မိခင်ဖြစ်ရခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးကျေးဇူးများ

0
1858

ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးပြီးစဉ်ကာလတွေမှာဆိုရင် အိပ်ရေးတွေပျက်တယ်၊ အစားတွေမမှန်ဘူး၊ ခန္ဓာကိုယ်ကိုအလေးချိန်ကိုလည်း ပြန်ထိန်းရတာတွေဆိုတာ ကြုံရတာပါပဲ။ ဒါပေမယ့် ပိုမိုကြီးမားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ကိုလည်း ခံစားရမှာဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ များပြားတဲ့ အကျိုးခံစားခွင့်တွေကတော့…..

ပုံမှန်လိုက်စားလာသော ကျန်းမာရေး

ကိုယ်ဝန်ဆောင်ခြင်းက အမျိုးသမီးတော်တော်များများကို မကောင်းတဲ့ အလေ့အထတွေကို ပြုပြင်ပြီးကျန်းမာရေးကို အထူးဂရုစိုက်လာစေပါတယ်။ ကျွမ်းကျင်သူတွေက ဘာပြောလဲဆိုရင် ကိုယ်ဝန်ဆောင်ခြင်းက ဆေးလိပ်ဖြတ်ခြင်းအတွက် အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပဲတဲ့။ ဒီလိုပြောင်းလဲလာတဲ့ အလေ့အထတွေက ကျန်းမာစွာနေထိုင်ခြင်းအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းများ လျော့နည်းလာခြင်း

ကလေးမွေးပြီးချိန်တွင် အမျိုးသမီးတော်တော်များများဟာ ရာသီလာချိန် နာကျင်ကိုက်ခဲခြင်းများ လျော့နည်းသွားတာကို တွေ့ရမှာပါ။ ဆရာဝန်တွေကလည်းဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတာကို အဖြေမထုတ်နိုင်ကြပါဘူး။ ရိုးရိုးမွေးတဲ့မိခင်တွေက ခွဲမွေးတဲ့မိခင်တွေထက် ပိုပြီး ဝေဒနာများသက်သာလာကြပါတယ်။

ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်များအရ နို့ချိုတိုက်ကျွေးခြင်းက ရင်သားကင်ဆာဖြစ်စေနိုင်ခြင်းကို လျှော့ချပေးပါတယ် လို့သိရပါတယ်။ ကိုယ်ဝန်ဆောင်ရခြင်းက ‘မ’ ဟော်မုန်းများဖြစ်တဲ့ estrogen နှင့် progesterone ထုတ်လုပ်မှုကို ကန့်သတ်ထားစေပါတယ်။ ဒီဟော်မုန်းတွေက ရင်သားကင်ဆာဖြစ်ပေါ်မှုကို တိုးပွားစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်နှင့် နို့ချိုတိုက်ကျွေးစဉ်ကာလမှာ ရင်သားရှိဆဲလ်တွေက ကင်ဆာအဖြစ် ပြောင်းလဲမသွားစေရန်ခံနိုင်ရည်ရှိသော ဆဲလ်များအဖြစ် ပြောင်းလဲကြပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေက အသက် (၃၀) အရွယ်နားနီးကပ်လာမယ်ဆိုရင်တော့ နည်းပါးသွားမှာဖြစ်ပါတယ်။ ဒီကျေးဇူးတင်မကပါဘူး ကိုယ်ဝန်ဆောင်စဉ်နှင့် နို့ချိုတိုက်ကျွေးစဉ်ကာလတွင် ဖြစ်ပေါ်သော ဟော်မုန်းအပြောင်းအလဲများက သားအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ကို နေ့စေ့လစေ့လွယ်လေ မိခင်များအတွက် အကျိုးများလေပါပဲ။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကောင်းမွန်လာသော နှလုံးကျန်းမာရေး

လေ့လာတွေ့ရှိချက်များအရ ကလေး(၄)ယောက်သို့မဟုတ် ၄ယောက်ထက်ပိုပြီး မွေးထားသော အမျိုးသမီးများသည် ကလေးမမွေးသော၊ ကလေး(၂)ယောက်(၃)ယောက်သာရှိသော အမျိုးသမီးများထက်နှစ်ဆပိုပြီး နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးမှုနည်းပါးပါတယ်လို့ သိရပါတယ်။ ကလေးတစ်ယောက်ကို (၇)လထိ နို့တိုက်ကျွေးခြင်းသည် နှလုံးရာဂါများကို ကာကွယ်နိုင်သလို ဆီးချိုနှင့် သွေးတိုးရောဂါများဖြစ်ခြင်းကိုလည်း နည်းပါးစေပါတယ်။

အာရုံခံစားမများ မြင့်တက်လာခြင်း

ကိုယ်ဝန်ဆောင်ခြင်းက အရသာခံနိုင်ခြင်းနှင့် အနံ့ခံခြင်းစွမ်းရည်ကို ပိုမို ကောင်းမွန်စေပါတယ်။ ဒါကြောင့်လဲ ကိုယ်ဝန်လွယ်ကာစဆိုရင် မူးတာဝေတာတွေရှိပြီး၊ နောက်မှ နေသားကျလာပါတယ်၊ အစားစားရင်လည်း ပိုပြီးအရသာရှိလာကြပါတယ်။

ပြောင်းလဲလာသော စိတ်နေသဘောထား

ကလေးမွေးဖွားပြီး မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် မေတ္တာစိတ်တွေ ပျော်ရွှင်စိတ်တွေ အခြားကောင်းတဲ့ ခံစားချက်တွေအားလုံးက ကိုယ့်ရဲ့သားလေး၊သမီးလေးကိုကြည့်တိုင်းမြင်တိုင်း ဖြစ်ပေါ်နေမှာပါ။ ကလေးရှိတဲ့အိမ်ထောင်သည်အမျိုးသမီးတွေက ကလေးမယူသူများထက်ပိုပြီး စိတ်ဓာတ်ကြံခိုင် တယ်လို့လည်းလေ့လာတွေ့ရှိရပါတယ်။ ဒီအကျိုးကျေးဇူးလေးက မိခင်ဖြစ်နေရတဲ့တစ်လျှောက်လုံး ဆက်လက်တည်ရှိသွားမှာပါ။ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေက ဘယ်တော့မှ မရပ်တန့်သွားကြဘူးလေ။

အတွေးအခေါ်များကို  မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။