စိန်မဝယ်ခင် သိထားသင့်တဲ့အချက် (၅)ချက်

blank

ကျောက်မျက်ရတနာတို့ရဲ့ဘုရင်“စိန်ထည် လက်ဝတ်ရတနာလေးတွေနဲ့မှ ပွဲလယ်တင့်ချင်ကြပါတယ်” ဆိုသူ မိန်းမသားများအတွက် စိန်ထည်မဝယ်ခင် သိထားသင့်တဲ့အချက်လေးတွေကို စာဖတ်ပရိသတ်ကြီးတို့ ဗဟုသုတရရှိစေဖို့ ရေးသားတင်ဆက်ပေးလိုက် ပါတယ်ရှင်။

၁။ စိန်ထည်မဝယ်ခင်မှာ မိမိသုံးမယ့် ဈေးနှုန်းပမာဏကို အရင်စဉ်းစားပါ။

၂။ မိမိဝယ်ယူမယ့်ဆိုင်ဟာ စိန်ထည်တွေအတွက် သေချာတဲ့အာမခံချက်ပေးနိုင်ရဲ့လားဆိုတာ ဆန်းစစ်ပါ။ မိမိစိန်သွားဝယ်မယ့် စိန်တိုက်က အရည်အသွေးနဲ့ပတ်သတ်ပြီး အာမခံချက်ဘယ်လောက်ထိပေးနိုင်လဲ၊ ဘယ်လောက်ထိပေးခဲ့ဖူးပြီးလဲဆိုတာကိုလည်း သေချာလေ့လာပါ။

၃။ မိမိဝယ်ယူမယ့်စိန်အကြောင်း သေချာလေ့လာပြီးတဲ့အခါ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မယ့် ရတနာဆိုင်ကို စုံစမ်းပါ။

၎။ မိမိဝယ်ယူမယ့် စိန်ထည်မှာပါဝင်တဲ့ စိန်တွေရဲ့အရည်အသွေး၊ အနာအဆာကင်းစင်မှု နဲ့ ဈေးနှုန်းတိကျမှန်ကန်မှု တွေကို လေ့လာအကဲဖြတ်ပါ။

၅။ မိမိ ဝယ်လိုတဲ့ စိန်အမျိုးအစားနဲ့ အရွယ်အစားကို သတ်မှတ်ပါ။ အရွယ်အစားသေးပေမယ့် ကွာလတီကောင်းတဲ့စိန်တွေဟာ အရွယ်အစားကြီးပြီး ကွာလတီ လျော့တဲ့စိန်တွေထက် ဈေးပိုကြီးတယ်ဆိုတာကိုလည်း သတိရပါ။

ပရိသတ်ကြီးရေ… စိန်အကြောင်းသေချာမသိလို့ အဝယ်မှားသွားမှာစိုးရိမ်နေတယ်ဆိုရင်တော့ စိတ်ပူပန်မှုတွေကို အဝေးဆုံးကိုသာ လွှင့်ပစ်လိုက်ပါ။ မိမိဆင်မြန်းလိုတဲ့ စိန်ထည်တွေကို စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပြီး အရည်အသွေးလည်းစိတ်ချရ၊ ရတီချိန်လည်းမှန်ကန်၊ အရည်အသွေးအာမခံချက်လည်းကောင်း၊ အကောင်းဆုံးသော ဝန်ဆောင်မှု တွေကိုရယူဖို့အတွက် ရွှေမန္တလေးရဲ့ သတင်းမွှေးတဲ့ “တော်ဝင်စိန်တိုက်“ကိုကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ။ စိတ်တိုင်းမကျဘဲ ဝယ်လိုက်ရတယ် မရှိရလေအောင် ဝယ်သူတွေစိတ်တိုင်းကျ အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ “တော်ဝင်စိန်တိုက်” စိန်ထည်တွေကို ဝတ်ဆင်ပြီး တော်ဝင်ဆန်တဲ့ အလှတရားတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။