ချစ်သူရှိကြောင်း မိဘတွေကို ပြရမှာမို့ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့သူ

blank

အသက် (၃၂)နှစ်ရှိပြီဖြစ်တဲ့ လျုန်ဟွန်း (Liu Hung )ဟာ သူငယ်ချင်းတစ်ယောက်ကို ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းပြီး မိတ်ဆက်ပေးရင်ရပေမဲ့ အဲဒီနည်းကိုမသုံးပဲ မိန်းကလေးတစ်ယောက်ကို အကြမ်းနည်းနဲ့ ပြန်ပေးဆွဲပြီး လက်ထက်မယ်လို့ စဉ်းစားခဲ့သူပါ။

သူဟာ ပန်းခြံထောင့်တစ်နေရာမှာ ပုန်းအောင်းနေပြီး သူနဲ့သင့်တော်မယ့် အမျိုးသမီးတစ်ယောက်ကို စောင့်ဆိုင်းခဲ့ပါတယ်။ သူ့မိဘတွေ သဘောကျလောက်မယ့် မိန်းကလေးမျိုး တွေ့ပြီဆိုတာနဲ့ ပြေးဖမ်းလိုက်ပြီး သူမပါးစပ်ကို တိပ်နဲ့ကပ်ပြီး ဖမ်းခေါ်လာခဲ့ပါတယ်။

မိန်းကလေးကို အိမ်ခေါ်လာပြီး သူနဲ့လက်ထက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့နောက် သူမကို ကြိုးတုပ်ထားခဲ့ပြီး အပြင်ကို ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မိန်းကလေးက သူ့ချစ်သူကို ဖုန်းခေါ်ပြီး အကြောင်းစုံပြောပြ အကူအညီတောင်းခဲ့ပါတယ်။

ဒါနဲ့ ကောင်မလေးရဲ့ ချစ်သူဟာ သက်ဆိုင်ရာကို အကြောင်းကြားပြီး ဖုန်းမှတစ်ဆင့် ခြေရာခံ လိုက်ရှာခဲ့ကြပါတယ်။ မိန်းကလေး ဘာမှ မထိခိုက် မနစ်နာခင်မှာပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဟွန်း(Hung) ပြန်ရောက်လာတဲ့ အထိ စောင့်ပြီး ဖမ်းခဲ့ကြပါတယ်။

သက်ဆိုင်ရာက မေးမြန်းတဲ့အခါမှာတော့ ချစ်သူတစ်ယောက် အမြန်ရှာပြီး အိမ်ထောင်တစ်ခု ထူထောင်ဖို့ အမြဲတဂျီဂျီလုပ်နေတဲ့ သူ့မိဘတွေကို စိတ်ကုန်ပြီး ဒီလိုကျူးလွန်ခဲ့တာ လို့ဆိုပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတ တိုးပွားစေခဲ့ရင် Share။