်လက်စွပ်ဆိုတာ အိမ်ထောင်သည်ဘဝစတင်ကာစမှာ နှစ်ယောက်အတူပိုင်ဆိုင်ထားတဲ့၊ ရင်းနှီးချစ်ခင်မှုရဲ့ပြယုဂ်တစ်ခုမဟုတ်လား။

ဒါတင်မကသေးပါဘူး။ စေ့စပ်လက်စွပ်တစ်ခုမှာ ချစ်ခြင်းမေတ္တာတွေရဲ့ တန်ဖိုးတွေ (sentimental value) ရှိသလို တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေ (investment value) လည်း ရှိနေပြန်ပါတယ်။ သင့်စေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားတဲ့ သက်တမ်းတစ်လျှောက်မှာ အချိန်တွေကုန်ဆုံးနေတာနဲ့အမျှ ကျောက်မျက်ရဲ့တန်ဖိုးကလည်း တရိပ်ရိပ်မြင့်တက်နေမှာပါ။ ဒီတော့ နောင်တစ်ချိန်မှာ သားသမီးတွေကို လက်ဆင့်ကမ်း အမွေပေးနိုင်သလို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေပြန်လည်ရောင်းချရတော့မယ်ဆိုရင်လည်း အကျိုးအမြတ်များစွာ ရနိုင်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အကြောင်းရင်းတွေကြောင့် အမျိုးသမီးတွေအနေနဲ့ လက်ထက်လက်စွပ် (သို့) စေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားသင့်တယ်လို့ထင်ပါတယ်။

သင့်လက်ထပ်မင်္ဂလာပွဲအတွက် စေ့စပ်လက်စွပ် (သို့) လက်ထပ်လက်စွပ် ဝယ်ယူတော့မယ်ဆိုရင် Thida Gems ကို ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Thida Gems မှာ အရည်အသွေးကောင်းပြီး လှပတဲ့ ကျောက်မျက်ရတနာလေးတွေကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိပါတယ်။ အရည်အသွေးမှန်ပြီး ပစ္စည်းမှန်တာကြောင့် ဝယ်ယူစုဆောင်းထားဖို့အတွက်လည်း အသင့်တော်ဆုံးဖြစ်ပါတယ်။

ကျောက်ပွင့်လေးတွေချည်း စိတ်တိုင်းကျ ဝယ်ယူနိုင်တဲ့အပြင် လက်စွပ်လေးတွေအဖြစ်လည်း မှာယူနိုင်တာကြောင့် သင့်လက်ချောင်းလေးမှာ တစ်သက်တာလုံးရှိနေမယ့် စေ့စပ်လက်စွပ်လေးကို သင့်စိတ်တိုင်းကျ ဖန်တီးနိုင်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါနော်။

ဂန္ထဝင်စာဖတ်ပရိသတ်များအတွက် ဗဟုသုတရစေရန် ဂန္ထဝင်မဂ္ဂဇင်းနှင့် Thida Gems တို့မှ ပူးပေါင်းတင်ဆက်သည်။