ငွေကုန်ကြေးကျမများဘဲ သက်ရှည်ကျန်းမာနုပျိုစေမယ့် ဆေး (သို့မဟုတ်) အောင်မဲညို

blank

စာချစ်သူတို့ရေ…။

ခရမ်းရောင်အပွင့်လေးတွေနဲ့ လိပ်ပြာလေးတွေလို ချစ်စရာကောင်းပြီး

ကျန်းမာရေးကောင်းကျိုးများစွာရှိနေတဲ့ အောင်မဲညိုလေး (butterfly pea) တွေကို

အခုနောက်ပိုင်း လူတိုင်းစိတ်ဝင်စားလာကြပါတယ်။ ဟိုးအရင်အချိန်မှာတုန်းက အမှုမဲ့အမှတ်မဲ့နေခဲ့ကြတဲ့  သိပ္ပံနာမည် (Centrosema virginianum) လို့ခေါ်တဲ့ အောင်မဲညို ဟာ နွယ်ပင်တစ်မျိုးဖြစ်ပြီး ကမ္ဘာအနှံ့မှာ သူ့ရဲ့ မျိုးစိတ်ပေါင်း ၄ဝကျော်ရှိပါတယ်။

အောင်မဲညိုရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဟိုးယခင်ကတည်းက သိခဲ့ကြတဲ့ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့ဟာ စိတ်ဖိစီးမှုနဲ့ ဆိုင်တဲ့ရောဂါတွေ အိပ်မပျော်ခြင်းတွေအတွက် ကုသဖို့အတွက် အောင်မဲညိုကို ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

အောင်မဲညိုမှာ…

  • အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးပြီး ဆံသားကိုကောင်းမွန်စေခြင်း၊ အရေပြားကိုချောမွေ့စေခြင်း၊ လက်သည်းတွေကို ခိုင်မာစေခြင်း စတဲ့ အစွမ်းသတ္တိတွေရရှိစေတဲ့ antioxidants ဓာတ်ပါဝင်တယ်။
  • အရေပြားရဲ့ ကျုံ့နိုင်စွမ်းကို ကူညီပေးတဲ့ anthocyanins ဓာတ်ပါဝင်တယ်။
  • ယောင်ယမ်းမှုတွေကို သက်သာစေတဲ့ အစွမ်းသတ္တိတွေပါဝင်တယ်။
  • ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေတယ်။
  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့ကျစေတယ်။
  • စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်တည်ငြိမ်စေတယ်။
  • အအေးမိခြင်း၊ ပန်းနာရင်ကြပ်ခြင်း စတဲ့ အဆုတ်ရောဂါတွေကို သက်သာစေတယ်။
  • အစာချေစနစ်ကို ကောင်းမွန်စေပြီး အူရှင်းပေးတယ်။
  • ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။
  • ဦးနှောက်စွမ်းအင်တွေကို မြှင့်တင်ပေးတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျန်းမာရေးအတွက် ကောင်းကျိုးပေါင်းများစွာရှိနေတဲ့ အောင်မဲညိုလေးတွေကို စိုက်ချင်တယ်ဆိုရင် အစေ့လေးတွေကို ရေနဲ့ ၂၄ နာရီကြာစိမ်ထားပြီး အရိပ်ရတဲ့ နေရာမှာ မြေအိုးလေးတွေနဲ့ စိုက်ထားပါ။ အညှောက်ထွက်လာတဲ့အခါမှာ ခြံထဲမှာ ချစိုက်ထားလည်းရပါတယ်။ မြေမရွေးတဲ့အတွက် သဲဆန်တဲ့မြေပဲဖြစ်ဖြစ် ရွှံ့မြေမှာပဲဖြစ်ဖြစ် စိုက်လို့ရပါတယ်။

အောင်မဲညိုဟာ စိုက်ရလွယ်ကူတဲ့အပြင် အချိန်ပေးဂရုစိုက်ဖို့လည်း မလိုပါဘူး။ ရေများများလောင်းဖို့ လိုပေမယ့် ရေမဝပ်အောင်တော့ သတိထားဖို့လိုပါတယ်။

သင်သိထားတဲ့ အောင်မဲညိုရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကိုလည်း comment box မှာ မျှဝေပေးခဲ့ပါဦး။