မိန်းကလေးတွေ မိတ်ကပ်လိမ်းတိုင်း အခက်တွေ့နေကျ ၇ ခု

blank

မိန်းကလေးတွေနဲ့ အလှပြင်ခြင်းဆိုတာကတော့ ခွဲခြားလို့မရပါဘူးနော်။ ဒါကြောင့် အခုဖော်ပြမယ့်အ ခက်တွေ့စရာလေးတွေကိုလည်း တစ်ခါမဟုတ်တစ်ခါကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဘယ်အချက်လေးတွေလဲ ဆိုတာကိုတော့ ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ မျက်လုံးခြယ်သတာ မညီခြင်း။

မိတ်ကပ်လိမ်းရာမှာ အချိန်အကုန်ဆုံး၊ အခက်ဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးက မျက်လုံးခြယ်သ တာပါပဲ။ အထူးသဖြင့် ပထမတစ်ဖက်ကိုခြယ်လိုက်တာသိပ်လှနေရင် နောက်တစ်ဖက်ကို အဲ့ဒီအတိုင်းညီအောင် ခြယ်သဖို့ မလွယ်တော့ပါဘူး။

၂။ မျက်မှန်သမားတွေ မိတ်ကပ်လိမ်းခြင်း။

မျက်မှန်တပ်ပြီးလည်း လိမ်းမရ၊ မျက်ကပ်မှန်လည်းတပ်မထားဘူးဆိုရင် ရွာလည်တော့တာပါပဲ။ သေ ချာကြိုးစားလိမ်းခြယ်ထားပေမဲ့ မျက်မှန်တပ်ပြီး ပြန်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့ မိတ်ကပ်က တစ်မျိုးဖြစ်နေ တာကို ကြုံဖူးကြမှာပါနော်။

၃။ အဟားခံရခြင်း။

လိမ်းလိုက်တဲ့ မိတ်ကပ်က ထူလွန်းသွားတာဖြစ်ဖြစ်၊ ပါးလွန်းတာဖြစ်ဖြစ် ဝေဖန်ခံရပါတယ်။ မက်စ်ကာ ရာလိမ်းချိန် အလိုလိုနှုတ်ခမ်းဟထားမိတဲ့အကျင့်ကလည်း ယောက်ျားလေးတွေအတွက်တော့ ဟာသပါ။

၎။ မိတ်ကပ်ကုန်လွယ်ခြင်း။

လူတိုင်းမှာ ကိုယ်နဲ့တည့်တဲ့မိတ်ကပ်ရှိကြပါတယ်။ ဈေးသက်သာပြီး ဈေးကွက်ထဲ အမြဲရှိနေတဲ့မိတ်ကပ် ဆိုရင်သိပ်ကိစ္စမရှိပေမဲ့ ဈေးကွက်ထဲမကြာခဏပစ္စည်းပြတ်တဲ့၊ ဝယ်ရခက်တဲ့မိတ်ကပ်ဆိုရင် ပိုမြန်မြန်ကုန်လွယ် သလိုပါပဲ။ သုံးနေကျမိတ်ကပ်ဝယ်မရတာကလည်း မိန်းကလေးတွေအတွက်တော့ အခက်တွေ့ရတဲ့ကိစ္စပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ မိတ်ကပ်တာရှည်မခံခြင်း။

လိမ်းခါစကတော့ မိတ်ကပ်တိုင်းက လှသလိုပါပဲ။ ဒါပေမဲ့ ကိုယ်သွားမယ့်ပွဲရောက်မှ မိတ်ကပ်က မလှ တော့သလို နှုတ်ခမ်းနီကလည်း အရောင်ပြယ်နေပါပြီ။ မျက်လုံးပေါ်က လိုင်နာတွေလည်း ပျံ့နေပါပြီ။

၆။ မက်စ်ကာရာလိမ်းပြီးစမှာ နှာချေချင်တာကို အောင့်ထားရခြင်း။

ဆေးမခြောက်ခင် မျက်လုံးတွေကို အားရပါးရပိတ်ပြီးနှာချေလိုက်လို့ကတော့ မျက်ရည်တွေနဲ့ မျက်နှာတစ်ခုလုံးကို အနက်ရောင်လိမ်းပေးလိုက်သလို ဖြစ်သွားမှာပါ။

၇။ မိတ်ကပ်တွေ ပွအောင်လုပ်မိခြင်း

အလှပြင်ထားတာကိုမေ့ပြီး မျက်နှာကို ပွတ်လိုက်မိပြီဆိုရင်တော့ မိတ်ကပ်တွေပုံပျက်ပြီး ရယ်စရာဖြစ် သွားတော့မှာပါ။
ကဲ… စာချစ်သူလေးတို့ကော မိတ်ကပ်လိမ်းတဲ့အခါ ကြုံဖူးတဲ့ အခက်တွေ့စရာလေးတွေရှိလား။ ရှိရင် မျှဝေခဲ့ပါဦးနော်။