မင်္ဂလာပွဲ (၃၈) ပွဲ ကျင်းပခဲ့သော ဇနီးမောင်နှံ

blank
Photo Credit: www.boredpanda.com

လော့စ်အိန်ဂျလီမြို့ (Los Angeles) က ချီတတ်ဟ်ပလတ် (Cheetah Platt) နဲ့ ရီအန် ဝုဝါ့ဒ် (Rhian Woodyard)တို့ဟာ သူတို့မင်္ဂလာပွဲကို ကမ္ဘာ့နိုင်ငံ အသီးသီးက မတူညီတဲ့ ထုံးတမ်းစဉ်လာတွေနဲ့ ကျင်းပဖို့ အကြံရခဲ့ပါတယ်။ ဒါကြောင့် ချီတတ်ဟ်ပလတ် (Cheetah Platt)ဟာ ရက်ပေါင်း (၉ဝ) အတွင်း မင်္ဂလာပွဲ (၃၈)ပွဲထိ ကျင်းပဖို့ အစီအစဉ်ချခဲ့ပါတယ်။

သူတို့ Idea ကို အကောင်အထည်ဖော်ဖို့ ပထမဆုံး မင်္ဂလာပွဲ အစီအစဉ် အတွက် ဖေဖော်ဝါရီလ (၈) ရက်နေ့ကနေ စတင်ခရီးထွက်ခဲ့တာပါ။ ခုဆို အိန္ဒိယ(India) ၊ အီဂျစ် (Egypt)၊ အယ်ရီလန်(Ireland) နဲ့ ထိုင်းနိုင်ငံ (Thailand) အပါအဝင် နိုင်ငံတော်တော်များများမှာ မင်္ဂလာပွဲ ကျင်းပပြီးဖြစ်ပါတယ်။

သူတို့ရဲ့ Idea လေးကို သဘောကျပြီး ပါဝင်ကူညီသူတွေရဲ့ ငွေကြေး အထောက်အပံ့တွေကြောင့် ဒီလိုစိတ်လှုပ်ရှားဖွယ် မင်္ဂလာပွဲတွေကို ကျင်းပနိုင်ခဲ့တာပါ။ သူတို့ဟာ အစထဲက ကျွမ်းဘားကျွမ်းကျင်သူတွေ ဖြစ်တာကြောင့် သူတို့မင်္ဂလာပွဲ အမှတ်တရ ပုံလေးတွေက တစ်မူထူးခြားပြီး ဆွဲဆောင်မှု ရှိလွန်းလှပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ခုခု ခံစားလိုက်ရမယ်ဆို Share ပေးဖို့မမေ့နဲ့နော်။