ဘဝတစ်သက်တာလက်တွဲတော့မယ်ဆိုရင် ချစ်သူကို ဒီမေးခွန်းလေးတွေမေးဖြစ်အောင်မေးပါ။

0
3920
Image of lovely asian couple. Valentine day concept

၁။ ဘဝတစ်လျှောက်လုံး ရပ်တည်ချင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်က ဘာလဲ။

၂။ ပေးစရာ အကြွေးတွေ ရှိနေလား။

၃။ တစ်လဝင်ငွေ ဘယ်လောက်ရှိလဲ။

၎။ ဝင်ငွေတွေကို ဘယ်နေရာတွေမှာ သုံးဖြစ်လဲ။

၅။ ငွေစုထားတာ ဘယ်လောက်ရှိပြီလဲ။

၆။ ဘဏ်စာအုပ်ကို နှစ်ယောက်ပေါင်း တစ်အုပ်တည်းထားမှာလား၊ တစ်ယောက်တစ်အုပ်ထားမှာလား။

၇။ ပေးစရာရှိတဲ့ အခွန်အခတွေကိုရော နှစ်ယောက်အတူတူပေးမှာလား၊ ကိုယ်စီကိုယ်စီ တာဝန်ယူမှာလား။

၈။ စွဲလမ်းကြီးစွာ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ ရှိလား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၉။ အင်တာနက်နဲ့ လူမှုကွန်ယက်သုံးစွဲမှုတွေကို တစ်ယောက်နဲ့တစ်ယောက် ကန့်သတ်ထားမှာလား။

၁ဝ။ နှစ်ဖက်မိဘတွေနဲ့ အဆင်ပြေသလား။

၁၁။ ကလေးယူဖို့ အစီအစဉ်ရှိလား။

၁၂။ ဘယ်အချိန်မှာ ကလေး ယူမှာလဲ။ ကလေး ဘယ်နှယောက်ယူမှာလဲ။

၁၃။ ကလေးတွေအပေါ်မှာ ဘယ်လိုမိဘမျိုးဖြစ်ချင်သလဲ။

၁၄။ အိမ်မွေးတိရစ္ဆာန်တွေကို ချစ်တတ်သလား။

၁၅။ ဘယ်မြို့မှာ အခြေချနေထိုင်ချင်လဲ။

၁၆။ နှစ်ဖက်မိသားစုတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ အစဉ်အလာတွေနဲ့ အကျွမ်းတဝင်ရှိရဲ့လား။

၁၇။ လောင်းကစားလုပ်တတ်လား။

၁၈။ အိမ်ထောင်သည်ဘဝကို ဘယ်လိုခံစားရလဲ။

၁၉။ မင်္ဂလာဆောင်ကို ဘယ်လိုပုံစံမျိုး ဖြစ်ချင်သလဲ။

၂ဝ။ အပြန်အလှန်သိထားသင့်တဲ့ အကျင့်ဆိုးလေးတွေရှိလား၊ ရှိရင် ပြောပြပါဦး။

၂၁။ သဝန်တိုတတ်လား။

၂၂။ နောက် ၁ဝနှစ်ကြာကို စိတ်ကူးယဉ်ကြည့်လိုက်ရင် ကိုယ့်ကိုယ်ကို ဘယ်နေရာမှာ ရောက်နေတယ်လို့ မြင်လဲ။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… ဒီမေးခွန်းလေးတွေက ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးတွေကို ပိုမိုကောင်းမွန်စေပြီး ယုံကြည်မှုတွေကို တိုးပွားစေနိုင်ပါတယ်။ တစ်ယောက်ရဲ့ လိုအပ်ချက်၊ ဆန္ဒတွေကို တစ်ယောက်က သိရှိပြီး ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဒါကြောင့် ဒီမေးခွန်းလေးတွေ မမေးရသေးဘူးဆိုရင် ချစ်သူကို mention ခေါ်ပြီး ချက်ချင်းပဲ မေးလိုက်ပါနော်။ SHARE ဖို့လည်း မမေ့နဲ့နော်။