သားသားမီးမီးတွေကို အသက်ဘယ်လောက်ကွာခြားပြီး မွေးသင့်သလဲ။

0
744

လူအတော်များများက ထမင်းစားချိန်နဲ့ ရေချိုးချိန်ကြားမှာ မိနစ် ၃ဝ လောက်ခြားသင့်တယ်၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို အနည်းဆုံးတစ်ပတ်တစ်ခါလောက် အပြင်ထွက် လမ်းလျှောက်ပေးသင့် တယ်။ သွားဆရာဝန်ဆီ တစ်နှစ်ကို နှစ်ကြိမ်သွားပြသင့်တယ်ဆိုတာမျိုးကိုတော့ သိကြပါတယ်။ ဒါပေ မဲ့ သားသမီးတွေမွေးဖွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အသက်အရွယ် ဘယ်လောက် ကွာခြားပြီး မွေးသင့်တယ်ဆိုတာကိုတော့ မသိကြတဲ့သူတွေများပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်း ကောက်ချက်အမျိုးမျိုးချကြပါတယ်။ တချို့က သားသမီးတွေ ဆက်တိုက်ယူတာက မိဘတွေပိုပင်ပန်းတယ်လို့ ဆိုကြပါတယ်။ တချို့ကတော့ တစ်ခါ တည်းဆက်တိုက်ပြုစုပျိုးထောင်ပြီးရင် နောက်ထပ်အချိန်ပေးစရာမလိုတော့ဘူးလို့ ယူဆကြပါတယ်။ တချို့ကတော့ ကလေးတွေကို အသက်တော်တော်ကွာခြားပြီး ယူတာက ကလေးအကြီးက အငယ် တွေကို ပြန်ထိန်းကျောင်းကူနိုင်တယ်လို့ မြင်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လေ့လာသုံးသပ်တဲ့ပညာရှင်တွေကတော့ “ ပထမကလေးမွေးပြီး ၁၈ လမှ ၂၃ လအတွင်း နောက်တစ်ယောက်ယူတာက ကလေးအတွက်ကော မိခင်အတွက်ပါ ကျန်းမာရေးကောင်းစေပါတယ်။ အဲ့ဒီထက်စောလွန်းရင် မကောင်းဘူး ”လို့ ဆိုကြပါတယ်။

၂ နှစ်နဲ့ ၄ နှစ်ကွာဟတဲ့ကလေးတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှုအများဆုံး လို့ဆိုကြပါတယ်။ အသက်အရွယ်ကွာဟချက် ၁၈ လထက်နည်းတာနဲ့ ၅ နှစ်ထက်များရင်တော့ တစ် ယောက်နဲ့တစ်ယောက်ကြားက မနာလိုမှုတွေ လျော့နည်းစေတယ်လို့ တွေ့ရှိရပါတယ်။ အကယ်၍ မိခင်အနေနဲ့ရွေးချယ်ခွင့်ရှိရင်တော့ ရှေ့ကကလေး မူကြိုတက်ချိန်၊ ဒါမှမဟုတ် ကျောင်းထားချိန်အထိ စောင့်တာက ကလေးတစ်ယောက်ချင်းစီကို သေချာအချိန်ပေးနိုင်သလို မိခင်အနေနဲ့လည်း မလိုအပ် တဲ့ ဖိအားတွေကို မခံစားရတော့ပါဘူး။

အသက်အရွယ်ကွာဟရင်တော့ အကျိုးကျေးဇူးကောင်းတွေ အများကြီးရှိပါတယ်။ ကလေး အကြီးက အငယ်တွေအတွက် တာဝန်ယူတတ်တဲ့အကျင့်ကို သင်ယူတတ်သွားသလို အငယ်တွေ အ နေနဲ့လည်း မိဘတွေရဲ့အလုံးစုံဂရုစိုက်မှုအပြင် အစ်ကိုအစ်မတွေနဲ့ အတူကစားခွင့်၊ အဖော်ပြုကစား ခွင့်တွေကိုလည်း ရရှိနိုင်ပါတယ်။ မိဘဆီက အာရုံစိုက်ခံရဖို့ ပြိုင်ဆိုင်နေစရာလည်း မလိုတဲ့အတွက် မောင်နှမချင်းလည်း ချစ်ချစ်ခင်ခင်ရှိမှာဖြစ်ပါတယ်။

သိမှတ်ဖွယ်ရာဗဟုသုတလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။