ဘဝကို အရိုးရှင်းဆုံး ဖြတ်သန်းဖို့

1
1116
Photo Credit: pixabay.com

၁။ ကိုယ့်ကို စိတ်ညစ်စေမယ့်အရာတွေကို အပြီးသတ် ထွက်ခွာခွင့် ပေးလိုက်ပါ။

၂။ အလုပ်မှာရှိတဲ့ စိတ်ရှုပ်စရာတွေကို အလုပ်မှာပဲ ထားခဲ့လိုက်ပါ

၃။ အမှန်တရားကို ချစ်မြတ်နိုးပါ။

၎။ ငြင်းပယ်ရမယ့် အခြေအနေတွေမှာ ငြင်းပယ်တတ်ပါ။

၅။ နားလည်မှုရှိရှိ နားထောင်တတ်ပါ။

၆။ လိုအပ်လျှင် အကူညီတောင်းပါ။

၇။ လိုချင်တပ်မက်မှု တတ်နိုင်သမျှ လျှော့ချပါ။

၈။ အတိတ်ကို ပြန်လည် လွမ်းဆွတ်မနေပါနဲ့။

၉။ အခြားသူတွေရဲ့အမှားတွေကနေ သင်ယူလိုက်ပါ။

၁၀။ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ပါ။

၁၁။ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတွေကို လျစ်လျူရှုလိုက်ပါ။

၁၂။ အရိုးရှင်းဆုံးနဲ့ အမှန်ကန်ဆုံး နည်းလမ်းများကို ရွေးချယ်လုပ်ဆောင်ပါ။

၁၃။ အမြဲတမ်း အနိုင်ရနေဖို့ မမျှော်လင့်ပါနဲ့

၁၄။ အရေးတကြီး ဖြစ်လာနိုင်တဲ့ အခြေနေတွေအတွက် ကြိုတင်ပြင်ဆင်မှုရှိပါ။

၁၅။ ကိုယ်မှားခဲ့ရင် တောင်းပန်ဖို့ ဝန်မလေးပါနဲ့။

၁၆။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ရိုးသားပါ။

၁၇။ ရောင့်ရဲခြင်းနဲ့ မွေ့လျော်တတ်ပါ။

၁၈။ ဘယ်လောက်ကြီးမားတဲ့ ပြသနာပဲ ဖြစ်ပါစေ ရင်ဆိုင်လိုက်ပါ။

၁၉။ ဝမ်းနည်းဖွယ်ရာ အဖြစ်ပျက်တွေကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

၂၀။ ပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်မထားပါနဲ့။

၂၁။ လူတိုင်းမှားခွင့်ရှိပါတယ်။ ဒါပေမဲ့ မှားသမျှ သင်ယူတတ်ပါ။

၂၂။ ဘာမှမပြောရသေးခင် သေချာစဉ်းစားလိုက်ပါ။

၂၃။ အရေးတကြီး လုပ်ဆောင်သင့်သည်များကို ဦးစားပေးဆောင်ရွက်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြိုက်ရင် SHARE။

1 COMMENT

Comments are closed.