ခရီးဆောင်အိတ်ပြင်ဆင်ဖို့အတွက် အကြံပြုချက်လေးများ

blank

၁။ တီရှပ်တွေကို ခေါက်ထည့်မယ့်အစား လိပ်ပြီးထည့်တာက ပိုပြီးတော့ ဝင်ဆံ့ပါတယ်။ အတွင်းခံအဝတ်အစားတွေကို တီရှပ်တွေနဲ့ လိပ်ပြီးသိမ်းတာက ရှာရလွယ်စေပြီး နေရာလည်း ကျုံ့စေပါတယ်။

၂။ ထီးသယ်မယ့်အစား မိုးကာအင်္ကျီသယ်သွားတာက ခရီးဆောင်အိတ်ကို နေရာကျုံ့စေပါတယ်။ မိုးမရွာပေမဲ့ ရာသီဥတုအေးလွန်းတယ်ဆိုရင်လည်း မိုးကာအင်္ကျီက အသုံးဝင်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အလှပြင်ပစ္စည်းတွေကို သယ်ရလွယ်ကူတဲ့ အရွယ်အစားတွေနဲ့ ဝယ်ထားပါ။ မိမိတကယ်နှစ်သက်ပြီး လိမ်းဖြစ်တဲ့အလှပြင်ပစ္စည်းတွေကလွဲရင် လိုမလား ဆိုတဲ့အတွေးနဲ့ အပိုတွေသယ်သွားတတ်တဲ့ အကျင့်ကိုပြင်ပါ။

၎။ မမ်မိုရီ စတစ်၊ စာအုပ်၊ ကလစ်၊ ခြေအိတ်၊ နေကာမျက်မှန် စတဲ့ပစ္စည်းသေးလေးလေးတွေကို ရှူးဖိနပ်၊ မိတ်ကပ်ဘူး၊ စတဲ့အရာတွေမှာ ထည့်ပြီး ယူသွားပါ။

၅။ ခရီးအတွက် လိုအပ်မယ့် ဆေးဝါးတွေကို ဆောင်သွားတာက အလေ့အကျင့်ကောင်းတစ်ခုပါ။ ဒါပေမဲ့အမှန်တကယ်လိုအပ်မယ့် ဆေးဝါးတွေလောက်ကိုသာသယ်သွားပါ။ မလိုအပ်ဘဲနဲ့ ဆေးသေတ္တာကြီးတစ်ခုလုံးကို သယ်မသွားပါနဲ့။

၆။ ခရီးစဉ်မှာ လက်ဆောင်ပစ္စည်းတွေဝယ်ဖို့ အိတ်မှာ နေရာလွတ်တွေ ထားမယ်ဆိုရင် နေရာလွတ်မှာ စက္ကူတွေ၊ ပလပ်စတစ်တွေ လိပ်ပြီးထည့်သွားပါ။ နေရာလွတ်တွေကြောင့် ခရီးဆောင်အိတ်ကို အပြောင်းအရွေ့လုပ်တဲ့အခါ အဝတ်အစားတွေကို တွန့်ကြေစေပါတယ်။

၇။ မိမိသွားမယ့်နေရာရဲ့ ရာသီဥတုအခြေအနေ၊ ရေမြေသဘာဝကို စဉ်းစားပြီး အမှန်တကယ်အသုံးလိုမယ့် အဝတ်အစားအသုံးအဆောင်တွေကို ချင့်ချန်ပြီး ယူသွားပါ။ လိုလိမ့်နိုးနိုးဆိုတဲ့ အတွေးနဲ့ မလိုတဲ့ပစ္စည်းတွေကို အလေးခံပြီး သယ်မသွားပါနဲ့။

အသုံးတည့်ခဲ့ရင် SHARE ပေးလိုက်ပါဦးနော်။