မနက်တိုင်း (၄)နာရီထပြီး ခွေးလေခွေးလွင့် (၁၃၀၀)ကျော်ကို အစာကျွေးနေသူများ

blank
Photo Credit: http://www.boredpanda.com

လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက တရုတ်ပြည်အလယ်ပိုင်း ရှန်ရှီ(Shaanxi) ပြည်နယ်မှာ နေထိုင်တဲ့ သက်ကြီးပိုင်း အမျိုးသမီး(၅)ဦးလောက်ဟာ လေလွင့်နေတဲ့ခွေး (၁၃၀၀ ) ကျော်ကို ထိန်းသိမ်းစောင့်ရှောက် ထားပါတယ်။ မနက်တိုင်း (၄) နာရီထပြီး ဒီခွေးလေးတွေကို အစာ (၄၀၀) ကီလိုဂရမ် ချက်ကျွေးလေ့ရှိပါတယ်။

ခွေးလေးတွေ နေထိုင်ဖို့ အဆောက်အဦးကိုတော့ အသက် (၆၀) အရွယ် ဝမ်ယမ်ဖန်း (Wang Yanfang) ကတာဝန်ယူ လှူဒါန်းခဲ့တာပါ။ ကျွေးမွေးမှုတွေကတော့ သဒ္ဓါတရားရှိတဲ့ အလှူရှင်တွေဆီက လှူဒါန်းငွေတွေနဲ့ လည်ပတ်နေတာပါ။

အဖွဲ့ထဲက အမျိုးသမီး တစ်ယောက် ပြောတာကတော့ “ခွေးတွေက အမြဲယဉ်နေတာမျိုး မဟုတ်ပါဘူး။ တစ်ခါတစ်လေ သူတို့စိတ်မထင်ရင် ကိုက်တတ်တာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီတစ်ချက်ထဲနဲ့တော့ ဒီခွေးတွေကို အရမ်းဆိုးတယ်လို့ ကျွန်မတို့ မယူဆပါဘူး။”

ဒါ့အပြင် တန်းဆန့် (Tencent News) သတင်းမှာ “သူတို့ဟာ ကျွန်မတို့ရဲ့ သားသမီးအရင်းချာတွေလိုပါပဲ။ အခုဆို သူတို့နဲ့ကင်းကွာပြီး မနေနိုင်တော့ပါဘူး။” လို့ အဆောက်အဦး လှူဒါန်းသူ အမျိုးသမီးဝမ်က ပြောကြားသွားခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ ဖြစ်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။