အသက်အရွယ်အလိုက် အဟာရဓါတ် ညီညွတ်စွာ စားသုံးနိုင်စေဖို့

0
320

ကျန်းမာတဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဆိုရင် သင့်တင့်မျှတတဲ့ အဟာရဓါတ်ရှိဖို့ သိပ်ကို အရေးကြီးပါတယ်။ သို့ပေမယ့်လည်း အသက်အရွယ် အလိုက် ဇီဝ ဖြစ်စဉ်တွေကလည်း ပြောင်းလဲနေတတ်တာမို့ ဒီလိုမျှတတဲ့ အစားအသောက်တွေကို မိမိ အသက်အရွယ် အပေါ် မူတည်ပြီး ရွေးချယ် စားသုံးလို့ ရအောင် အောက်ဖက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသက် (၂ဝ) နဲ့ (၃ဝ) ကြား

ဒီအသက်အရွယ်မှာ အရိုးတွေက သန်မာဆဲ ဖြစ်တာမို့ နို့ထွက် အစားအသောက်တွေ အများကြီး စားသုံးဖို့ မလိုသေးပါဘူး။ ဒီအသက်အရွယ်မှာ အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းကြီး စနစ်တကျ လိုက်နာ ကျင့်သုံးစရာ မလိုသေးပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာဓါတ်လေးတွေကို မျှတစွာ စားသုံး ရုံနဲ့လုံလောက်ပါတယ်။ အရက်သေစာ သောက်စားခြင်း ကိုတော့ အထူး ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါတယ်။ လက်သည်း၊ အရေပြားနဲ့ ဆံသားတွေကို အများဆုံး ထိခိုက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

၂။ အသက် (၃ဝ) နဲ့ (၄ဝ) ကြား

ဒီအရွယ်မှာတော့ အဟာရဓါတ် ချို့တဲ့တာတို့ ၊ ပင်ပန်းနွမ်းနွယ်တာတို့ ဖြစ်တတ်တာကြောင့် ကော်ဖီတွေ သောက်မယ့်အစား ပန်းသီး၊ ဇီးချိုသီး၊ နောက်ပြီး ကစီ ဓါတ်ပါတဲ့ အစားအသောက် စတာလေးတွေ စားသုံးပေးသင့်ပါတယ်။ သကြားဓါတ်တွေ အလွန်အကျွံ စားသုံးတာမျိုး မပြုလုပ်မိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဆီပါဝင်တဲ့ အစားအသောက်တွေ ကိုလည်း တက်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အသက် (၄ဝ) နဲ့ (၅ဝ) ကြား

ဒီအရွယ်မှာ သွေးအားနည်းရောဂါတွေ စတင် ဖြစ်ပွားတတ်တာကြောင့် အသားနီတွေကို များများ စားသုံးပေးဖို့ လိုပါတယ်။ ဒါ့အပြင် အနီရောင်ရှိတဲ့ အသီးနဲ့ လတ်ဆတ်တဲ့ သီးနှံတွေကတော့ ဒီ (၄ဝ)နဲ့ (၅ဝ) သက်တမ်း ကြားမှာရှိတဲ့ သူတွေနဲ့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ အချိုကတော့ မဖြစ်မနေကို ရှောင်ရမှာ ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကယ်လိုရီ ချေဖျက်မှုနှုန်းအားနည်းတာကြောင့် အချိုတအားစားတာနဲ့ အမျှ ဝိတ်တွေ တက်လာနိုင်ပါတယ်။

၎။ အသက် (၅ဝ) နဲ့ (၆ဝ) ကြား

ဒီအသက်အရွယ် ရောက်ရင်တော့ ရေဓါတ်ဆုံးရှုံးမှုအတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီအရွယ်မှာဆို ကိုယ်ခံအားတွေလည်း တစ်ဖြည်းဖြည်းနဲ့ လျော့နည်းလာနေပါပြီ။ ဒါကြောင့် လတ်ဆတ်တဲ့ အသားငါးတွေနဲ့ အသီးအနှံတွေကို စားသုံးပေးဖို့ လိုပါတယ်။ အသင့်စီမံထားတဲ့ စီသွပ်ဘူး၊ အသင့်စားခေါက်ဆွဲခြောက် စတာတွေကို တတ်နိုင်သမျှ ရှောင် ကြဉ်ပေးဖို့ လိုအပ်ပါတယ်။

.၅။ အသက် (၇ဝ) ဝန်းကျင်

ဒီအရွယ်မှာတော့ လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့၊ အသားဓါတ်အနေနဲ့ ကတော့ ငါးနဲ့ ကြက်သားကို အဓိကထား စားသုံးပေးသင့်ပါတယ်။ အရေးကြီးတာက ရေများ များသောက်သုံးပေးဖို့ပါ။

အထက်ပါ အချက်တွေကိုသာ ဂရုတစိုက်နဲ့ လိုက်နာမယ်ဆို အရွယ် သုံးပါးမရွေး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တမဟုတ်ချင်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

Leave a Reply