ခရက်ဒစ်(Credit)ကောင်းကောင်းပေးခြင်းဖြင့် နိုင်ငံကြီးသားပီသစွာ ဖေ့ဘုတ်သုံးကြပါစို့။

0
767

လူတိုင်းဖေ့ဘုတ်သုံးစွဲနေကြတဲ့ ယနေ့ခေတ်ကြီးမှာ မိမိတို့ဝေါလ်ပေါ် ကော်ပီကူးယူတင်မယ့် စာတွေ၊ ပုံတွေအတွက် မူလစာမျက်နှာ၊ ဒါမှမဟုတ် ဖန်တီးသူကို ခရက်ဒစ်ကောင်းကောင်းပေးဖို့က လည်း မဖြစ်မနေသိထားသင့်တဲ့ကိစ္စတစ်ခုဖြစ်နေပါပြီ။ တွေ့မြင်နေရတာအများစုက တခြားသူရဲ့ Page ပေါ်က စာတွေ၊ ပုံတွေကို တစ်ပုဒ်လုံးဖြစ်ဖြစ်၊ တစ်ပိုင်းတစ်စဖြစ်ဖြစ် ယူတင်ပြီးရင် အောက်မှာ ခရက်ဒစ် (#Credit) ဆိုတဲ့ အမှတ်အသားပဲ လွယ်လွယ်ထည့်လိုက်ကြပြီး နာမည်တောင်မဖော်ပြကြ တော့ပါဘူး။ ဒါနဲ့တင်လုံလောက်ပြီလို့ လွဲမှားစွာထင်မြင်ယူဆထားကြတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖေ့ဘုတ်သုံးစွဲသူတိုင်းသိထားသင့်တဲ့ ခရက်ဒစ်ပေးနည်းလေးတွေကို ဂန္ထ ဝင်စာချစ်သူတို့အတွက် ဗဟုသုတအနေနဲ့ ရေးသားတင်ဆက်လိုက်ပါတယ်နော်။

၁။ #Credit ဆိုပြီး ခရက်ဒစ်သက်သက်ပေးခြင်းဆိုတာ သူတပါးစာကို ခိုးယူတာမဟုတ်ဘူးလို့ ပြောနိုင် ရုံအဓိပ္ပာယ်ပဲဖြစ်ပြီး မူပိုင်ခွင့်ဥပဒေချိုးဖောက်ခြင်းကတော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် နောက် ကြောင်းအေးအေးနဲ့ စိတ်ချလက်ချအသုံးပြုချင်ရင် မူရင်းစာမျက်နှာ၊ ဒါမှမဟုတ် မူရင်းဖန်တီးသူကို သေသေချာချာ ခရက်ဒစ်ပေးပါ။ Link ထည့်သွင်းပြီး ဖော်ပြပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ မိမိယူသုံးမယ့်စာတွေ၊ ပုံတွေမှာ မူပိုင်ခွင့်သတိပေးချက်မတွေ့ရင်လည်း ခရက်ဒစ်ပေးပြီးမှသာ ယူ သုံးပါ။ ဘာကြောင့်လဲဆိုတော့ မူပိုင်ခွင့်သတိပေးချက်တွေက ရှိနေပြီးသားမို့ပါ။

၃။ မူရင်းပို့စ်ရဲ့ အစိတ်အပိုင်းသေးသေးလေးကိုပဲ ယူသုံးရင်လည်း ဘယ်စာကိုကိုးကားကြောင်း၊ မှီငြမ်း ကြောင်း ခရက်ဒစ်ကောင်းကောင်းပေးပါ။

၎။ အများမြင်သာအောင်တင်ထားတဲ့ ပို့စ်တွေကိုလည်း ခွင့်ပြုချက်တောင်းခံပြီးမှသာ ယူသုံးပါ။

၅။ စာတွေ၊ ပုံတွေအရင်ယူသုံးပြီးမှ ခရက်ဒစ်ပေးတာမျိုးကို ရှောင်ပါ။

၆။ စီးပွားရေးအတွက် ယူသုံးမှသာ ခရက်ဒစ်ပေးရမှာမဟုတ်ပါဘူး။ မိမိဝေါလ်ပေါ် ယူသုံးရင်လည်း မူ လဖန်တီးသူကို ခရက်ဒစ်ကောင်းကောင်းပေးပါ။

တကယ်တော့ သူတစ်ဖက်သားရဲ့ဖန်တီးတီထွင်မှုတိုင်းမှာ ရင်းနှီးမြုပ်နှံအားထုတ်လိုက်ရတဲ့ ခွန်အားတွေ၊ အချိန်တွေ၊ ဦးနှောက်တွေ၊ ခက်ခဲပင်ပန်းမှုတွေ၊ ငွေကြေးတွေရှိနိုင်ကြတာမို့ ဘယ်လို အ ခြေအနေမျိုးနဲ့ပဲ ကူးယူဖော်ပြပါစေ။ မူရင်းဖန်တီးရှင်၊ ဒါမှမဟုတ် မူရင်း Page ကို လေးလေးစားစားနဲ့ ခရက်ဒစ်ကောင်းကောင်း ပေးသင့်တာအမှန်ပါပဲ။ တကယ်လို့ အဆင့်ဆင့်ကူးယူလာတဲ့အတွက် မူရင်း ပိုင်ရှင်ကို မသိတော့ရင်တောင် အနည်းဆုံးမိမိယူလာသူအမည်ကို ဖော်ပြပြီး တဆင့်ယူလာကြောင်း ထည့်သွင်းဖော်ပြတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါဟာ တစ်ဖက်သားရဲ့ဖန်တီးမှုကို အလေးထားရာ ရောက်တဲ့အပြင် မိမိကိုယ်တိုင်ရဲ့နိုင်ငံကြီးသားပီသမှုကိုလည်း တည်ဆောက်ရာရောက်ပြီး မူပိုင်ခွင့်ဥပ ဒေကနေလည်း ကင်းလွတ်စေပါတယ်။ ဒါကြောင့် မှန်ကန်စွာခရက်ဒစ်ပေးခြင်းဖြင့် ဖေ့ဘုတ်ကို ပျော် ပျော်ရွှင်ရွှင်အသုံးပြုကြပါစို့နော်။
လူတိုင်းသိထားသင့်တဲ့အချက်လေးတွေမို့ တခြားသူတွေပါဖတ်ရအောင် SHARE လိုက်ပါဦး နော်။