ကျောက်မျက်ရတနာတွေကပြောပြနေတဲ့ သင့်စိတ်နေသဘောထား

blank

သင့်အနေနဲ့ စိန်ပွင့်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ “ပုလဲ၊ မြ၊ နီလာ၊ ပတ္တမြား၊ ကျောက်စိမ်း” တွေထဲက ကျောက်မျက်ရတနာတစ်ခုကို ရွေးဆိုရင် ဘယ်ကျောက်မျက်ရတနာကို ရွေးချယ်မလဲ။ သင်ရွေးချယ်တဲ့ ကျောက်မျက်ရတနာကို လိုက်ပြီး သင့်စိတ်နေသဘောထားကို ခန့်မှန်းနိုင်ပါတယ်။

ကျောက်မျက်ရတနာ တစ်ခုကို ရွေးပြီးပြီဆိုရင် အောက်ကအဖြေလေးတွေကို ဖတ်ကြည့်ရအောင်နော်။

၁။ ပုလဲနဲ့ စိန်နဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင် – သင်ဟာ အပေါ်ယံမာကျောတယ်ထင်ရသလောက် အတွင်းစိတ်မှာတစ်ခါတစ်ရံ အားငယ်တတ်တဲ့သူပါ။ အပြုံးတွေကိုဆင်မြန်းထားပေမဲ့ ဝမ်းနည်းမှုတွေကိုတော့ ရင်ထဲမှာပဲ သိမ်းထားတတ်ပါတယ်။ အမှန်တရားကို ချစ်မြတ်နိုးသူပါ။

၂။ မြနဲ့ စိန်နဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင် – သင်ဟာ နူးညံ့သိမ်မွေ့ပြီး မဟာဆန်တဲ့သူတစ်ယောက်ပါ။ မျက်ဝန်းတွေထဲမှာ လျှို့ဝှက်နက်နဲမှုတွေပြည့်နေတတ်တယ်။ စကားပြောဆိုရာမှာလည်း ကျွမ်းကျင်လိမ္မာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၃။ နီလာနဲ့ စိန်နဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင် – စိတ်ငြိမ်းချမ်းအေးဆေးမှုကို လိုလားသူဖြစ်ပြီး “စကားနည်း၊ ရန်စဲ” သူတစ်ယောက်ပါ။ အိနြေ္ဒသိက္ခာကြီးမားပြီး လေးနက်တည်ကြည်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ စကားဆိုရင်လည်း “ဆိုခဲစေ၊ မြဲစေ”ဆိုတဲ့သူမျိုးဖြစ်ပါတယ်။

၎။ ပတ္တမြားနဲ့ စိန်နဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင် – ရဲရင့်ထက်မြက်တဲ့ မိန်းမသားတစ်ယောက်ပါ။ မှီခိုလိုစိတ်မရှိဘဲ ကိုယ့်ဘဝကိုယ့်မာနနဲ့ ကိုယ့်တံခွန်ကိုယ်ထူတတ်တဲ့ မိန်းမသားမျိုးလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အမြဲတမ်း တော်နေအောင်၊ ကောင်းနေအောင်ကြိုးစားနေတတ်ပြီး အဲဒီအတွက်လည်း ဂုဏ်ယူမဆုံးဖြစ်နေတတ်သူပါ။

၅။ ကျောက်စိမ်းနဲ့ စိန်နဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင် – လူအများအမြင်မှာ မာနကြီးသလိုထင်ရပေမဲ့ တကယ်တမ်းပေါင်းကြည့်ရင် အရမ်းခင်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ။ ဘာသာတရားကိုင်းရှိုင်းပြီး စိတ်နေတည်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သစ္စာတရားကို အသက်ထက်တန်ဖိုးထားပြီး အမှတ်သည်းခြေကြီးသူတစ်ဦးလည်း ဖြစ်ပါတယ်။

သင်ဝတ်ဆင်ချင်တဲ့ ကျောက်မျက်ရတနာအပေါ်မူတည်ပြီး သင့်စိတ်နေသဘောထားကို ခန့်မှန်းထားတာ မှန်ရဲ့လား ပရိသတ်ကြီးရေ…။

ဘယ်ကျောက်မျက်ရတနာပဲဝတ်ဝတ် စိန်နဲ့တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် ရှိရင်းစွဲကျောက်မျက်ရတနာရဲ့တန်ဖိုးပိုတက်သွားသလို ဝတ်ဆင်သူကိုလည်း ပိုမိုလင်းလက်ထင်ပေါ်စေပါတယ်။

စိန်ဝယ်မယ်ဆိုရင်တော့ အရည်အသွေးမြင့် စိန်များကို size စုံ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်တဲ့ တော်ဝင်စိန်တိုက်မှာ ဝယ်ယူဖို့တိုက်တွန်းလိုက်ပါတယ်နော်။ ခေတ်မီဆန်းသစ်တဲ့ လက်ရာဒီဇိုင်းတွေကြောင့် သင့်အကြိုက်နဲ့ ထပ်တူကျမှာ သေချာပါတယ်။ ဒါ့အပြင် ဈေးနှုန်းတိကျမှု၊ ရတီချိန်၊ စိန်ပစ္စည်းမှန်ကန်မှု၊ လဲလှယ်ပြန်ရောင်းမှုတို့ကို အထူးအာမခံထားတာကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်နော်။ တော်ဝင်စိန်တိုက်ကို ဆက်သွယ်လိုပါက တော်ဝင်စိန်တိုက်ရဲ့ hotline number ဖြစ်တဲ့ ဝ၉ ၆၅ဝ၄၈၇၈၊ ဝ၉ ၂ဝဝ၂၂ဝ၄၊ဝ၂ – ၆ဝ၅၉၈ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

စိန်ချစ်သူပျိုမေတို့အတွက်ရည်ရွယ်ပြီး ဂန္ထဝင်မဂ္ဂဇင်းမှ စီစဉ်တင်ဆက်လိုက်ပါတယ်ရှင်။