ပုံမှန်ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်သူ ဘာဘီရုပ်အသစ်လေး

blank

ကျွန်မတို့မိန်းကလေးတိုင်းလိုလိုဟာ ဘိုမရုပ်လေးတွေဆော့ကစားတဲ့ ကလေးဘဝကနေ ဖြတ်သန်းကြီးပြင်းလာခဲ့ကြတာပဲ။ သူတို့ရဲ့ထူးကဲလှပတဲ့ပုံပန်းသဏ္ဍာန်၊ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးတွေ၊ ကောက်ကြောင်းလှလှလေးတွေ၊ လည်တိုင်ရှည်လေးတွေက သွယ်လျလှပလွန်းတော့ သူတို့ကိုကြည့်ပြီး ကျွန်မတို့ကိုယ်ပိုင် ခန္ဓာကိုယ်အချိုးအစားပေါ် သံသယလေးတွေ ရှိခဲ့ကြတယ်လေ။ တကယ်စဉ်းစားမယ်ဆိုရင် မယုံကြည်နိုင်လောက်အောင် ပိန်ပါးသေးသွယ်တဲ့ အချိုးအစား ရရှိလိုစိတ်တွေလွှမ်းမိုးပြီး ကျန်းမာရေးထိခိုက်စေမယ့် ဝိတ်ချတာတွေကို ပြုလုပ်နေမိတာတွေက ဒါတွေကြောင့်လားမသိဘူးနော်။ ကျွန်မတို့ကလေးတွေ ကစားနေတဲ့ ဘာဘီရုပ်လေးတွေက လက်တွေ့မှာ ယုတ္တိရှိနိုင်လို့လား။ စဉ်းစားကြည့်ပါ။ ကျွန်မတို့တွေ၊  ဘာဘီအရုပ်လေးကို မြင်တဲ့အခါ အရုပ်တစ်ရုပ်မြင်တာထက် ပိုပြီး အခြားအတွေးတွေလည်းဝင်နေတတ်တယ်လေ။ ဘာဘီရုပ်လေးတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို ကျွန်မတို့အားကျနေချိန်မှာပဲ သူတို့ရဲ့နာမည်ကြီးပြီး ယုတ္တိမဆန်တဲ့ ခန္ဓာကိုအချိုးအစားတွေကိုလည်း လိုချင်တောင့်တစိတ်လေးတွေ ပေါက်ဖွားနေမိတယ်။

ပစ်ဘက် (Pittsburgh)မြို့ရှိ ဒီဇိုင်နာ နီကိုလေး လန်းမ် (Nickolay Lamm)က ဘာဘီရုပ်၏ တကယ်မဖြစ်နိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို တုန့်ပြန်ဖို့ ပုံမှန်ခန္ဓာကိုယ်အရွယ်အစားရှိတဲ့ အရုပ်လေးတစ်ရုပ်ကို ဒီဇိုင်းပြုလုပ်ဖို့ လုံလောက်တဲ့ မတည်ငွေရရှိခဲ့ပါတယ်။ ပုံမှန်ဘာဘီရုပ်လေးဖြစ်တဲ့ လန်မလီကတော့ အရပ် (၅)ပေ (၄)လက်မနဲ့ ခါးဆိုဒ်(၃၃)လက်မရှိတဲ့  အသက် (၁၉)နှစ်အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ယေဘူယျ အချိုးအစားတွေကို ပိုင်ဆိုင်ထားသူလေးပေါ့။ သူ့လက်ဆွဲဆောင်ပုဒ်လေးက “ရိုးရိုးသာမန်လေးက လှပါတယ်” (Average is beautiful)တဲ့လေ။ လန်မလီက ဘာဘီအရုပ်လေးတွေထက် ခန္ဓာဗေဒအချိုးအစားတွေ ပိုပြီးမှန်ကန်ပါတယ်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လန်မလီအရုပ်ကို မိတ်ကပ်လည်း ပါးထားပါတယ်။ ပြီးတော့ သူ့ရဲ့အဆစ်တွေက ကွေးလို့ဆန့်လို့ ရပါတယ်။ သူက ဘာဘီအရုပ်လေးလို အရပ်လည်းမရှည်၊ ပိန်လည်းမပိန်ပေမယ့် ကျစ်လစ်ပြီး ကျန်းမာတောင့်တင်းတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်သူလေးပါ။ ဒါကလည်း ကျန်းမာစွာနေထိုင်နည်းစနစ်ကို အားပေးတဲ့သဘောလေးပါပဲ။ လန်မလီရဲ့ အသုံးအဆောင်လေးတွေကလည်း တကယ့်နေ့စဉ်ဘဝရဲ့ အသုံးအဆောင်လေးတွေကို ပုံစံငယ်များဖြင့် ထင်ဟပ်စေပါတယ်။ သူ့ရဲ့ အဝတ်လေးတွေကလည်း ကျွန်မတို့ဝယ်ဝတ်နေကျ အဝတ်လေးတွေလိုပဲ။ဒါပေမယ့် ဒီဇိုင်နာကတော့ လန်မလီအဝတ်ဒီဇိုင်းလေးကို ဖက်ရှင်ဒီဇိုင်းအမျိုးမျိုးနဲ့ ပူးပေါင်းပြီး ပြုလုပ်ဖို့ရှိပါတယ်။ ဒါမှလည်း အားလုံးအကြိုက်တွေ လိုက်နိုင်မှာဖြစ်လို့ပါ။ လန်မလီရဲ့ ဒီဇိုင်နာက ပုံမှန်မိန်းကလေးတစ်ယောက်ဟာ ပလတ်စတစ်အရုပ်ဖြစ်မယ်ဆိုရင် ဒီလိုပုံထွက်သင့်တယ်ဆိုတာကို နှိုင်ယှဉ်ပြသခဲ့ပါတယ်။

အရုပ်ဆံပင်ရဲ့ မူလအရောင်ကတော့ အညိုရောင်လေးပါ။ မိတ်ကပ်ကိုလည်း ပါးပါးပဲလိမ်းထားပါတယ်။

Lammily Doll
Lammily Doll

သူက ကျန်းမာသန်စွမ်းတဲ့ နေထိုင်မှုပုံစံလေးတွေကိုလည်း အားပေးပါတယ်။

Lammily Doll
Lammily Doll

အဆင့်မြင့်ထားတဲ့ ဒီဇိုင်းကတော့ သူ့ရဲ့ ခါးတွေ၊ ဒူးတွေ၊ တံတောင်ဆစ်တွေနဲ့ ခြေထောက်တွေကို လှုပ်ရှားလို့ရပါတယ်။

Lammily Doll
Lammily Doll

ဒါကြောင့် သူက အားကစားဖိနပ်ဖြစ်စေ၊ ဒေါက်မြင့်ဖိနပ်ဖြစ်စေ စီးနိုင်ပါတယ်။

Lammily Doll
Lammily Doll

အချို့ကတော့ မတည်ငွေရရှိဖို့ စည်းရုံးရေး ဆောင်ပုဒ် “ရိုးရိုးသာမန်လေးကလှပါတယ်”(Average is Beautiful) က ရိုးရိုးသာမန်လူနေမှုအဆင့်အတန်းတစ်ခု ဒါမှမဟုတ် လူနေမှုအဆင့်အတန်းသစ်တစ်ရပ်ကို ရည်ရွယ်ထားတာပါလို့ ဆိုကြပါတယ်။ ဒါပေမယ့် “ကျွန်တော်ကတော့ ရိုးရိုးသာမန်ဆိုတာ လူတိုင်းအားလုံးမှာပါဝင်တဲ့ ဂုဏ်သတ္တိလို့ မြင်ယောင်ပါတယ်။ အရှိကိုအရှိအတိုင်းနေခြင်းက အလှအပတစ်မျိုးပါ။ လက်တွေ့ဘဝဆိုတာလှပပါတယ်လို့ ကျွန်တော်ပြောပြချင်ပါတယ်။ ဒီအချက်ကိုထောက်ပြနိုင်တဲ့ အရုပ်လေးတွေလည်းရှိသင့်တယ်လေ။”လို့ နီကိုလေး လမ်း(Nicolay Lamm) ကပြောခဲ့ပါတယ်။ တကယ်တော့ လန်မလီအရုပ်လေးတွေက မရရှိနိုင်တဲ့ စိတ်ကူးတွေနဲ့ ဆွဲဆောင်နေတဲ့ ဒီကမ္ဘာမှာ အရှိကိုအရှိအတိုင်းနေခြင်းကို လှလှပပကြီး ကိုယ်စားပြုနေတဲ့ အရုပ်လေးတွေပေါ့။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။