သင့်ကလေးတွေ သင့်ဆီက မျှော်လင့်နေတဲ့ တစ်ခုတည်းသောအရာ

0
619

ကလေးတွေက သူတို့အပေါ် မိဘတွေ ဂရုတစိုက် ရှိကြတာကို တောင့်တတတ်ကြပါတယ်။ ဒါပေမယ့် နည်းပညာတွေ တိုးတက်လာခြင်းက အဲ့ဒီအတွက် အနှောင့်အယှက်တစ်ခု ဖြစ်လာပါတယ်။ iPhonesSamsungs စတဲ့ Smart Phone တွေရဲ့ ဆွဲဆောင်မှုတွေ၊ Internet အသုံးပြုမှု မြင့်မားလာတာတွေ၊ လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook တို့ Instagram တို့ ပေါ်ပေါက်လာတာတွေက relationship တွေကို တစ်ဖြည်းဖြည်း အေးစက်လာစေပါတယ်။

အခုခေတ်မှာ လူတွေဟာ နေ့ထူးနေ့မြတ်တွေမှာတောင် လူချင်းတွေ့ပြီး စကားပြောတာတွေ၊ မွေးနေ့ဆုတောင်းပေးတာတွေကို မလုပ်ကြတော့ပါဘူး။ သူတို့ဟာ SMS ပို့ပြီးပြောတာ၊ Facebook wall ပေါ်မှာ သွားဆုတောင်းပေးတာတွေကိုပဲ ပေါ့ပေါ့တန်တန် လုပ်တတ်ကြပါတော့တယ်။ ဒီနည်းပညာ ပစ္စည်းတွေနဲ့ပဲ အချိန်တွေ ကုန်နေတတ်တာကြောင့် မိဘတွေဟာ ကလေးတွေကို အချိန်ပေးဖို့ ပိုပြီး ခက်ခဲ လာပါတော့တယ်။

လူမှုကွန်ယက်တွေ ခေတ်မစားခင်ကဆိုရင် အားလပ်ချိန်လေးတွေကို ကလေးတွေနဲ့ပဲ ကုန်ဆုံးတတ်ကြတယ်။ သူတို့ကို စာသင်ပေးတယ်။ အတူတူ ကစားပေးတယ်။ သူတို့ စိတ်ထဲက အကြောင်းအရာလေးတွေကို နားထောင်ပေးတယ်။ အခုခေတ်မှာတော့ ခေတ်မီပစ္စည်းတွေက အချိန်တိုင်း လွှမ်းမိုးထားတာကြောင့် ကလေးတွေအတွက် ပေးဖို့ အချိန်ပို ဆိုတာ မရှိသလောက်ပါပဲ။ သင့်ကလေးတွေ သင့်ဆီက မျှော်လင့်နေတဲ့ တစ်ခုတည်းသောအရာ

ကလေးတွေကို အချိန်ပေးတယ် ဆိုတာက သူတို့ ကြိုက်တဲ့ ရုပ်ရှင်လိုက်ပြတာ၊ သူတို့ စားချင်တဲ့ ဆိုင်ကို လိုက်ကျွေးတာ လောက်ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ စစ်မှန်ပြီး အရာရောက်တဲ့ အချိန်ပေးခြင်းမျိုးဖြစ်ဖို့လိုအပ်ပါတယ်။

တန်ဖိုးရှိတဲ့ အချိန်တွေကို အဆုံးရှုံးမခံဘဲ အဖိုးမဖြတ်နိုင်တဲ့ ဘဝရဲ့ အတွေ့အကြုံတွေကို သင့်ကလေးတွေဆီ ဝေမျှပေးလိုက်ပါ။

သူတို့အရွယ်ရောက်လာပြီး သင့်လို အလုပ်တွေ ရှုပ်လာတဲ့ အချိန်မှ ဆိုရင်တော့ အရမ်းကို နောက်ကျသွားပါလိမ့်မယ်။

xသဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။